ဟောင်ကောင်၊ ဖေဖော်ဝါရီ ၁၇

ယခုမနက်တွင် ဟောင်ကောင်၌ အိမ်အရောက်ပို့ဝန်ဆောင်မှုလုပ်သားတစ်ယောက်ထံမှ အိမ်သာသုံးစက္ကူအလိပ် ၆၀၀ ဓားထောက်လုသွားသူများကို ဟောင်ကောင်ရဲတပ်ဖွဲ့ရှာဖွေ​နေသည်။

ဟောင်ကောင်စံတော်ချိန်မနက် ၆ နာရီခန့်က ပစ္စည်းပို့ရမည့်ကုန်တိုက်တံခါးဖွင့်ရန်စောင့်နေစဉ် လူ ၃ ယောက်ကို ပစ္စည်းပို့သူကို ဓားထောက်ပြီး အိမ်သာသုံးစက္ကူလိပ် ၆၀၀ ကို ထရော်လီနှင့်တင်ပြေးခဲ့ကြသည်ဟု ဟောင်ကောင်အခြေစိုက် Apple Dailyသတင်းစာကဖော်ပြသည်။

အိမ်သာသုံးစက္ကူလိပ် ၂၀ ပါသည့်အထုပ် ၅၀ ယူပြီးထွက်ပြေးသွားကြောင်း သတင်းစာကဖော်ပြသည်။

ဝူဟန်ဗိုင်းရပ်စ်ကြောင့် အထိပ်တလန့်ပစ္စည်းများဝယ်ယူနေကြပြီး နှာခေါင်းစည်းနှင့်လက်သန့်ဆေးတို့ကဲ့သို့ပစ္စည်းများကို ယခင်ကဝယ်ယူခဲ့ပြီး ယခုလဆန်းတွင် အိမ်သာသုံးစက္ကူလိပ်များကိုပါ အလုအယက်ဝယ်နေကြသည်။

ဝူဟန်​ဗိုင်းရပ်စ်​ကြောင့် တရုတ်ပြည်မကြီးရှိထုပ်လုပ်ရေးလုပ်ငန်းခွင်များထိခိုက်ပြီးနောက် မကြာခင်အိမ်သာသုံးစက္ကူများကုန်တော့မည်ဟူသည့် ကောလဟာလများ ဟောင်ကောင်တွင်ပြန့်နှံ့ခဲ့သည်။

ထိုကောလဟာလများမှားယွင်းကြောင်းနှင့် ကုန်တိုက်များတွင် စက္ကူလိပ်များရှိနေကြောင်း ဟောင်ကောင်အစိုးရနှင့်ကုန်တိုက်ပိုင်ရှင်များက ရှင်းလင်းခဲ့သော်လည်း လူထုအကြောက်တရားမတည်ငြိမ်ခဲ့ချေ။

စနေနေ့အထိ ဟောင်ကောင်တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၅၇ ယောက်ရှိနေသည်။

Source- Coconuts
#ဥက္ကာ  #MeKongNews
Photo- Apple Daily

Leave a comment

Design a site like this with WordPress.com
Get started