
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၉
ဧပြီ ၁၃ ရက်မှ ၁၅ ရက်အထိ အားလပ်ရက်များအပြင် ဧပြီ ၁၆ နှင့် ၁၇ ရက်တို့ကို အထူးအများပြည်သူအားလပ်ရက်အဖြစ် ထပ်တိုးပေးရန် ထိုင်းအစိုးရသုံးသပ်ခဲ့သော်လည်း သဘောမတူခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ပရာရွတ် ချန်အိုချာက အင်္ဂါနေ့တွင် သတင်းထောက်များကိုပြောသည်။
အတည်ပြုခဲ့ပါက ထိုင်းသင်္ကြန်ပွဲတော်ကာလတွင် စုစုပေါင်းရုံးပိတ်ရက် ၉ ရက်ရှိမည်ဖြစ်သည်။
“သာမန်အားလပ်ရက်တွေဆိုရင် တော်ပါပြီ။ ရုံးပိတ်ရက်တွေထပ်တိုးလည်း စီးပွားရေးတက်လာမှာမဟုတ်ပါဘူး”ဟု ပရာရွတ်ကပြောသည်။
ဝူဟန်ဗိုင်းရပ်စ်ကြောင့် လက်ရှိထိခိုက်နေသောငွေကြေးဆုံးရှုံးမှုများ ထိုင်းသင်္ကြန်ကာလတွင် ပြန်အသက်ဝင်လာစေရန် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက မျှော်လင့်ချက်များပုံထားနေကြသည်။
Source- Khaosod
ဥက္ကာ #MeKongNews
Photo- Khaosod