ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၇

ယခုနှစ်အကုန်တွင် ထိုင်းနိုင်ငံ၌ ချက်ဗလက်ကားမျအရောင်းရပ်တော့မည်ဖြစ်ပြီး ရာယောင်းစက်ရုံကိုလည်းပိတ်သိမ်းတော့မည်ဟု ချက်ဗလက်ကားများထုတ်လုပ်သည့် General Motorsကုမ္ပဏီ (GM) က ထုတ်ပြန်ကြေညာသည်။

စက်ရုံအသုံးနည်းမှုနှင့် ပြည်တွင်း၊ နိုင်ငံခြားတင်ပို့မှုပမာဏခန့်မှန်းမှုလျော့နည်းလာသဖြင့် စီးပွားရေးလုပ်ငန်းများကို သိသာထင်ရှားစွာထိခိုက်မှုရှိလာကြောင်း GM၏ ဗျူဟာမြောက်အရောင်းမြှင့်တင်ရေး၊ မိတ်ဖက်နှင့်ဖြန့်ချိရေးဥက္ကဋ္ဌအန်ဒီ ဒန်စတန်ကပြောသည်။

လက်ရှိချက်ဗလက်အသုံးပြုသူများကို အရောင်းပြီးနောက်ဝန်ဆောင်မှု၊ အာမခံနှင့်ပြင်ဆင်မှုလုပ်ငန်းများကို အခွင့်ရဝန်ဆောင်မှုလုပ်ငန်းငယ်များမှတစ်ဆင့်ဆောင်ရွက်ပေးနေဦးမည်ဖြစ်သည်။

ထိုင်းအလုပ်သမားဥပဒေအရ လိုအပ်သည်ထက် လုပ်ငန်းအပြီးသတ်သည့် လျော်ကြေးများပိုပေးသွားမည်ဟု GMအ​ရှေ့တောင်အာရှဥက္ကဋ္ဌ ဟက်တာ ဗီလာရီးလ်ကပြောသည်။

ယခုနှစ်ကုန်တွင် ရာယောင်းရှိGMစက်ရုံကို တရုတ်နိုင်ငံမှGreat Wall Motors(GWM)ထံ ရောင်းချမည်ဖြစ်သည်။

GMသည် ၂၀၀၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံသို့စက်ရုံနှစ်ခုဖြင့်ဝင်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာသန်း ၁၄၀၀ ရှိသည်။

အင်ဂျင်ထုတ်သည့်စက်ရုံမှ တစ်နှစ်လျှင် အလုံး ၁၂၀၀၀၀ ထုတ်လုပ်နိုင်ပြီး တပ်ဆင်သည့်စက်ရုံမှတစ်နှစ်လျှင် အစီး ၁၂၀၀၀၀ ထုတ်လုပ်နိုင်သည်။

ထိုင်းတွင် GMဝန်ထမ်း ၁၉၀၀ ကျော်ရှိပြီး ထုတ်လုပ်မှုလုပ်ငန်းခွင်တွင် ဝန်ထမ်း ၁၂၀၀ ကျော်ရှိသည်​။

သြစတြေးလျနှင့်နယူးဇီလန်တို့မှ
အရောင်း၊ ဒီဇိုင်းနှင့် အင်ဂျင်နီယာလုပ်ငန်းများကိုရပ်ဆိုင်းမည်ဟုလည်း GMကတနဂ်နွေနေ့တွင်ကြေညာပြီး အမေရိကန်နှင့်တရုတ်ပြင်ပရှိလုပ်ငန်းများမှနောက်ဆုတ်ခဲ့သည်။

Source- Bangkok Post
#ဥက္ကာ  #MeKongNews
Photo- Bangkok Post

Leave a comment

Design a site like this with WordPress.com
Get started