ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၈

ဘန်ကောက်မြို့လယ်ကောင်ရှိ Century ဈေးဝယ်စင်တာတွင် အင်္ဂါနေ့ နေ့လည်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း ကနဦးသတင်း သိရသည်။

အမျိုးသမီး တစ်ဦးသေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရထားကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။

ကနဦးသတင်းများအရ ဘန်ကောက်မြို့လယ်၊ အနုစာဝါရီ ကျောက်တိုင်ဘေးရှိ Century Movies ပလာဇာရှိ အလှပြင်ဆိုင်တစ်ခုရှေ့တွင် ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ရာနေရာသည် နိုင်ငံခြားသားများ အလာများသည့် ရမ်နမ်လမ်းကြားအနီးတွင် ရှိသည်။

ပစ်ခတ်သူနှင့် ပတ်သက်သည့် အကြောင်းအရာများကို မသိရသေးပေ။

Ref: Khaosod English

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started