ဘန်ကောက်၊ မတ် ၃၁ ယခုတစ်ပတ်အတွင်း ထိုင်းနိုင်ငံအထက်ပိုင်း ခရိုင်များသို့ နွေရာသီမုန်တိုင်းဝင်နိုင်ကြောင်း ယနေ့တွင်ထုတ်ပြန်သည်။ တောင်တရုတ်ပင်လယ်မှ အရှေ့တောင်ဘက်သို့ တိုက်ခတ်သည့်စိုထိုင်းဆများသောလေနှင့် တရုတ်နိုင်ငံကနေ ထိုင်းအရှေ့မြောက်ပိုင်းထိကျော်နေသည့် လေဖိအားများနေမှုတို့ဆုံသဖြင့် သတိပေးထားခြင်းဖြစ်သည်။ ထိုင်းမြောက်ပိုင်း၏ အောက်ဘက်၊ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ပူသည့်အခြေအနေမှ အလွန်ပူသည့်အခြေအနေအထိတွေ့နိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက ယနေ့မနက်ပိုင်းတွင် ထုတ်ပြန်သည်။ မိုးကြိုးမုန်တိုင်းများ၊ လျှက်စီးလက်ခြင်းများနှင့် လေပြင်းများ၊ မိုးသီးကြွေခြင်းများလည်း ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။ ဧပြီ ၄ ရက်အထိ ခရိုင် ၃၉ ခုတွင် သတိပေးထားခြင်းဖြစ်သည်။ သစ်ပင်အိုများနှင့် သက်တမ်းရင့် အဆောက်အအုံများနားတွင် မနေရန်လည်း ဒေသခံများကို သတိပေးထားပြီး လယ်သမားများအနေနှင့် သီးနှံများ ထိခိုက်မှုလျှော့ချနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ထားသင့်ကြောင်း အကြံပြုထားသည်။ Source – Bangkok Post ဥက္ကာ …
Continue reading “ထိုင်းအထက်ပိုင်းအတွက် မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထား”