
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၈
ကိုရိုနာဗိုင်းရပ်စ်COVID-19ကာကွယ်ရေး မြန်မာနိုင်ငံတွင် ငရုတ်ကောင်းစားရန် တိုက်တွန်းမှုများ၊ အင်ဒိုနီးရှားနိုင်ငံတွင် ဆုတောင်းပွဲများလုပ်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်မလာစေရန် ထိုင်းနိုင်ငံမှနာမည်ကြီးဗုဒ္ဓရုပ်ပွားတော်တစ်ခုထံတွင် တရုတ်ခရီးသည်များ ကြက်ဥအလုံး ၂၀၀၀၀၀ လှူဒါန်းပြီးဆုတောင်းခဲ့ကြသည်။
ချာချောင်ဆွန်ခရိုင်ရှိ လွမ်ပေါဗုဒ္ဓရုပ်ပွားတော်ကို လှူဒါန်းပြီးဆုတောင်းခြင်းဖြစ်သည်။
ချန်ဒူးမှလာရောက်ခြင်းဖြစ်ပြီး သူ့မိတ်ဆွေ၏သမီးလည်း ထိုဘုရားတွင် သားဆုပန်ပြီးနောက် ကလေးရခဲ့သဖြင့် မိတ်ဆွေ ၅ ယောက်နှင့် လာခြင်းဖြစ်သည်ဟု အသက် ၄၄ နှစ်ရှိကျန်းရှောင်ကျိုးက ပြောသည်။
သူ့ကြက်ဥပြုတ်ဗန်းကို ပြီးခဲ့သည့်တစ်ပတ်က ထိုခရီးသည်များလာကြည့်ပြီး လတ်ဆတ်သည့်ကြက်ဥများဝယ်ရန် ကမ်းလှမ်းခဲ့သည်ဟု ကြက်ဥဆိုင်ပိုင်ရှင်ဂျစ်ဆီနီး ပန်တောင်ကပြောသည်။
၃ ရက်ကြာပြီးနောက် ခရိုင်ထဲရှိကြက်ခြံ ၂ ခြံမှ အဆိုပါကြက်ဥများရခဲ့သည်ဟုလည်း ပြောသည်။
သူ့အတွက်ကြက်ဥဖိုး ဘတ် ၄၀၀၀၀၀ ပေးခဲ့သည်။
ယခုကပ်လှူခဲ့သည့်ကြက်ဥပမာဏမှာ မကြုံစဖူးအရေအတွက်ဖြစ်ပြီး နှစ်စဉ်ဒေသအစိုးရကလှူဒါန်းသည့်အခမ်းအနားတွင်ပင် ကြက်ဥ ၁၀၀၀၀၀ ခန့်သာလှူဒါန်းသည်ဟု ဂျစ်ဆီနီးကပြောသည်။
Source- Coconuts
#ဥက္ကာ #MeKongNews
Photo- Spring News