နယူးယောက်၊ ဖေဖော်ဝါရီ ၄ မြန်မာနိုင်ငံတွင် တနင်္လာနေ့ကဖြစ်ခဲ့သည့်အာဏာသိမ်းမှုမအောင်မြင်စေရန် ပြုလုပ်ကြရေး ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က တိုက်တွန်းသည်။ ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲခြင်းသည် လက်ခံနိုင်ဖွယ်မရှိကြောင်းလည်းပြောပြီး နိုင်ငံကိုအုပ်ချုပ်ရန်နည်းလမ်းမရှိကြောင်း အာဏာသိမ်းခေါင်းဆောင်များကို နားလည်အောင်လုပ်ရမည်ဟုလည်း ဝါရှင်တန်ပို့စ်သတင်းစာနှင့် တွေ့ဆုံမေးမြန်းမှုတွင်ဖော်ပြသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ပြန်ချက်တရပ်အတွက် ဆွေးနွေးနေသော်လည်း တရုတ်နိုင်ငံက အာဏာသိမ်းမှုကိုရှုတ်ချသည့် စကားလုံးများကို ပိတ်ဆို့မည်ဟုခန့်မှန်းထားသည်။ တပ်မတော်က အာဏာထိန်းချုပ်လိုက်ချိန်တွင် ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားသည်။ ဖေဖော်ဝါရီ ၁၅ ရက်အထိ ဒေါ်အောင်ဆန်းစုကြည်ကိုထိန်းသိမ်းထားရန် ရဲတပ်ဖွဲ့က စွဲချက်များစွာတင်ထားသည်။ အာဏာထိန်းသိမ်းပြီးနောက်ပိုင်း မစ္စ စုကြည်သာမက ဖြုတ်ချခံရသည့်သမ္မတ ဦးဝင်းမြင့်ထံမှ တစုံတရာကြားရခြင်းမရှိသေးချေ။ တပ်မတော်ဦးစီးချုပ်ဦးဆောင်သည့် အာဏာသိမ်းမှုနောက်ပိုင်း အဖွဲ့ဝင် ၁၁ ယောက်ပါသည့်စစ်အစိုးရကိုဖွဲ့စည်းထားသည်။ မစ္စ စုကြည်၏အန်အယ်ဒီပါတီက ပြတ်ပြတ်သားသားအနိုင်ရခဲ့သော နိုဝင်ဘာရွေးကောက်ပွဲတွင် မဲသမာမှုအကြီးအကျယ်ရှိသည်ဟုစွပ်စွဲပြီး တရားမျှတမှုရှိစေရန်လုပ်ဆောင်နေသည်ဟု တနှစ်ကြာအရေးပေါ်အခြေအနေ ကြေညာထားသည့်တပ်မတော်ကပြောထားသည်။ …
Category Archives: Uncategorized
စပ်စံထွန်းဆေးရုံဖဲကြိုးနီလှုပ်ရှား
[U] တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် တပ်မတော်မှ ပြည်သူ့အစိုးရထံကနေ အဓမ္မအာဏာသိမ်းယူခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဖဲကြိုးနီလှုပ်ရှားမှုကို ယနေ့ (ဖေဖော်ဝါရီလ ၄ ရက်)၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။#MeKongNews [Z] တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် တပ်မတော်မှ ပြည်သူ့အစိုးရထံကနေ အဓမ္မအာဏာသိမ်းယူခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဖဲကြိုးနီလှုပ်ရှားမှုကို ယနေ့ (ဖေဖော်ဝါရီလ ၄ ရက်)၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။#MeKongNews
ကမ္ဘာ့ကပ်ရောဂါရှိကြုံနေချိန် ကန်ချာနာဘူရီဆင်စခန်းတွင် ဆင်များအငတ်ဘေးကြုံနေ
ကန်ချာနာဘူရီ၊ ဧပြီ ၆ ထိုင်းအနောက်ပိုင်းခရိုင် ကန်ချာနာဘူရီရှိဆင်စခန်းတစ်ခုတွင် ရှိသော ဆင်ထိန်းများသည် အနီးအနားရှိရေကန်တွင် ပေါင်းပင်များစုဆောင်းရန် ရေဆင်းကူးခြင်းနှင့် အသားကျအောင်လုပ်နေကြသည်။ ထိုင်းတစ်နိုင်ငံလုံး အလုံပိတ်လိုက်မှုကြောင့် သူတို့၏တိရစ္ဆာန်များ ကြိုက်သည့်အစာများ အတွက်ငွေပေးရန်လိုအပ်သော နိုင်ငံခြားငွေမရှိဘဲဖြစ်နေကြသဖြင့် အစာအတွက် လုပ်နေခြင်းဖြစ်သည်။ သာမန်ရာသီတွင် တာဝီချိုင်ဆင်စခန်းသည် တစ်နေ့လျှင် ရုရှားနှင့် ဥရောပနိုင်ငံများမှ အများစုဖြစ်သောခရီးသည် ၁၀ဝခန့်ကို လက်ခံကြိုဆိုပြီး ထိုသူများက ဆင်စီးရန်နှင့် အစာကျွေးရန်ကဲ့သို့သော လှုပ်ရှားမှုများအတွက် တစ်ယောက်လျှင် ဘတ် ၁၀ဝ၀ မှ ဘတ် ၅၀ဝ၀ ခန့်အထိသုံးစွဲကြသည်။ လက်ရှိတွင် ထွက်ငွေရှိပြီး ဝင်ငွေမရှိဘဲဖြစ်နေသည်။ စခန်းရှိဆင် ၂၅ ကောင်ကိုအစာကျွေးရန်နှင့် ဆင်ဦးစီးကြေးနှင့် အခြားဝန်ထမ်းကြေးများပေါင်းပါက တစ်လလျှင် ဘတ် ၁၀ သိန်းခန့်ကုန်ကြောင်း စခန်းပိုင်ရှင် ဒမ်ရောင် လောင်ဆာကူကပြောသည်။ “အိပ်မပျော်တဲ့အထိ စိတ်ဖိစီးတယ်ဗျာ။ …
Continue reading “ကမ္ဘာ့ကပ်ရောဂါရှိကြုံနေချိန် ကန်ချာနာဘူရီဆင်စခန်းတွင် ဆင်များအငတ်ဘေးကြုံနေ”
ရှမ်းအရှေ့တွင် ကိုဗစ် – ၁၉ သံသယလူနာ ၅ ဦး ရှိနေ
တာချီလိတ်၊ ဧပြီ ၆ ဧပြီလ ၆ရက် ညပိုင်း ဓာတ်ခွဲရလဒ်များ မထွက်သေးခင်အထိ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ကိုဗစ်-၁၉ သံသယလူနာ ၅ဦး ရှိနေကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ “ဒီနေ့ ကျိုင်းတုံမှာ တစ်ယောက်တိုးတယ်။ မိုင်းဆတ်မှာ ၂ယောက်။ မနေ့ညကအထိ မိုင်းဖြတ်တစ်ယောက်။ ကျိုင်းတုံတစ်ယောက် ရှိပါတယ်” ဟု ရှမ်းပြည်နယ်အရှေးပိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်ကပြောသည်။ တာချီလိတ်ခရိုင်ဆေးရုံးကြီးတွင်မှု သံသယလူနာများထဲမှ ဓာတ်ခွဲအဖြေပြန်လည် စစ်ဆေးရမည့် တစ်ယောက်သာ ကျန်တော့ကြောင်း ဒေါက်တာဘစိုးသက်က ပြောသည်။ “တာချီလိတ်က လူနာက ပိုးမရှိကြောင်းအဖြေထွက်ပေမယ့် ကိုယ်ပူချိန်မကျလို့ ပြန်စစ်ရမှာလို့ ပြောပါတယ်” ဟု၎င်းက ပြောသည်။ အဆိုပါလူနာ၏ တို့ဖတ်နမူနာကို ဧပြီလ ၇ရက်တွင် ပေးပို့သွားမည်ဖြစ်ကြောင်း …
Continue reading “ရှမ်းအရှေ့တွင် ကိုဗစ် – ၁၉ သံသယလူနာ ၅ ဦး ရှိနေ”
အလုပ်မရှိ၊ အထောက်အပံ့လည်းမရကြသူများ
ဝင်ငွေမရှိတာ ၂ပတ်ရှိပြီဟု အန်နာက ပြောသည်။ သူက ပတ္တယား၏ ညလမ်းတွင် ကျင်လည်သည့် အသက် ၃၃နှစ်အရွယ် လိင်လုပ်သားတစ်ဦး ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကို ထိန်းသိမ်းရန် အစိုးရက ပတ္တယားညလမ်းကို ပိတ်ခိုင်းလိုက်ကတည်းက အန်နာ့မှာ ဝင်ငွေမရှိတော့ဘဲ လက်ထဲတွင် ဘတ် ၁၁၀၀၀ သာ ကျန်သည်။ ကျန်တဲ့ငွေထဲက ဘတ် ၇၀၀၀ထောင်က အိမ်လခနှင့် ရေဖိုး၊ မီးဖိုး ပေးရန် ရှိနေသည်။ “အချိန်းပိုင်း တစ်နာရီ၊ နှစ်နာရီဆို ဘတ် ၂၀၀၀ ယူတယ်(လိင်ဝန်ဆောင်မှုအတွက်)။ ကြာကြာ ၅နာရီလောက်ဆိုရင်တော့ ဘတ် ၅၀၀၀ ယူတယ်။ အခုတော့ အချိန်ပိုင်းရော၊ ကြာကြာရော၊ လိုင်းပေါ်က ချိတ်တာရော ဘာမှ မရှိတော့ဘူး” ဟု အန်နာက ကြာသပတေးနေ့က ပြောသည်။ …
တာချီလိတ်ဆေးရုံမှ သံသယလူနာ ၆ဦးတွင် ရောဂါပိုးမတွေ့
တာချီလိတ်၊ ဧပြီ ၅ တာချီလိတ်ဆေးရုံတွင် တက်ရောက်ကုသနေသည့် ကိုဗစ်-၁၉ သံသယလူနာ ၆ဦးတွင် ရောဂါပိုးမတွေ့ကြောင်း ဧပြီလ ၅ရက်ညပိုင်း ထုတ်ပြန်သည့် ဆေးစစ်အဖြေအရ သိရသည်။ မြန်မာတစ်နိုင်ငံလုံးရှိ သံသယလူနာ ၅၅ဦးလုံး ရောဂါပိုးမတွေ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာခဲ့ပြီး ယင်းထဲတွင် တာချီလိတ်ဆေးရုံမှ ၆ဦးလည်း ပါဝင်ကြောင်း ရှမ်းအရှေ့ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က ပြောသည်။ “ဒီနေ့ ပိုးမတွေ့ကြောင်းထုတ်ပြန်တဲ့ ၅၅ယောက်ထဲ တာချီလိတ်က ၆ယောက် ပါပါတယ်ခင်ဗျ” ဟု၎င်းက ပြောသည်။ ထို့ကြောင့် တာချီလိတ်ဆေးရုံတွင် ဓာတ်ခွဲအဖြေစောင့်ရန် တစ်ဦးသာကျန်ပြီး အဆိုပါတစ်ဦးမှာလည်း ပထမဆေးစစ်ချက်တွင် ပိုးမတွေ့ကြောင်း အဖြေထွက်ထားပြီး ကိုယ်အပူချိန်မကျသည့်အတွက် ထပ်မံစစ်ဆေးရန် ပေးပို့ထားခြင်း ဖြစ်သည်။MK – 001 MeKongNews
ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၂၃ ယောက်ရှိလာ
ဘန်ကောက်၊ ဧပြီ ၅ ထိ်ုင်းနိုင်ငံတွင် တနင်္ဂနွေနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၂ ယောက်ထပ်တိုးခဲ့ကြောင်း COVID-19 အခြေအနေကြီးကြပ်ကွပ်ကဲမှု ဗဟိုဌာန(CCSA)က ထုတ်ပြန်သည်။ ထို့ကြောင့် ထိုင်းတွင် ကူးစက်ခံရသူ ၂၁၆၉ ယောက်ရှိလာပြီဖြစ်သည်။ သေဆုံးသူ ၃ ယောက်လည်း ထပ်တိုးလာခဲ့သဖြင့် စုစုပေါင်းသေဆုံးသူ ၂၃ ယောက်ရှိလာပြီဖြစ်ကြောင်း ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနပြောခွင့်ရသူ တာဝီဆစ် ဝီဆာနူယိုသင်ကပြောသည်။ ထပ်တိုးသေဆုံးသူ ၃ ယောက်ထဲမှ ၂ ယောက်မှာ ထိုင်းနိုင်ငံသားများဖြစ်ပြီး ကျန်တစ်ယောက်မှာ ဆွစ်ဇာလန်မှဖြစ်သည်။ ထိုင်း ၂ ယောက်ထဲမှ တစ်ယောက်မှ မတ် ၂၂ ရက်တွင် လန်ဒန်ရှိအလုပ်မှ ထိုင်းနိုင်ငံပြန်လာသူ အသက် ၄၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး မတ် ၂၅ ရက်တွင် ဆေးရုံတက်ခဲ့သည်။ သူ့အလုပ်နှင့် ပတ်သက်သည့် …
Continue reading “ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၂၃ ယောက်ရှိလာ”
COVID-19ကြောင့် စီးပွားရေးထိခိုက်မှုများ သက်သာရန် ဘတ် ၁ဒဿမ၆၈ ထရီလီယံ အသုံးပြုမည်
ဘန်ကောက်၊ ဧပြီ ၅ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ထိုးနှက်ချက်လျော့ပါးစေရေး အစီအမံများအကောင်အထည်ဖော်ရန် ဝန်ကြီးချုပ်အမိန့်များ ထုတ်ပြန်ရန် အစီအစဉ်များနှင့် အတူ ထိုင်းအစိုးရက ဘတ် ၁ဒဿမ၆၈ ထရီလီယံအသုံးပြုမည့် စီးပွားရေးနှိုးဆွမှု လုပ်ငန်းစဉ်ကို ထုတ်ဖော်ကြေညာခဲ့သည်။ နောက်ဆုံး စီးပွားရေးနှိုးဆွမည့် အစီအစဉ်သည် ထိုင်းနိုင်ငံ၏ စုပေါင်းပြည်တွင်းထုတ်ကုန် (GDP)၏ ၁၀ ရာခိုင်နှုန်းရှိပြီး လက်ရှိရှိပြီးသား ဘတ်ဂျက်များပြန်ခွင့်ပြုခြင်းနှင့် ထပ်ချေးယူခြင်းများဖြင့် ရန်ပုံငွေပေးမည်ဖြစ်သည်။ အင်္ဂါနေ့တွင် ကျင်းပမည့် ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် လုပ်ငန်းစဉ်ကို ခွင့်ပြုပေးရန်တင်ပြမည်ဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် ဆွမ်ကစ် ဂျာတူဆရီပီတက်က ယမန်နေ့ကကျင်းပခဲ့သည့် အစိုးရအထူးအစည်းအဝေး အပြီးတွင်ပြောသည်။ စီးပွားရေး နှိုးဆွမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် ဝန်ကြီးချုပ်အမိန့် ၃ ရပ်ထုတ်ပြန်သွားရေးလည်း မူအားဖြင့် သဘောတူညီထားပြီဖြစ်ကြောင်း မစ္စတာဆွမ်ကစ်က ယမန်နေ့က အစည်းအဝေးတွင်ပြောသည်။ ၂၀၁၂ ခုနှစ်က ထိုင်းနိုင်ငံတွင် …
Continue reading “COVID-19ကြောင့် စီးပွားရေးထိခိုက်မှုများ သက်သာရန် ဘတ် ၁ဒဿမ၆၈ ထရီလီယံ အသုံးပြုမည်”
သံသယလူနာတစ်ဦး ပိုးမတွေ့အဖြေထွက်သော်လည်း ကိုယ်ပူမကျ၍ ထပ်မံစစ်ဆေးရမည်
တာချီလိတ်၊ ဧပြီ ၅ တာချီလိတ်ဆေးရုံမှ လူနာတစ်ဦးမှာ ကိုဗစ်-၁၉ စစ်ဆေးရာတွင် ရောဂါပိုးမတွေ့ကြောင်း အဖြေထွက်ခဲ့သော်လည်း ကိုယ်အပူချိန်ကျဆင်းခြင်း မရှိသေးသည့်အတွက် ထပ်မံ ဓာတ်ခွဲစစ်ဆေးရမည် ဖြစ်ကြောင်း တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ လာအိုမှ ပြန်လာသည့်အသက် ၂၉နှစ်အရွယ်အမျိုးသားမှာ ဧပြီလ ၂ရက် ညပိုင်း ဓာတ်ခွဲအဖြေအရ ရောဂါပိုးမတွေ့ကြောင်း စစ်ဆေးတွေ့ရှိသော်လည်း ကိုယ်အပူချိန်မကျသေးသည့်အတွက် ထပ်မံစစ်ဆေးရန် တို့ဖတ်နမူနာများ ပေးပို့ထားကြောင်း တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာရွှေဝင်းက ပြောသည်။ “သံသယလူနာ ၆ယောက်ရယ်၊ ပြန်စစ်ရမယ့် တစ်ယောက်ရယ်ဆို ဓာတ်ခွဲအဖြေစောင့်တာ ၇ယောက်ရှိပါတယ်” ဟု ဒေါက်တာရွှေဝင်းက ပြောသည်။ ဧပြီလ ၅ရက် ယနေ့ည ဓာတ်ခွဲအဖြေတွင် သံသယလူနာ ၆ဦး၏ ဆေးစစ်အဖြေ ပါဝင်လာဖွယ်ရှိကြောင်းလည်း တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ MK – 001 …
Continue reading “သံသယလူနာတစ်ဦး ပိုးမတွေ့အဖြေထွက်သော်လည်း ကိုယ်ပူမကျ၍ ထပ်မံစစ်ဆေးရမည်”
ကိုယ်ဝန်ပျက်ကျပြီး လာအိုမှပြန်လာသူတစ်ဦး ကိုယ်အပူချိန်မြင့်နေ၍ သံသယလူနာအဖြစ် သတ်မှတ်
တာချီလိတ်၊ ဧပြီ ၃ ကိုယ်ဝန်ပျက်ကျသည့်အတွက် လာအိုနိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ ပြန်လာသည့် မြန်မာနိုင်ငံသူတစ်ဦးမှာ ကိုယ်အပူချိန်မြင့်နေသဖြင့် ကိုဗစ် – ၁၉ သံသယလူနာအဖြစ် သတ်မှတ်ကာ တာချီလိတ်ခရိုင်ဆေးရုံကြီးသို့ ပိုဆောင်နေကြောင်း စုံစမ်းသိရသည်။ ကိုယ်ဝန်ပျက်ကျပြီး ပြန်လာသည့်အမျိုးသမီးမှာ ကိုယ်အပူချိန်မြင့်နေသည့်အတွက် သံသယလူနာအဖြစ် သတ်မှတ်ကာ ဆေးရုံသို့ပို့ဆောင်ရန် လုပ်နေကြောင်း တာချီလိတ်ခရိုင်ဆေးရုံးအုပ်ကြီး ဒေါက်တာရွှေဝင်းက အတည်ပြုသည်။ ဧပြီလ ၃ရက် ညနေ ၅နာရီခန့်အထိ အဆိုပါအမျိုးသမီးကို တာချီလိတ်ခရိုင်ဆေးရုံကြီးသို့ တင်ဆောင်ရန် သွားရောက်ခေါ်ဆောင်နေသည်။ အဆိုပါအမျိုးသမီးအပါအဝင် တာချီလိတ်ခရိုင်ဆေးရုံကြီးတွင် သံသယလူနာ ၄ဦး ရှိလာပြီ ဖြစ်သည်။ MK – 001 MeKongNews