မြန်မာနိုင်ငံမှအာဏာသိမ်းမှုမအောင်မြင်စေရေး ဆောင်ရွက်ကြရန် ကမ္ဘာ့နိုင်ငံများကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တိုက်တွန်း

နယူးယောက်၊ ဖေဖော်ဝါရီ ၄

မြန်မာနိုင်ငံတွင် တနင်္လာနေ့ကဖြစ်ခဲ့သည့်အာဏာသိမ်းမှုမအောင်မြင်စေရန် ပြုလုပ်ကြရေး ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က တိုက်တွန်းသည်။

ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲခြင်းသည် လက်ခံနိုင်ဖွယ်မရှိကြောင်းလည်းပြောပြီး နိုင်ငံကိုအုပ်ချုပ်ရန်နည်းလမ်းမရှိကြောင်း အာဏာသိမ်းခေါင်းဆောင်များကို နားလည်အောင်လုပ်ရမည်ဟုလည်း ဝါရှင်တန်ပို့စ်သတင်းစာနှင့် တွေ့ဆုံမေးမြန်းမှုတွင်ဖော်ပြသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ပြန်ချက်တရပ်အတွက် ဆွေးနွေးနေသော်လည်း တရုတ်နိုင်ငံက အာဏာသိမ်းမှုကိုရှုတ်ချသည့် စကားလုံးများကို ပိတ်ဆို့မည်ဟုခန့်မှန်းထားသည်။

တပ်မတော်က အာဏာထိန်းချုပ်လိုက်ချိန်တွင် ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားသည်။

ဖေဖော်ဝါရီ ၁၅ ရက်အထိ ဒေါ်အောင်ဆန်းစုကြည်ကိုထိန်းသိမ်းထားရန် ရဲတပ်ဖွဲ့က စွဲချက်များစွာတင်ထားသည်။

အာဏာထိန်းသိမ်းပြီးနောက်ပိုင်း မစ္စ စုကြည်သာမက ဖြုတ်ချခံရသည့်သမ္မတ ဦးဝင်းမြင့်ထံမှ တစုံတရာကြားရခြင်းမရှိသေးချေ။

တပ်မတော်ဦးစီးချုပ်ဦးဆောင်သည့် အာဏာသိမ်းမှုနောက်ပိုင်း အဖွဲ့ဝင် ၁၁ ယောက်ပါသည့်စစ်အစိုးရကိုဖွဲ့စည်းထားသည်။

မစ္စ စုကြည်၏အန်အယ်ဒီပါတီက ပြတ်ပြတ်သားသားအနိုင်ရခဲ့သော နိုဝင်ဘာရွေးကောက်ပွဲတွင် မဲသမာမှုအကြီးအကျယ်ရှိသည်ဟုစွပ်စွဲပြီး တရားမျှတမှုရှိစေရန်လုပ်ဆောင်နေသည်ဟု တနှစ်ကြာအရေးပေါ်အခြေအနေ ကြေညာထားသည့်တပ်မတော်ကပြောထားသည်။

ကြာသပတေးနေ့တွင် တပ်မတော်က လူမှုကွန်ရက်ပလတ်ဖောင်းများကိုပိတ်ဆို့ရန် တယ်လီကွန်းကုမ္ပဏီများကို အမိန့်ထုတ်ထားသည်ဟု သတင်းများထွက်ပေါ်နေပြီး မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ဝန်ဆောင်မှုများ အခက်အခဲရှိနေသည်။

ဖေ့စ်ဘွတ်ကုမ္ပဏီက အနှောင့်အယှက်များရှိနေသည်ဟု ဝန်ခံထားပြီး မိသားစုများ၊ မိတ်ဆွေများနှင့် မြန်မာနိုင်ငံသားများ ဆက်သွယ်ခွင့်ရရန်နှင့် အရေးကြီးသောအချက်အလက်များရရှိရန် အာဏာပိုင်များအနေဖြင့် အဆက်အသွယ်ပြန်ဖွင့်ရန်တိုက်တွန်းသည်။

ပြီးခဲ့သည့်ရက်များအတွင်း တက်ကြွလှုပ်ရှားသူများက ဖေ့စ်ဘွတ်စာမျက်နှာများဖွင့်ပြီး အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း ပူးပေါင်းဆောင်ရွက်နေကြသည်။

Source – BBC

ဥက္ကာ

MeKongNews

Photo – UN Photo

စပ်စံထွန်းဆေးရုံဖဲကြိုးနီလှုပ်ရှား

[U] တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် တပ်မတော်မှ ပြည်သူ့အစိုးရထံကနေ အဓမ္မအာဏာသိမ်းယူခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဖဲကြိုးနီလှုပ်ရှားမှုကို ယနေ့ (ဖေဖော်ဝါရီလ ၄ ရက်)၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။#MeKongNews

[Z] တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် တပ်မတော်မှ ပြည်သူ့အစိုးရထံကနေ အဓမ္မအာဏာသိမ်းယူခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဖဲကြိုးနီလှုပ်ရှားမှုကို ယနေ့ (ဖေဖော်ဝါရီလ ၄ ရက်)၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။#MeKongNews

ကမ္ဘာ့ကပ်ရောဂါရှိကြုံနေချိန် ကန်ချာနာဘူရီဆင်စခန်းတွင် ဆင်များအငတ်ဘေးကြုံနေ

ကန်ချာနာဘူရီ၊ ဧပြီ ၆

ထိုင်းအနောက်ပိုင်းခရိုင် ကန်ချာနာဘူရီရှိဆင်စခန်းတစ်ခုတွင် ရှိသော ဆင်ထိန်းများသည် အနီးအနားရှိရေကန်တွင် ပေါင်းပင်များစုဆောင်းရန် ရေဆင်းကူးခြင်းနှင့် အသားကျအောင်လုပ်နေကြသည်။

ထိုင်းတစ်နိုင်ငံလုံး အလုံပိတ်လိုက်မှုကြောင့် သူတို့၏တိရစ္ဆာန်များ ကြိုက်သည့်အစာများ အတွက်ငွေပေးရန်လိုအပ်သော နိုင်ငံခြားငွေမရှိဘဲဖြစ်နေကြသဖြင့် အစာအတွက် လုပ်နေခြင်းဖြစ်သည်။

သာမန်ရာသီတွင် တာဝီချိုင်ဆင်စခန်းသည် တစ်နေ့လျှင် ရုရှားနှင့် ဥရောပနိုင်ငံများမှ အများစုဖြစ်သောခရီးသည် ၁၀ဝခန့်ကို လက်ခံကြိုဆိုပြီး ထိုသူများက ဆင်စီးရန်နှင့် အစာကျွေးရန်ကဲ့သို့သော လှုပ်ရှားမှုများအတွက် တစ်ယောက်လျှင် ဘတ် ၁၀ဝ၀ မှ ဘတ် ၅၀ဝ၀ ခန့်အထိသုံးစွဲကြသည်။

လက်ရှိတွင် ထွက်ငွေရှိပြီး ဝင်ငွေမရှိဘဲဖြစ်နေသည်။

စခန်းရှိဆင် ၂၅ ကောင်ကိုအစာကျွေးရန်နှင့် ဆင်ဦးစီးကြေးနှင့် အခြားဝန်ထမ်းကြေးများပေါင်းပါက တစ်လလျှင် ဘတ် ၁၀ သိန်းခန့်ကုန်ကြောင်း စခန်းပိုင်ရှင် ဒမ်ရောင် လောင်ဆာကူကပြောသည်။

“အိပ်မပျော်တဲ့အထိ စိတ်ဖိစီးတယ်ဗျာ။ ဘာလုပ်ရမှန်းကိုမသိတော့ပါဘူး” ဟု ဖခင်၏လုပ်ငန်းကိုဆက်ခံခဲ့သည့် ဒမ်ရောင်ကပြောသည်။

တောထဲတွင် စခန်းမှဆင်များက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မည်မဟုတ်ဘဲ ဆင်ဦးစီးများကို လိုအပ်သောကြောင့် ဝန်ထမ်းများကို ယာယီအလုပ်မနားပေးနိုင်သလို ဆင်များကိုလည်းတောထဲ မလွှတ်နိုင်ဖြစ်နေကြောင်း ဒမ်ရောင်ကပြောသည်။

ထိုဆင်စခန်းမှာ နှစ်စဉ် ကမ္ဘာတဝန်းမှထိုင်းနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသားခရီးသွားများကို မှီခိုနေရသည့် တိရစ္ဆာန်ထိန်းသိမ်းရေးစခန်းများ ထဲမှတစ်ခုဖြစ်သည်။

ထိုင်းခရီးသွားလုပ်ငန်းတွင် ဆင်အကောင်ရေ ၂၀ဝ၀ ခန့်ပါဝင်နေကြောင်းခန့်မှန်းထားသည်။

သူ့မိသားစုနှင့် ဆင်များအတွက်စိုးရိမ်ကြောင်း တစ်လလျှင်လစာဘတ် ၇၅၀ဝ ရသည့် အသက် ၂၉ နှစ်ရှိဆင်ဦးစီး ဆွမ်ကစ် မီသာချိုတီကူးကပြောသည်။

“ဆင်တွေကလည်း ကျွန်တော်တို့မိသားစုတွေလိုပါပဲ။ သူတို့ကောင်းကောင်းအိပ်နေစားနေရင် ကျွန်တော်တို့လည်းပျော်ရတာပေါ့ဗျာ”ဟု ဆွမ်ကစ်ကပြောသည်။

ထိုင်းတွင် တနင်္လာနေ့အထိစာရင်းများအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၂၀ဝ ယောက်ရှိနေပြီး သေဆုံးသူ ၂၆ ယောက်ရှိနေသည်။

ပြီးခဲ့သည့်မတ်လတွင် ထိုင်းအစိုးရက ဇန်နဝါရီတွင်စတင် ကူးစက်ခဲ့သောCOVID-19အရေးကြောင့် အရေးပေါ်အခြေအနေကြေညာခဲ့သည်။

Source – Bangkok Post

ဥက္ကာ #MeKongNews

Photo – Bangkok Post

ရှမ်းအရှေ့တွင် ကိုဗစ် – ၁၉ သံသယလူနာ ၅ ဦး ရှိနေ

တာချီလိတ်၊ ဧပြီ ၆

ဧပြီလ ၆ရက် ညပိုင်း ဓာတ်ခွဲရလဒ်များ မထွက်သေးခင်အထိ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ကိုဗစ်-၁၉ သံသယလူနာ ၅ဦး ရှိနေကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

“ဒီနေ့ ကျိုင်းတုံမှာ တစ်ယောက်တိုးတယ်။ မိုင်းဆတ်မှာ ၂ယောက်။ မနေ့ညကအထိ မိုင်းဖြတ်တစ်ယောက်။ ကျိုင်းတုံတစ်ယောက် ရှိပါတယ်” ဟု ရှမ်းပြည်နယ်အရှေးပိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်ကပြောသည်။

တာချီလိတ်ခရိုင်ဆေးရုံးကြီးတွင်မှု သံသယလူနာများထဲမှ ဓာတ်ခွဲအဖြေပြန်လည် စစ်ဆေးရမည့် တစ်ယောက်သာ ကျန်တော့ကြောင်း ဒေါက်တာဘစိုးသက်က ပြောသည်။

“တာချီလိတ်က လူနာက ပိုးမရှိကြောင်းအဖြေထွက်ပေမယ့် ကိုယ်ပူချိန်မကျလို့ ပြန်စစ်ရမှာလို့ ပြောပါတယ်” ဟု၎င်းက ပြောသည်။

အဆိုပါလူနာ၏ တို့ဖတ်နမူနာကို ဧပြီလ ၇ရက်တွင် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
MK – 001

MeKongNews

အလုပ်မရှိ၊ အထောက်အပံ့လည်းမရကြသူများ

ဝင်ငွေမရှိတာ ၂ပတ်ရှိပြီဟု အန်နာက ပြောသည်။ သူက ပတ္တယား၏ ညလမ်းတွင် ကျင်လည်သည့် အသက် ၃၃နှစ်အရွယ် လိင်လုပ်သားတစ်ဦး ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကို ထိန်းသိမ်းရန် အစိုးရက ပတ္တယားညလမ်းကို ပိတ်ခိုင်းလိုက်ကတည်းက အန်နာ့မှာ ဝင်ငွေမရှိတော့ဘဲ လက်ထဲတွင် ဘတ် ၁၁၀၀၀ သာ ကျန်သည်။

ကျန်တဲ့ငွေထဲက ဘတ် ၇၀၀၀ထောင်က အိမ်လခနှင့် ရေဖိုး၊ မီးဖိုး ပေးရန် ရှိနေသည်။

“အချိန်းပိုင်း တစ်နာရီ၊ နှစ်နာရီဆို ဘတ် ၂၀၀၀ ယူတယ်(လိင်ဝန်ဆောင်မှုအတွက်)။ ကြာကြာ ၅နာရီလောက်ဆိုရင်တော့ ဘတ် ၅၀၀၀ ယူတယ်။ အခုတော့ အချိန်ပိုင်းရော၊ ကြာကြာရော၊ လိုင်းပေါ်က ချိတ်တာရော ဘာမှ မရှိတော့ဘူး” ဟု အန်နာက ကြာသပတေးနေ့က ပြောသည်။

အန်နာက လိင်ပြောင်းထားသူ တစ်ဦးလည်း ဖြစ်သည်။

အန်နာက ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ပျက်ကပ်ကြောင့်ဖြစ်သည့် စီးပွားရေးပိတ်ဆို့မှု၏ အပြင်းထန်ဆုံးရိုက်ချက်တွေကို ခံစားနေရသော လိင်အလုပ်သမ တစ်သိန်းခန့်ထဲမှ တစ်ဦးဖြစ်သည်။

ထိုင်းနိုင်ငံအနှံ့တွင် လိင်အလုပ်သမများ အနှံ့အပြားရှိနေသော်လည်း ပြည့်တန်ဆာအလုပ်သည် ဥပဒေအရ တရားမဝင်ဟု သတ်မှတ်ပြီးကတည်းက တရားမဝင်လုပ်သားများ ဖြစ်ခဲ့သည့်အတွက် အစိုးရ၏ အထောက်အပံ့လည်း လျှောက်ထားမရပေ။

Lockdown ပြုလုပ်ခြင်းသည် လိင်ခရီးသွားလုပ်ငန်းကဏ္ဍရှိ လူထောင်ပေါင်းများစွာအတွက် ဘေးဆိုးကြီး ဖြစ်လာမည်ဟု ဘန်ကောက်နှင့် ပတ္တယားရှိ လိင်လုပ်သားများကို ကူညီနေသူ စူရန်းကျန်ယန်က သတိပေးသည်။

“မတ်လ ၁၇ရက်က ကျွန်တော်မျက်ရည်ကျမိပါတယ်။ ကျွန်တော်တို့ စိတ်နှလုံးတွေ ကြိုတင်ပြင်ဆင်မထားတဲ့ ကပ်ဆိုးကြောင့် မဟုတ်ပါဘူး။ သူတို့(လိင်လုပ်သားတွေ) ခုကစပြီး ဘယ်လိုဆက်လက်ရပ်တည်မလဲ ဆိုပြီး မတွေးနိုင်တော့လို့ပါ။ သူတို့မှာ ဘာအထောက်အပံ့မှ မရှိဘူး” ဟု စူရန်းက ပြောသည်။

“ပက်ပုန်းက မီးရောင်တွေ မှောင်သွားတဲ့ညမှာ ကျွန်တော်အော်ငိုနေမိတယ်” ဟု သူက ဆက်ပြောသည်။

အစိုးရက ပတ္တယားရှိ ညအပျော်တန်းများကို ပိတ်လိုက်ပြီးနောက်ပိုင်း ပတ္တယားရှိ လိင်လုပ်သား ငါးသောင်းခန့် အလုပ်လက်မဲ့ ဖြစ်ခဲ့သည်။ အများစုမှာ နေရပ်ပြန်သွားကြောင်း အန်နာကပြောသည်။ အန်နာကလည်း လိုအီ ခရိုင်က လာသူဖြစ်သည်။

သူ့အနေဖြင့် နေရပ်သို့ မပြန်သို့ မပြန်လိုကြောင်း လိင်အလုပ်သမတစ်ဦးက ပြောသည်။ ပြည့်တန်ဆာလုပ်ကိုင်သည် ဆိုသည့် အမဲစက်ကြောင့်မဟုတ်ဘဲ မြို့မှ ပြန်လာသူများတွင် ဗိုင်းရပ်စ်ပါလာသည်ဟု ကျေးလက်နေသူများက ယူဆထားသည့်အတွက်ဟု သူက ဆိုသည်။

လိင်လုပ်သားများသည့် ဗိုင်းရပ်စ်ပိုး သယ်ဆောင်ဖြန့်ဝေသူများ ဖြစ်သည်ဆိုသည့် စွပ်စွဲချက်ကို ပတ္တယားမြို့၌ပင် ကြုံနေကြရသည်။

“ဆံသတွေ၊ အဝတ်အထည်ရောင်းတဲ့သူတွေ၊ နောက်ဆုံး စားစရာရောင်းတဲ့သူတွေကတောင် ကျွန်မတို့နား မကပ်ချင်ဘူး” ဟု အန်နာက ပြောသည်။

အစိုးရကပေးသည့် လစဉ်ဘတ် ၅၀၀၀ အထောက်အပံ့အတွက် ကြိုးစားခဲ့သော်လည်း အန်နာ မရခဲ့ပေ။ လိင်ဖျော်ဖြေမှုအလုပ်မှာ အစိုးရက အွန်လိုင်းလျှောက်လွှာတွင် ဖော်ပြထားသည့် သက်မွေးဝမ်းကျောင်းမှု အမျိုးအစားတွင် မပါဝင်ပေ။ ထိုင်းနိုင်ငံအနှံ့တွင် ပြည့်တန်ဆာလုပ်ငန်းများကို တွေ့နိုင်သော်လည်း ထိုင်းဥပဒေများအရ လိင်ဖျော်ဖြေရေးမှာ တရားဝင် သက်မွေးဝမ်းကျောင်းမှု ဖြစ်မလာသေးပေ။

“ပတ္တယားမြို့က ၂၄နာရီ လည်ပတ်လှုပ်ရှားနေကြပါ။ ခုတော့ အိပ်မောကျနေပြီ” ဟု အန်နာက ပြောသည်။

လိင်လုပ်သားပေါင်း တစ်ထောင်ခန့်ဖြင့် ညစဉ်စည်ကားလေ့ရှိသည့် ဘန်ကောက်၏ ညအပျော်ရပ်ကွက် ဆွိုင်ကောင်းဘွိုင်ဘက်တွင်လည်း မတ်လ ၁၇ရက်တွင် ပိတ်ခိုင်းလိုက်သည့်အတွက် တိတ်ဆိတ်ငြိမ်သက်သွားသည်။

မတ်လ တစ်ဝက်ခန့် လုံးဝပိတ်ထားရပြီး အလုပ်မရှိသော်လည်း လုပ်သား ၈၀ ခန့်ရှိသည့် လုပ်ငန်းကြီးဖြစ်သည့် Country Road ဘားအနေဖြင့် ၎င်း၏ ဝန်ထမ်း ၈၀ ခန့်ကို လစာအပြည့်ပေးထားဆဲဖြစ်ကြောင်း ခေါင်းဆောင်ဖြစ်သူ မာမားစံက ပြောသည်။ အလုပ်မရှိဘဲ လစာပေးထားရသည့် အခြေအနေကို ဘယ်အချိန်အထိ ထိန်းထားနိုင်မည်ကို သူမသိကြောင်း မားမားစံက ပြောသည်။

“ဘယ်လိုဖြစ်မယ်မသိဘူး။ ဒီတစ်လအတွက်ပဲလည်း ဖြစ်နိုင်တယ်” ဟု သူကိုယ့်သူ မယ့်ဖတ်ဟု ပြောသည့် အသက် ၅၀ အရွယ်အမျိုးသမီးက ပြောသည်။

လိင်လုပ်သားများ၊ အထူးသဖြင့် လူမှုဘဝလုံခြုံမှုနှင့် အကာအကွယ် မဲ့နေသည့် ဘန်ကောက်ညလမ်းကြားများတွင် ဖောက်သည်စောင့်လေ့ရှိသည့် အလွတ်တန်း လိင်ဖျော်ဖြေရေးလုပ်ဆောင်သူများအတွက် သူ ဝမ်းနည်းမိသည်ဟု ခေါင်းဖြစ်သူ မားမားစံက ပြောသည်။

သူ့ဆီမှ ကောင်မလေး ၇၀ ရာခိုင်နှုန်းခန့်မှာ နေရပ်ပြန်သွားပြီဖြစ်ကြောင်း မားမားစံ မယ့်ဖတ်က ပြောသည်။ သူကတော့ ဘန်ကောက်တွင် ခိုကပ်နေပြီး ဇာတိမေ စီစခတ်သို့ မပြန်နိုင်သေးပေ။

မေလဆန်းတွင် အခြေအနေများ ပုံမှန်ပြန်ဖြစ်လာမည်ဟု ခန့်မှန်းကြောင်း မာမားစံက ပြောသည်။

“ကောင်မလေးတွေက ဧည့်သည်နဲ့ အတူထိုင် စကားပြောရမှာဆိုတော့ စိတ်ပူတယ်” ဟု မားမားစံက ပြောသည်။ ဘားပိတ်လိုက်ကတည်းက သူလည်း သီးခြားခွဲနေနေသည်။

လိင်လုပ်သားများကို ကူညီပေးနေသည့် ဖောင်ဒေးရှင်းမှ စူရန်းက ၎င်းတို့ ဖောင်ဒေးရှင်းအနေဖြင့် ဘန်ကောက်ရှိ အလုပ်လက်မဲ့ဖြစ်ပြီး ကူကယ်ရာမဲ့နေသည့် လိင်အလုပ်သမများ စာရင်းကို ကောက်ယူရန် ကြိုးစားနေသည်ဟု ဆိုသည်။ အစားအသောက်နှင့် အခြားအကူအညီများ အလိုအပ်ဆုံးသူများကို ရှာဖွေနေသည်ဟု သူမက ဆိုသည်။

“ကူးစက်ခံရပြီ(ကိုဗစ်-၁၉)ဆိုတာနဲ့ သူတို့(လိင်အလုပ်သမားတွေ)က ပထမဆုံး စွန့်ပြီးခံရပြီး အကြာဆုံး စွန့်ပစ်ခံရမယ်သူတွေပဲ” ဟု သူမက ဆိုသည်။

“ဒီအချိန်က ဒီအသက်မွေးဝမ်းကျောင်းမှုနယ်ပယ်က လူတွေအတွက် အခက်ဆုံးအချိန်ပါပဲ” ဟု သူက ဆက်ပြောသည်။

Ref: Khaosod English မှ Pravit Rojanaphruk ၏ NO JOB, NO COMPENSATION: SEX WORKERS SUFFER UNDER VIRUS SHUTDOWN ကို ဉာဏ်လင်းထက် ဘာသာပြန်ဆိုသည်။

MeKongNews

တာချီလိတ်ဆေးရုံမှ သံသယလူနာ ၆ဦးတွင် ရောဂါပိုးမတွေ့

တာချီလိတ်၊ ဧပြီ ၅

တာချီလိတ်ဆေးရုံတွင် တက်ရောက်ကုသနေသည့် ကိုဗစ်-၁၉ သံသယလူနာ ၆ဦးတွင် ရောဂါပိုးမတွေ့ကြောင်း ဧပြီလ ၅ရက်ညပိုင်း ထုတ်ပြန်သည့် ဆေးစစ်အဖြေအရ သိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ သံသယလူနာ ၅၅ဦးလုံး ရောဂါပိုးမတွေ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာခဲ့ပြီး ယင်းထဲတွင် တာချီလိတ်ဆေးရုံမှ ၆ဦးလည်း ပါဝင်ကြောင်း ရှမ်းအရှေ့ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က ပြောသည်။

“ဒီနေ့ ပိုးမတွေ့ကြောင်းထုတ်ပြန်တဲ့ ၅၅ယောက်ထဲ တာချီလိတ်က ၆ယောက် ပါပါတယ်ခင်ဗျ” ဟု၎င်းက ပြောသည်။

ထို့ကြောင့် တာချီလိတ်ဆေးရုံတွင် ဓာတ်ခွဲအဖြေစောင့်ရန် တစ်ဦးသာကျန်ပြီး အဆိုပါတစ်ဦးမှာလည်း ပထမဆေးစစ်ချက်တွင် ပိုးမတွေ့ကြောင်း အဖြေထွက်ထားပြီး ကိုယ်အပူချိန်မကျသည့်အတွက် ထပ်မံစစ်ဆေးရန် ပေးပို့ထားခြင်း ဖြစ်သည်။
MK – 001

MeKongNews

ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၂၃ ယောက်ရှိလာ

ဘန်ကောက်၊ ဧပြီ ၅

ထိ်ုင်းနိုင်ငံတွင် တနင်္ဂနွေနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၂ ယောက်ထပ်တိုးခဲ့ကြောင်း COVID-19 အခြေအနေကြီးကြပ်ကွပ်ကဲမှု ဗဟိုဌာန(CCSA)က ထုတ်ပြန်သည်။

ထို့ကြောင့် ထိုင်းတွင် ကူးစက်ခံရသူ ၂၁၆၉ ယောက်ရှိလာပြီဖြစ်သည်။

သေဆုံးသူ ၃ ယောက်လည်း ထပ်တိုးလာခဲ့သဖြင့် စုစုပေါင်းသေဆုံးသူ ၂၃ ယောက်ရှိလာပြီဖြစ်ကြောင်း ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနပြောခွင့်ရသူ တာဝီဆစ် ဝီဆာနူယိုသင်ကပြောသည်။

ထပ်တိုးသေဆုံးသူ ၃ ယောက်ထဲမှ ၂ ယောက်မှာ ထိုင်းနိုင်ငံသားများဖြစ်ပြီး ကျန်တစ်ယောက်မှာ ဆွစ်ဇာလန်မှဖြစ်သည်။

ထိုင်း ၂ ယောက်ထဲမှ တစ်ယောက်မှ မတ် ၂၂ ရက်တွင် လန်ဒန်ရှိအလုပ်မှ ထိုင်းနိုင်ငံပြန်လာသူ အသက် ၄၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး မတ် ၂၅ ရက်တွင် ‌ဆေးရုံတက်ခဲ့သည်။

သူ့အလုပ်နှင့် ပတ်သက်သည့် အသေးစိတ်များကို ထုတ်မပြောသေးချေ။

နောက်ထပ်သေဆုံးသူမှာ ဖက်သာလောင်းတွင် ‌နေထိုင်သူဖြစ်ပြီး ဆူရင်တွင်အလုပ်လုပ်သူ အသက် ၃၀ အရွယ်အမျိုးသားဖြစ်သည်။

ဆူရင်ရှိ ပရာဆက်ခရိုင်ဆေးရုံတွင် ထိုအမျိုးသား စနေနေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ ဆွစ်ဇာလန်နိုင်ငံသားမှာ အသက် ၈၂ နှစ် အရွယ်အမျိုးသားဖြစ်ပြီး ပရာချွတ်ခီရီခန်းခရိုင်မှ ဟွာဟင်ရှိပါတီတစ်ခုကို တက်ခဲ့ပြီး ဘန်ကောက်ရှိဖျော်ဖြေရေးရုံများကိုလည်း သွားရောက်ခဲ့သည်။

Source – Bangkok Post

ဥက္ကာ #MeKongNews

Photo – Bangkok Post

COVID-19ကြောင့် စီးပွားရေးထိခိုက်မှုများ သက်သာရန် ဘတ် ၁ဒဿမ၆၈ ထရီလီယံ အသုံးပြုမည်

ဘန်ကောက်၊ ဧပြီ ၅

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ထိုးနှက်ချက်လျော့ပါးစေရေး အစီအမံများအကောင်အထည်ဖော်ရန် ဝန်ကြီးချုပ်အမိန့်များ ထုတ်ပြန်ရန် အစီအစဉ်များနှင့် အတူ ထိုင်းအစိုးရက ဘတ် ၁ဒဿမ၆၈ ထရီလီယံအသုံးပြုမည့် စီးပွားရေးနှိုးဆွမှု လုပ်ငန်းစဉ်ကို ထုတ်ဖော်ကြေညာခဲ့သည်။

နောက်ဆုံး စီးပွားရေးနှိုးဆွမည့် အစီအစဉ်သည် ထိုင်းနိုင်ငံ၏ စုပေါင်းပြည်တွင်းထုတ်ကုန် (GDP)၏ ၁၀ ရာခိုင်နှုန်းရှိပြီး လက်ရှိရှိပြီးသား ဘတ်ဂျက်များပြန်ခွင့်ပြုခြင်းနှင့် ထပ်ချေးယူခြင်းများဖြင့် ရန်ပုံငွေပေးမည်ဖြစ်သည်။

အင်္ဂါနေ့တွင် ကျင်းပမည့် ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် လုပ်ငန်းစဉ်ကို ခွင့်ပြုပေးရန်တင်ပြမည်ဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် ဆွမ်ကစ် ဂျာတူဆရီပီတက်က ယမန်နေ့ကကျင်းပခဲ့သည့် အစိုးရအထူးအစည်းအဝေး အပြီးတွင်ပြောသည်။

စီးပွားရေး နှိုးဆွမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် ဝန်ကြီးချုပ်အမိန့် ၃ ရပ်ထုတ်ပြန်သွားရေးလည်း မူအားဖြင့် သဘောတူညီထားပြီဖြစ်ကြောင်း မစ္စတာဆွမ်ကစ်က ယမန်နေ့က အစည်းအဝေးတွင်ပြောသည်။

၂၀၁၂ ခုနှစ်က ထိုင်းနိုင်ငံတွင် ရေအကြီးအကျယ်ကြီးခဲ့ပြီး နောက်လုပ်ဆောင်ခဲ့သည်နှင့် ဆင်တူသည့် လုပ်ရပ်ဖြစ်သော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs)များကို ကူညီရန် သက်သာသည့် ချေးငွေများထုတ်ပေးနိုင်ရေး ထိုင်းဗဟိုဘဏ်ကို အားဖြည့်ပေးရမည့် အချက်လည်း အမိန့် ၃ ခုထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

လုပ်ငန်းစဉ်မှာ နှောင့်ယှက်မှုမရှိဘဲ စီးပွားရေးယန္တရားများ လည်ပတ်နိုင်စေရန် ရည်ရွယ်ကြောင်း ဒုတိယဝန်ကြီးချုပ်ကပြောသည်။

ငွေချေးယူခြင်းတစ်ခုတည်းဖြင့် လုပ်ငန်းစဉ်အတွက် ရန်ပုံငွေထောက်ပံမည်မဟုတ်ကြောင်း လည်းပြောသဖြင့် ချေးငွေမှာ GDP ၏ ၁၀ ရာခိုင်နှုန်းအောက်လျော့နည်းမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းအမျိုးသားစီးပွားရေးနှင့် လူမှုဖွံဖြိုးမှုကောင်စီစာရင်းများအရ ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ GDPမှာ ဘတ် ၁၆ဒဿမ၈ ထရီလီယံဘတ်ရှိခဲ့သည်။

ရန်ပုံငွေတစိတ်တပိုင်းမှာ ထိုင်းဝန်ကြီးဌာနအသီးသီးထံ ထုတ်ပေးထားသည့် ဘတ်ဂျက်ခွင့်ပြုငွေများထံမှ ၁၀ ရာခိုင်နှုန်း ထုတ်ယူသွားမည်ဖြစ်ပြီး လစာနှင့် လုပ်ခများကို တို့ထိသွားမည် မဟုတ်ကြောင်းလည်း ဆွမ်ကစ်ကပြောသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ပြီး ဝန်ကြီးဌာနများထံမှ ဘတ်ဂျက်ပြန်ယူသွားမည်ဖြစ်ပြီး ထိုင်းဗဟိုဘဏ်ကလည်း သက်သာသည့် ချေးငွေများ သက်တမ်းတိုးရန် အမိန့်ထုတ်ပြန်မည့်အပြင် လုပ်ငန်းများ၏ ငွေတိုက်စာချုပ်များကို ဝယ်ယူရန်လည်း အမိန့်ထုတ်မည်ဖြစ်သည်။

ယခု စီးပွားရေးနှိုးဆွမှုလုပ်ငန်းစဉ်သည် အများပြည်သူ၊ အသေးစားလယ်သမားများ၊ ယာယီလုပ်သားများ၊ စီးပွားရေးလုပ်ငန်းပိုင်ရှင်များနှင့် လူမှုလုံခြုံရေးစနစ်များနှင့် ဘဏ်မဟုတ်သော ဘဏ္ဍာရေးအဖွဲ့အစည်းများက လွှမ်းခြုံပေးထားရသည့် လုပ်သားများကို ကူညီရန်ရည်ရွယ်ထားကြောင်း ဆွမ်ကစ်ကပြောသည်။

လုပ်ငန်းစဉ်သစ်က ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ပေးသောလက်တွေ့ စီးပွားရေးကဏ္ဍကို အရှိန်မြှင့်တင်ပေးမည် ဖြစ်ကြောင်းလည်းပြောသည်။

ကျန်းမာရေးစနစ်ကို ထောက်ပံ့ရန်၊ အလုပ်အကိုင်များ ဖန်တီးရန်သာမက နိုင်ငံတဝန်းလုံးမှ အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ရန် ရန်ပုံငွေများ ထပ်မံချပေးသွားမည်ဖြစ်သည်။

စီးပွားရေးတစ်ခုလုံးကို ပြန်ထောက်ပံ့နေသည့် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍကိုလည်း လုပ်ငန်းစဉ်က အကျိုးဖြစ်ထွန်းစေမည်ဟုလည်း ဆွမ်ကစ်ကပြောသည်။

“ဒီစီးပွားရေးနှိုးဆွမှု အစီအမံသစ်နဲ့ဆိုရင် စီးပွားရေးကဏ္ဍဟာ မှီခိုစရာရှိတယ်ဆိုပြီး ယုံကြည်ချက်ရှိသွားမှာပါ။ ဘာမှမလုပ်နိုင်ဘူးဆိုရင် ၁၉၉၇ ခုနှစ် ဘဏ္ဍာရေး အကြပ်အတည်း ပြန်ဖြစ်လာတာကို ကျွန်တော်တို့ပြန်မြင်ရမှာပါ။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်တော်တို့တွေ သင်ခန်းစာရပြီးပြီဆိုတော့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ သိနေပါပြီ”ဟု ဆွမ်ကစ်ကပြောသည်။

လူတစ်ယောက်ချင်းစီနှင့် စီးပွားရေးလုပ်ငန်းများအပေါ် COVID-19ကြောင့် ဆိုးကျိုးသက်ရောက်မှု လျော့ပါးစေရန် ဘတ်ဘီလီယံ ၅၀ဝ ကျော်မြင့်တင်အသုံးပြုရန်စီစဉ်ထားသည့် စီးပွားရေးလုပ်ငန်းစဉ်များကို ထိုင်းအစိုးရက ထုတ်ပြန်ထားပြီဖြစ်သည်။

Source – Bangkok Post

ဥက္ကာ #MeKongNews

Photo – Bangkok Post

သံသယလူနာတစ်ဦး ပိုးမတွေ့အဖြေထွက်သော်လည်း ကိုယ်ပူမကျ၍ ထပ်မံစစ်ဆေးရမည်

တာချီလိတ်၊ ဧပြီ ၅

တာချီလိတ်ဆေးရုံမှ လူနာတစ်ဦးမှာ ကိုဗစ်-၁၉ စစ်ဆေးရာတွင် ရောဂါပိုးမတွေ့ကြောင်း အဖြေထွက်ခဲ့သော်လည်း ကိုယ်အပူချိန်ကျဆင်းခြင်း မရှိသေးသည့်အတွက် ထပ်မံ ဓာတ်ခွဲစစ်ဆေးရမည် ဖြစ်ကြောင်း တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

လာအိုမှ ပြန်လာသည့်အသက် ၂၉နှစ်အရွယ်အမျိုးသားမှာ ဧပြီလ ၂ရက် ညပိုင်း ဓာတ်ခွဲအဖြေအရ ရောဂါပိုးမတွေ့ကြောင်း စစ်ဆေးတွေ့ရှိသော်လည်း ကိုယ်အပူချိန်မကျသေးသည့်အတွက် ထပ်မံစစ်ဆေးရန် တို့ဖတ်နမူနာများ ပေးပို့ထားကြောင်း တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာရွှေဝင်းက ပြောသည်။

“သံသယလူနာ ၆ယောက်ရယ်၊ ပြန်စစ်ရမယ့် တစ်ယောက်ရယ်ဆို ဓာတ်ခွဲအဖြေစောင့်တာ ၇ယောက်ရှိပါတယ်” ဟု ဒေါက်တာရွှေဝင်းက ပြောသည်။

ဧပြီလ ၅ရက် ယနေ့ည ဓာတ်ခွဲအဖြေတွင် သံသယလူနာ ၆ဦး၏ ဆေးစစ်အဖြေ ပါဝင်လာဖွယ်ရှိကြောင်းလည်း တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

MK – 001

MeKongNews

ကိုယ်ဝန်ပျက်ကျပြီး လာအိုမှပြန်လာသူတစ်ဦး ကိုယ်အပူချိန်မြင့်နေ၍ သံသယလူနာအဖြစ် သတ်မှတ်

လာအိုရှိ မဲခေါင်မြစ်ဆိပ်ကမ်းတစ်နေရာကို ဆိပ်ကမ်းမပိတ်မီက တွေ့ရစဉ်

တာချီလိတ်၊ ဧပြီ ၃

ကိုယ်ဝန်ပျက်ကျသည့်အတွက် လာအိုနိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ ပြန်လာသည့် မြန်မာနိုင်ငံသူတစ်ဦးမှာ ကိုယ်အပူချိန်မြင့်နေသဖြင့် ကိုဗစ် – ၁၉ သံသယလူနာအဖြစ် သတ်မှတ်ကာ တာချီလိတ်ခရိုင်ဆေးရုံကြီးသို့ ပိုဆောင်နေကြောင်း စုံစမ်းသိရသည်။

ကိုယ်ဝန်ပျက်ကျပြီး ပြန်လာသည့်အမျိုးသမီးမှာ ကိုယ်အပူချိန်မြင့်နေသည့်အတွက် သံသယလူနာအဖြစ် သတ်မှတ်ကာ ဆေးရုံသို့ပို့ဆောင်ရန် လုပ်နေကြောင်း တာချီလိတ်ခရိုင်ဆေးရုံးအုပ်ကြီး ဒေါက်တာရွှေဝင်းက အတည်ပြုသည်။

ဧပြီလ ၃ရက် ညနေ ၅နာရီခန့်အထိ အဆိုပါအမျိုးသမီးကို တာချီလိတ်ခရိုင်ဆေးရုံကြီးသို့ တင်ဆောင်ရန် သွားရောက်ခေါ်ဆောင်နေသည်။

အဆိုပါအမျိုးသမီးအပါအဝင် တာချီလိတ်ခရိုင်ဆေးရုံကြီးတွင် သံသယလူနာ ၄ဦး ရှိလာပြီ ဖြစ်သည်။

MK – 001

MeKongNews

Design a site like this with WordPress.com
Get started