တာချီလိတ် ဖေဖော်ဝါရီ ၂၃

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ၊ တာချီလိတ်(ရှမ်းပြည်နယ်)မှ ကြီးမှူးကျင်းပသော နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံ အခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက်နေ့လယ်ပိုင်းက တာချီလိတ်မြို့ Happy စားသောက်ဆိုင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဌ ဦးအောင်မြင့်က အမှာစကားပြောကြားသည်။ ထို့နောက် အထွေထွေအတွင်းရေးမှူးချုပ် ဦးစိုးမြင့်က အသင်းနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ရှင်းလင်းတင်ပြပြီး မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းခွဲ၊ တာချီလိတ် (ရှမ်းပြည်နယ်)၏ ဗဟိုကော်မတီအမည်စာရင်းအား ဖတ်ကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းခွဲ၊ တာချီလိတ် (ရှမ်းပြည်နယ်)မှ အလုပ်အမှုဆောင်(EC)အဖွဲ့ဝင်များက ကတိသစ္စာခံယူပြီးနောက် ဥက္ကဌ ဦးအေးချို က မိတ်ဆက်စကားပြောကြားသည်။

အဆိ်ုပါ နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံတွင် တာဝန်ရှိသူများက အင်ဂျင်နီယာကောင်စီနှင့် ပတ်သက်၍လည်းကောင်း၊ နိုင်ငံတကာတွင် တိုးတက်ပြောင်းလဲ နေသော အင်ဂျင်နီယာပညာနှင့် နည်းပညာဆိုင်ရာသင်ကြားမှု အဆင့်အတန်းမြင့်မားစေရန်နှင့် အရည်အသွေးပြည့်ဝသော အင်ဂျင်နီယာ၊ ဘွဲ့ရနည်းပညာရှင်နှင့် နည်းပညာ ကျွမ်းကျင်သူများပေါ် ပေါက်စေရေးတို့အတွက် အသင်းဖွဲ့စည်းခြင်းနှင့် စာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

MK – 002

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started