တိုကျို၊ ဖေဖော်ဝါရီ ၁၄

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသော အသက် ၈၀ ဝန်းကျင်အမျိုးသမီးနစ်ယောက်သေဆုံးခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ပြီးနောက်သေဆုံးခြင်းဖြစ်သော်လည်း ဗိုင်းရပ်စ်ကြောင့်သေဆုံးခြင်းဟုတ်၊ မဟုတ် အတည်မပြုနိုင်သေးကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီး ကုဆူနိုဘူ ကေတိုက ဖေဖော်ဝါရီ ၁၃ ရက်ကြညသပတေးနေ့တွင် အတည်ပြုသည်။

သေဆုံးသူအမျိုးသမီးမှာ ကာနာဂါဝါစီရင်စုတွင်နေထိုင်သူဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်တွင် ကူးစက်ခံရကြောင်းလက္ခဏာများပြသပြီးနောက် ဖေဖော်ဝါရီ ၁ ရက်တွင် ဆေးရုံတက်ကုသမှုခံယူခဲ့သည်။

ယခုသေဆုံးမှုမှာ ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်COVID-19ကူးစက်ခံထားရသူ ပထမဆုံးသေဆုံးခြင်းဖြစ်သည်။

ဖေဖော်ဝါရီလဆန်းမှစ၍ ယိုကိုဟားမားဆိပ်ကမ်းနားတွင်ကျောက်ချထားပြီး ဗိုင်းရပ်စ်စတင်ပြန့်နှံ့ရာ ဝူဟန်မြို့မှ ဂျပန်နိုင်ငံသို့ပြန်ခေါ်လာသူများပါသည့် ခရီးသည်တင်သဘေ်ာပေါ်တွင် ကူးစက်ခံထားရကြောင်းအတည်ပြုထားသူ ၂၀၀ ကျော်ရှိနေချိန်တွင် ယခုသေဆုံးမှုဖြစ်ခဲ့သည်။

ဂျပန်နိုင်ငံသည် ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်ပိုင်း တရုတ်ပြည်မကြီးပြင်ပတွင် တတိယမြောက်လူသေဆုံးသောဒေသဖြစ်လာသည်။

ဖိလစ်ပိုင်နှင့်ဟောင်ကောင်တို့တွင်လည်း သေဆုံးမှုများရှိခဲ့သည်။

စတင်ပြန့်နှံ့သည့် ဝူဟန်မြို့ရှိရာဟူဘေးပြည်နယ်တွင် CTစကန်ဖြင့် ကူးစက်ခံရမှုရှိ၊ မရှိအတည်ပြုနိုင်ကြောင်းနည်းလမ်းသစ်များအသုံးပြုပြီးနောက် တရုတ်​ပြည်မကြီးတွင် ဗုဒ္ဓဟူးနေ့ကထက် ကူးစက်ခံရသူ ၁၅၁၅၂ ယောက်မြင့်တက်လာပြီး စုစုပေါင်း ၅၉၈၀၅ ယောက်ရှိနေသည်။

သေဆုံးသူ ၂၅၄ ယောက်ထပ်တိုးခဲ့ပြီး စုစုပေါင်း ၁၃၆၇ ယောက်ရှိနေသည်။


Source- CNA
#ဥက္ကာ  #MeKongNews
Photo- People’s Daily China

Leave a comment

Design a site like this with WordPress.com
Get started