ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၄

သောကြာနေ့မနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်းတက္ကသိုလ်အနီး လူကြားထဲ သေနတ်အချက်အနည်းဆုံး ၄၀ ပစ်ခတ်ခဲ့သူကိုဖမ်းမိပြီဖြစ်ကြောင်း ထိုင်းရဲများကအသိပေးသည်။

ဤဖြစ်ရပ်ကြောင့် ဒဏ်ရာရသူ၊ သေဆုံးသူရှိ၊ မရှိမသိရသေးချေ။

သေနတ်သမားက ဖြတ်သွားဖြတ်လာများကိုချိန်ရွယ်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ခိုရတ်မြို့တွင် လူ ၂၉ ယောက်သေဆုံးခဲ့သည့်ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် ယခုဖြစ်ရပ်ဖြစ်လာသည်။

မိသားစုနှင့်စကားများပြီးနောက် ပြောင်းတိုသေနတ်တစ်လက်ဖြင့်ထွက်သွားသည့် အက်ကာချိုင်း ချာရွတ်ဆလစ် ၄၄ နှစ်ဆိုသူဖြစ်ကြောင်း ထိုင်းရဲများက ထုတ်ပြန်သည်။

ဤဖြစ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်းနှင့် လူမှုကွန်ရက်တွင်ပြောနေသကဲ့သို အကြီးအကျယ်ပစ်ခတ်မှုမဟုတ်ကြောင်းရဲတပ်ဖွဲ့ပြောခွင့်ရသူ ကစ်ဆာနာ ဖက်တာနာချာရွန်ကပြောသည်။

Source- Khaosod
#ဥက္ကာ  #MeKongNews
Photo- Khaosod

Leave a comment

Design a site like this with WordPress.com
Get started