တာချီလိတ်၊ ဖေဖော်ဝါရီ ၁၇

တာချီလိတ်တွင် လမ်းလျှောက်လာသူတစ်ဦးကို စစ်ဆေးရာ ၎င်း၏ ဘောင်းဘီအိတ်အတွင်းမှ စိတ်ကြွဆေးပြား ၄၀၀၀ ပြားကို ဖမ်းဆီးရမိသည်။

ရှမ်းပြည်နယ်အတွင်း “Operation 1511” ကိုဆောင်ရွက်လျှက်ရှိရာ သတင်းအရ မူးယစ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၆ရက် နံနက် ၉နာရီခွဲခန့်တွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်အတွင်း လမ်းလျှောက်လာသူ အသက် (၄၇)နှစ်အရွယ် လီထူဆိုသူကို စစ်ဆေးရာ ၎င်း၏ ဘောင်းဘီအိတ်အတွင်းမှ စိတ်ကြွဆေးပြား ၄၀၀၀ ကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

စိတ်ကြွဆေးပြားများနှင့် အတူ ဖမ်းဆီးရမိသည့် လီထူဆိုသူကို တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started