
ဂျွန်ဂျီ၊ ဖေဖော်ဝါရီ ၂၃
တောင်ကိုရီးယားနိုင်ငံ၊ ဂျွန်ဂျီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သည့် အမျိုးသမီးမှာ အရှေ့တောင်အာရှမှ ပြန်လာသူဖြစ်ကြောင်း ဂျွန်ဂျီမြို့တော်ဝန် ဗျွန်ဂွမ်ယန်းက ဖေဖော်ဝါရီလ ၂၃ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဂျွန်ဂျီမြို့တွင်နေထိုင်သည့် ၃၄နှစ်အရွယ် အမျိုးသမီးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ကြောင်း မြို့တော်ဝန်က ပြောသည်။
အဆိုပါအမျိုးသမီးမှာ ဇန်နဝါရီလ ၃၀မှ ဖေဖော်ဝါရီလ ၁၃ရက်အထိ မလေးရှားနိုင်ငံတွင် နေထိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ၃ရက်ကြာ သွားရောက်ခဲ့ကြောင်း မြို့တော်ဝန်က ပြောသည်။
ယင်းနောက် ကိုရီးယားနိုင်ငံ၊ ဂင်ဟေးလေဆိပ်သို့ ဟိုချီးမင်းလေဆိပ်မှ တဆင့် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။
ပြန်လာပြီး ၃ရက်အကြာဖြစ်သည့် ၂၁ရက်နေ့တွင် ချောင်းအနည်းငယ်ဆိုးလာသည့်အတွက် ဒေဝူးဆေးရုံးသို့ သွားရောက်ပြသခဲ့ရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
MeKongNews
Ref: naver.com