
ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၄
မလေးရှားဝန်ကြီးချုပ်အဖြစ်ကနေနှုတ်ထွက်ကြောင်း စာတင်လိုက်ပြီဟု မလေးရှားဝန်ကြီးချုပ်ဒေါက်တာ မဟာသီယာ မိုဟာမက်ကပြောသည်။
တနင်္လာနေ့နေ့လည်မလေးရှားစံတော်ချိန် ၁ နာရီတွင် နုတ်ထွက်စာကို မလေးရှားဘုရင်ထံတင်သွင်းခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ်ရုံးကထုတ်ပြန်သော်လည်း အသေးစိတ်အချက်အလက်များမသိရသေးချေ။
သူ့ရဲ့PPBM၊ UNMO၊ PASနဲ့ တခြားပါတီတွေစုပေါင်းပြီး မလေးညွှန့်ပေါင်းအစိုးသစ်ဖွဲ့စည်းဖို့ရှိနေကြောင်း ခန့်မှန်းပြောဆိုနေကြချိန်မှာ မဟာသီယာ အံ့အားသင့်ဖွယ်နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
UMNOပါတီခေါင်းဆောင်ဖြစ်ခဲ့သည့် ၁၉၈၁ ခုနှစ်မှ ၂၀ဝ၃ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်ဖြစ်ခဲ့သည့် မဟာသီယာသည် မလေးရှားနိုင်ငံ၏စတုတ္ထမြောက်ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင်ပါတီက နုတ်ထွက်ခဲ့ပြီးနောက် PPBMပါတီတည်ထောင်ကာ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည်။
၂၀၁၈ ခုနှစ် မလေးရှားရွေးကောက်ပွဲတွင် PHညွှန့်ပေါင်းအဖွဲ့ကိုဦးဆောင်ခဲ့ပြီးနောက် မလေးရှားလွတ်လပ်ရေးရပြီး နှစ် ၆၀ ကြာအာဏာရထားသည့် BNညွှန့်ပေါင်းအဖွဲ့ထက် အသာရပြီး အစိုးရဖွဲ့နိုင်ခဲ့သည်။
Source – CNA
ဥက္ကာ #MeKongNews
Photo – Malay Mail