ဆိုးလ်၊ ဖေဖော်ဝါရီ ၂၃

မြန်မာနိုင်ငံမှလာသည့် အသက် ၃၃ နှစ်အရွယ်အမျိုးသမီးတစ်ယောက်တွင် ကိုရိုနာဗိုင်းရပ်စ် COVID-19ကူးစက်ခံထားရကြောင်း တောင်ကိုရီးယားအာဏာပိုင်များအတည်ပြုသည်။

ဂျွန်နမ်ပြည်နယ်၊ ဂျိုဂျီမြို့တွင် တွေ့ရှိခြင်းဖြစ်သည်။

ထိုအမျိုးသမီး မည်သည် အချိန်တွင် တောင်ကိုရီးယားနိုင်ငံရောက်ရှိလာကြောင်းနှင့် မည်သည့်အကြောင်းရင်းကြောင့်လာရောက်ကြောင်းမသိရသေးချေ။

မြန်မာနိုင်ငံမည်သည့်ဒေသမှဖြစ်ကြောင်းလည်း မသိသေးချေ။

ယနေ့မနက်ပိုင်းတွင် တောင်ကိုရီးယားအာဏာပိုင်များသတင်းစာရှင်လင်းပွဲလုပ်မည်ဟုထုတ်ပြောထားပြီး ဆက်လက်စောင့်ကြည့်နေသည်။

တောင်ကိုရီးယားနိုင်ငံတွင် ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၄ ယောက်ရှိလာပြီး ကူးစက်ခံရသူ ၅၀၀ ကျော်လာသဖြင့် စတင်ပြန့်နှံ့ရာတရုတ်နိုင်ငံနောက်တွင် အများဆုံးကူးစက်ခံထားရသည့်နိုင်ငံဖြစ်နေသည်။

Source – Yonhap

ဥက္ကာ #MeKongNews

Photo – Yonhap

Leave a comment

Design a site like this with WordPress.com
Get started