ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၄

မလေးရှားနိုင်ငံ၏အကြီးဆုံးဘဏ္ဍာရေးအရှုပ်တော်ပုံတစ်ခုဖြစ်သည့် 1MDBမြို့ပြဖွံ့ဖြိုးရေးရန်ပုံငွေအရှုပ်တော်ပုံတွင် ၀န်ကြီးချုပ်ပရာရွတ် ချန်အိုချာပါ၀င်နေသည်ဆိုသည့် မကြာသေးခင်ကဖျက်သိမ်းခဲ့သော Future Forward ပါတီကစွပ်စွဲပြောဆိုခဲ့ခြင်းမှာ အခြေအမြစ်မရှိကြောင်း ထိုင်းအစိုးရပြောခွင့်ရသူကကပြောသည်။

စွဲချက်ကို ထိုင်းအစိုးရပြောခွင့်ရသူနာရူမွန် ပင်ယိုဆင်၀က်ကငြင်းဆိုခဲ့သည်။

စွပ်စွဲသူကို တရားဥပဒေအရအရေးယူရန်စီစဉ်နေပြီး စွဲချက်ဖြေရှင်းရန် အများပြည်သူသိစေမည့်ထုတ်ပြန်ချက်လည်းလုပ်သွားမည်ဟုပြောသည်။

အတိုက်အခံမရှိဘဲ ပြီးခဲ့သည့် ၆ နှစ်နှင့် ၄ လကြာအုပ်ချုပ်ခဲ့သည့်ပရာရွတ်ကို FFပြောခွင့်ရသူ ပန်နီကာ ဝါချက်က ပါတီကစီစဉ်သည့်အစိုးရနှင့်စကားစစ်ထိုးမှုတွင် တစ်နာရီခွဲကြာရှင်းလင်းပြောဆိုခဲ့ပြီး ပရာရွတ်သည် 1MDBတွင် ပါ၀င်ပတ်သတ်ခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ပြောဆိုခဲ့သည်။

ထိုင်းခြေဥတရားရုံးကသောကြာနေ့တွင်ဖျက်သိမ်းခဲ့သည့်FFသည် နိုင်ငံရေးသမားအစား နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအဖြစ်ဆောင်ရွက်မည်ဟုကတိပြုခဲ့သည့်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု ပန်နီကာကပြောသည်။

Source – The Nation
#ဥက္ကာ #MeKongNews
Photo- The Nation

Leave a comment

Design a site like this with WordPress.com
Get started