တာချီလိတ်၊ ဒီဇင်ဘာ ၅ (၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို အကောင်အထည်ဖော်မှုဆိုင်ရာ အစည်းအဝေး – JICM ကို တက်ရောက်ရန်အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ – RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်သည် တာချီလိတ်မြို့မှ တဆင့် နေပြည်တော်သို့ ထွက်ခွာမည်ဖြစ်ကြောင်း RCSS က ဇန်နဝါရီလ ၅ရက်တွင် ကြေညာချက်ထုတ်သည်။ ဇန်နဝါရီလ ၆ရက်တွင် တာချီလိတ်မှတဆင့် နေပြည်တော်သို့ လေယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်ပြီး နေပြည်တော်သို့ ရောက်ရှိပါက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး တို့နှင့် ပတ်သက်၍ သက်ဆိုင်သူများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ “သွားမယ့်နေကျရင် မယ်ဆိုင်ဘက်ကနေ တာချီလိတ်ဘက်ကို လာမယ်။ ညနေပိုင်းလောက်ကျရင် ထုတ်ပြန်ချက် ထပ်ထုတ်ပါ့မယ်။ အဲဒီမှာ ပိုပြီး ပြည့်ပြည့်စုံစုံ …
Continue reading “JICM အစည်းအဝေးတက်ရန် ဗိုလ်ချုပ်ကြီးယွက်စစ် တာချီလိတ်မှ နေပြည်တော်သို့ထွက်ခွာမည်”