
တာချီလိတ်၊ ဇန်နဝါရီ ၂၂
တာချီလိတ်တွင် ဇန်နဝါရီလ ၂၂ ရက် နံနက်အစောပိုင်းက လူ (၄)ဦး စီးလာသည့် မော်တော်ဆိုင်ကယ်ကို အရှိန်ဖြင့် ကွေ့ရာမှ တိမ်းမှောက်ပြီး ဆိုင်ကယ်စီးနင်းလာသူ (၄)ဦးစလုံး ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ စည်ပင်ရုံးရှေ့၊ ဗိုလ်ချုပ်လမ်းမပေါ်၌ ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက ဆိုင်ကယ်တစ်စီးကို လူ(၄)ဦး စီးနင်းလာပြီး ပါလျှံမီးပွိုင့်ဘက်မှ အမှတ်(၂)ချစ်ကြည်ရေး တံတားလမ်းဆုံမီးပွိုင့်ဘက်သို့ ချိုးကွေ့မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းရှိ စည်ပင်ရုံးရှေ့တွင် တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းနှင်သူ အိုက်ကျိုင်း (၁၉ နှစ်)၊ စီးနင်းလာသူများဖြစ်သည့် စိုင်းအွန်ခမ်း (၁၉ နှစ်)၊ စိုင်းလျှဲန်း (၁၆ နှစ်)၊ စိုင်းခမ်းလီ (၁၈ နှစ်)၊ မယ်ယန်းရွာ၊ မိုင်းကိုးကျေးရွာအုပ်စု၊ တာချီလိတ်မြို့နေသူ (၄)ဦးလုံး ဒဏ်ရာအသီးသီး ပြင်းထန်စွာရရှိခဲ့ပြီး တာချီလိတ်ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသခဲ့ရသည်။
အမှုမှ ဆိုင်ကယ်အား မဆင်မခြင်ချိုးကွေ့မောင်းနှင်သူ အိုက်ကျိုင်း (၁၉ နှစ်)၊ မယ်ယန်းရွာ၊ မိုင်းကိုးကျေးရွာအုပ်စု၊ တာချီလိတ်မြို့နေသူအား တာချီလိတ်မြို့မရဲစခန်း က ယာဉ်(ပ)၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
MK – 002





