
တာချီလိတ်၊ ဖေဖော်ဝါရီ ၂၃
ထမင်း၊ ဟင်းချက်ပြုတ်ရာတွင် အသုံးပြုသည့် ဂတ်စ်မီးဖိုမှ တစ်ဆင့် မီးအနည်းငယ်လောင်ကျွမ်းမှု တာချီလိတ်မြို့၊ ပုန်းထွန်းရပ်ကွက်တွင် ဖေဖော်ဝါရီလ ၂၃ရက် ညနေ ၄နာရီ ၅၀ခန့်က ဖြစ်ပွားသည်။
ဂတ်စ်မီးဖိုမှ ဂတ်စ်ယိုစမ့်နေစဉ် မီးမွှေးလိုက်ရာ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး အိမ်သားများမှ စောင်ကိုရေဆွတ်ကာ အုပ်လိုက်သည့်အတွက် မီးငြိမ်းသွားကြောင်း ပတ်ဝန်းကျင်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။
“ဂတ်စ်အိုးဆိုတော့ စောင်ကို ရေဆွတ်ပြီး အုပ်လိုက်တာ ငြိမ်းသွားတယ်။ သိပ်မကြာလိုက်ဘူး။ ၂မိနစ်၊ ၃မိနစ်လောက်ပဲ။ မီးသတ်ကားတွေရောက်တော့ မီးငြိမ်းသွားပြီ” ဟု၎င်းကပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း ဟင်းချက်ရာမှတဆင့် မီးလန့်မှု ဖြစ်ပွားခဲသည်။