ဘေကျင်း၊ ဖေဖော်ဝါရီ ၁၆

သုံးရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ကျဆင်းကြောင်း တရုတ်အစိုးရက တနဂ်နွေနေ့တွင် ထုတ်ပြန်သည်။

စနေ့နေ့ကထက် စုစုပေါင်းကူးစက်ခံရမှု ၂၀၀၉ ခုနှင့် သေဆုံးသူ ၁၄၂ ယောက်ပိုများကြောင်း တရုတ်အစိုးရထံမှသိရသည်။

ယခုတစ်ပတ်အတွင်း ကူးစက်ခံရမှုသတ်မှတ်ပုံ ပြောင်းလဲပြီးနောက် ကူးစက်ခံရသူ မြင့်တက်ခဲ့သော်လည်း နောက်ပိုင်းတွင်ပြန်ကျဆင်းလာသည်။

တရုတ်ပြည်မကြီးတွင် စုစုပေါင်းကူးစက်ခံရသူ ၆၈၀၀၀ ကျော်နေပြီး သေဆုံးသူ ၁၆၅၅ ယောက်ရှိနေသည်။

တရုတ်နိုင်ငံပြင်ပဒေသ ၄ ခုတွင် ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်သေဆုံးသူ ၄ ယောက်ရှိနေပြီး ကူးစက်ခံထားရသူ ၅၀၀ ကျော်ရှိနေသည်။

Source- BBC

ဥက္ကာ #MeKongNews

Photo- People’s Daily China

Leave a comment

Design a site like this with WordPress.com
Get started