ရန်ကုန်၊ ဇန်နဝါရီ ၃၁ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု သံသယဖြစ်ဖွယ် လူနာလိုက်ပါလာသည့် China Southern Airline လေကြောင်းမှ လေယာဉ်ဖြင့် ရန်ကုန်သို့ လိုက်ပါလာသည့် တရုတ်ခရီးသည်အားလုံး မူလထွက်ခွာရာလေဆိပ်သို့ အဆိုပါလေယာဉ်ဖြင့် ပြန်သွားကြောင်း ရန်ကုန်လေဆိပ်မှသိရသည်။ လေယာဉ်ပေါ်တွင် တရုတ်ခရီးသည်နှင့် မြန်မာ ခရီးသည် ၈၀ ဦးကျော်ပါဝင်လာပြီး သံသယလူနာ တရုတ်ခရီးသည်တဦးကို ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန်တရုတ်ခရီးသည် အားလုံးမှာ ၎င်းတို့ဆန္ဒအလျောက် မူလထွက်ခွာရာ တရုတ်နိုင်ငံသို့ ညနေ ၃နာရီ ၄၅မိနစ်ခန့်က ပြန်သွားကြောင်း ရန်ကုန်လေဆိပ်အထွေထွေမန်နေဂျာ ဦးစိုးပိုင်ကပြောသည်။ အဆိုပါေလယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လာသည့် မြန်မာနိုင်ငံသား ၂ဦးကိုမူ လိုအပ်သည့်စမ်းသပ်မှုများပြုလုပ်ရန် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။ #MeKongNews
Category Archives: Uncategorized
ဝူဟန်ဗိုင်းရပ်စ်ဂယက်ကြောင့် လာအို Kings Romans ကာစီနိုရုံပိတ်၊ မြန်မာလုပ်သားထောင်နှင့်ချီ တာချီလိတ်ဘက်ပြန်လာ
တာချီလိတ်၊ ဇန်နဝါရီ ၃၁ ဝူဟန်ဗိုင်းရပ်စ် ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် လာအိုနိုင်ငံ၊ ဘော်ကဲအိုခရိုင်တွင် ဖွင့်လှစ်ထားသည့် Kings Romans ကာစီနိုရုံကို ပြီးခဲ့သည့်ရက်ပိုင်းက စတင်ပိတ်လိုက်ပြီး အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ထောင်နှင့်ချီကာ တာချီလိတ်ဘက်သို့ ပြန်နေကြောင်း လာအိုဘက်တွင် အလုပ်လုပ်ကိုင်နေသူများထံမှ သိရသည်။ လာအိုဘက်တွင် ဝူဟန်ဗိုင်းရပ်စ် ရောဂါကူးစက်မှု မရှိသော်လည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် Kings Romans ကာစီနိုရုံအပါအဝင် ၎င်း၏လုပ်ငန်းများကို ပိတ်ကာ အဝင်အထွက်လူကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် အာစိဏ္ဏကံလူမှုအကျိုးဆောင်အဖွဲ့ဝင်မှ ဦးတင်ငွေက မဲခေါင်သတင်းဌာနသို့ ပြောသည်။ “ရောဂါပိုးရှိတဲ့ လူနာတွေ့တယ် ဆိုတာက မဟုတ်ဘူး။ ကောလာဟလက မျိုးစုံပဲ။ သေလို့ အလောင်းကို အိတ်အနက်နဲ့ပတ်ပြီး သင်္ချိုင်းမှာ သွားပစ်တယ်ဆိုတာရော စုံနေတာပဲ။ တကယ်က ကူးမှာဆိုးလို့ အဝင်အထွက်တွေ ပိတ်လိုက်တာ” …
[[BREAKING]]ကွမ်ကျိုးမှရန်ကုန်လာသည့် လေယာဉ်ပေါ်တွင် ဝူဟန်ဗိုင်းရပ်စ်သံသယလူနာ တစ်ဦးတွေ့
ရန်ကုန်၊ ဇန်နဝါရီ ၃၁ တရုတ်နိုင်ငံမှ ရန်ကုန် မင်္ဂလာဒုံလေဆိပ်သို့ ဆိုက်ရောက်သည့် လေယာဉ်ပေါ်တွင် ဝူဟန်ဗိုင်းရပ်စ် သံသယရှိ လူနာတစ်ဦးကို ဇန်နဝါရီလ ၃၁ရက် နေ့လည်ပိုင်းက တွေ့ရှိကြောင်း ကနဦးသိရသည်။ သံသယရှိလူနာကို မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီ ကူးစက်ရောဂါကုဆေးရုံသို့ တင်ပို့ထားပြီး လေယာဉ်ပေါ်မှ လူများကို ဆင်းခွင့်မပေးသေးကြောင်း သိရသည်။(ဆက်လက်ဖော်ပြပါမည်) Updated at 3:00 PM လေယာဉ်ပေါ်ပါလာသည့် တရုတ်နိုင်ငံသားများကို ပြည်ဝင်ခွင့်မပေးဘဲ တရုတ်နိုင်ငံသို့ ပြန်လည်စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။(ဆက်လက်ဖော်ပြပါမည်) #MeKongNewsPhoto – Zaw Latt
ဝူဟန်ဗိုင်းရပ်စ်ကြောင့် ထိုင်းနယ်စပ် BP1 ဂိတ်နှင့် ပါချီး ဂိတ်ပေါက်များမှ လူဖြတ်သန်းသွားလာမှု လုံးဝ ပိတ်ပင်
တာချီလိတ်၊ ဇန်နဝါရီ ၃၀ ဝူဟန်ဗိုင်းရပ်စ် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန် မိုင်းတုံမြို့နယ်အတွင်းမှ မြန်မာ-ထိုင်းနယ်စပ် ဂိတ်ပေါက်များဖြစ်သည့် BP1 ဂိတ်နှင့် ပါချီး ဂိတ်ပေါက်များမှ လူဖြတ်သန်းသွားမှုကို ဇန်နဝါရီလ ၃၀ရက် နံနက်ပိုင်းမှ စတင်ကာ လုံးဝ ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း မိုင်းတုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ BP1 ဂိတ်နှင့် ပါချီး ဂိတ်များမှာ ကုန်သွယ်မှုနှင့် ဖြတ်သန်းသွားလာမှု တရားဝင်ပိတ်ပင်ထားသော်လည်း လူမှုရေး ကိစ္စများဖြင့် ထိုင်းနိုင်ငံဘက်သို့ သွားရောက်ရာတွင် နားလည်မှုဖြင့် ဖြတ်သန်းသွားလာမှု ပြုနေကြခြင်းဖြစ်ပြီး ယခုအခါ အဆိုပါ ဖြတ်သန်းသွားမှုများကိုပါ လုံးဝ ပိတ်လိုက်ပြီဖြစ်ကြောင်း မိုင်းတုံမြို့နယ်၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သက်ခိုင်မင်းက ပြောသည်။ “BP1 ဂိတ်ကတော့ ပိတ်တာ ၂ရက်၊ ၃ ရက်လောက်ရှိပြီပြောတယ်။ ပါချီးကတော့ …
ICJအမှု ကနဦးလျှောက်တင်ရမည့်နေ့ရက်များကြေညာ
The Hague၊ ဇန်နဝါရီ ၂၉ ကုလသမဂ္ဂလူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာသဘောတူစာချုပ်ကို မြန်မာနိုင်ငံချိုးဖောက်သည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို စွဲချက်တင်ခဲ့သည့်အမှုအတွက် ကနဦးကြားနာရမည့်နေ့ရက်များကို ဇန်နဝါရီ ၂၈ ရက် အဂ်ါနေ့တွင် နိုင်ငံတကာတရားရုံးICJက ကြေညာသည်။ ယခုနှစ်ဇူလိုင် ၂၃ ရက်တွင် စွဲချက်တင်သည့်ဂမ်ဘီယာနိုင်ငံက ပထမဆုံးလျှောက်လဲမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် မြန်မာနိုင်ငံက ချေပလျှောက်လဲရမည်ဖြစ်သည်။ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအသင်း OICကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကိုပြီးခဲ့သည့်နိုဝင်ဘာတွင် စွဲချက်တင်ခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်တွင် ကြားဖြတ်ကြိုတင်ကာကွယ်ရေးအစီအစဥ် ၄ ချက်ကို မြန်မာနိုင်ငံလိုက်နာရမည်ဟု ICJက ဆုံးဖြတ်ခဲ့သည်။ #ဥက္ကာ#MeKongNews
ထိုင်းလေဆိပ်ထဲတရုတ်ခရီးသည်လဲကျခြင်း ဗိုင်းရပ်စ်ကြောင့်မဟုတ်ဘဲ အရက်မူးခြင်းကြောင့်ဟု လေဆိပ်ထုတ်ပြန်
ဆာမွတ်ပရာခန်း၊ ဇန်နဝါရီ ၂၉ လူမှုကွန်ရက်တွင်ပြန့်နှံ့နေသောသု၀ဏ္ဏဘူမိလေဆိပ်တွင်တရုတ်ခရီးသည်တစ်ယောက်လဲကျခဲ့ခြင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုနှင့်မသက်ဆိုင်ကြောင်း လေဆိပ်အရာရှိတစ်ယောက်ကပြောသည်။ ပထမဆုံးပုံတင်ခဲ့သူမှာ Wa Saranpatဆိုသူဖြစ်ပြီး ဘန်ကောက်၏အဓိကနိုင်ငံတကာလေဆိပ်ထဲမှ ဘဏ်တစ်ဘဏ်ရှေ့တွင် ဆေး၀န်ထမ်းများက ထိုတရုတ်လူမျိုးကို၀န်းရံထားခြင်းကိုရိုက်ကူးထားခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသားအင်တာနက်အသုံးပြုသူများက ထိုပုံကိုပြန်ဝေမျှခဲ့ပြီး အင်္ဂါနေ့တွင် ကူးစက်သူ ၁၄ ယောက်ရှိကြောင်းထိုင်းနိုင်ငံအတည်ပြုထားသည့် ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုနှင့်ချိတ်ဆက်ပြောဆိုနေကြသည်။ ထိုတရုတ်လူမျိုးမှာ အရက်မူးနေကြာင်း လေဆိပ်အထွေထွေမန်နေဂျာဆူသီရာ၀တ် ဆူဝါနာ၀တ်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။ တနင်္လာနေ့ညကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုတရုတ်နိုင်ငံသားခရီးသည်က အရက်မူးနေပြီး အိပ်ပျော်ခဲ့သည့်နောက် ခုံပေါ်မှပြုတ်ကျခဲ့သည်ဟု ဆူသီရာ၀တ်ကပြောသည်။ ထိုလူကိုဆေးရုံပို့ခဲ့ပြီးနောက် ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းမရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ပုံနဲ့လူတွေကိုအမြင်မှားစေရန် အမှားပြောဆိုခဲ့သူကို တရားဥပဒေအရအရေးယူရန် စီစဉ်နေကြောင်းလည်း ဆူသီရာ၀တ်ကပြောသည်။ SOURCE- KHAOSOD#ဥက္ကာ #MEKONGNEWSPHOTO- Wa Saranpat / Facebook
ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃၂ ဦးရှိလာ၊ လူ ၆၀၀၀နီးပါး ကူးစက်ခံရ
ဘေကျင်း၊ ဇန်နဝါရီ ၂၉ ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ ၁၃၂ဦးအထိ ရှိလာပြီဖြစ်ကြောင်း တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့ အစောပိုင်းကပြောသည်။ ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း ၅၉၇၄ ဦီးရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားသည်။ အဆိုပါ ကူးစက်ခံရသူ ပမာဏသည် လွန်ခဲ့သည့် ၁၇နှစ်က ဖြစ်ပွားခဲ့သည့် ကပ်ရောဂါဆိုး ဆားစ် ကူးစက်ခံရသူ ၅၃၂၇ ဦးထက် ကျော်လွန်သွားပြီဖြစ်သည်။ သေဆုံးသူအများစုမှာ ရောဂါစတင်ရာ ဝူဟန်မြို့တည်ရှိသည့် ဟူဘိုင်းခရိုင်မှ ဖြစ်သည်။ အဆိုပါခရိုင်တွင် ဆေးကုသဆောင် ၂၅ဆောင် ထပ်မံတိုးချဲ့ထားသည်။ Ref: Bloomberg#MeKongNews
ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံသားများကိုဗီဇာထုတ်ပေးမှု ဖိလစ်ပိုင်ရပ်ဆိုင်း
မနီလာ၊ ဇန်နဝါရီ ၂၈ ကိုရိုနာဗိုင်းရပ်စ်သစ်ကင်းစင်ကြောင်း အာမခံနိုင်ရန် တရုတ်နိုင်ငံသားများကို ပြည်၀င်ခွင့်ဗီဇာထုတ်ပေးမှုရပ်ဆိုင်းသွားမည်ဟု ဖိလစ်ပိုင်လူ၀င်မှုကြီးကြပ်ရေးဗျူရိုမှမဟာမင်းကြီးက ဇန်နဝါရီ ၂၈ ရက် အင်္ဂါနေ့တွင်ပြောသည်။ “ခရီးသွားတွေနည်းသွားအောင် ကာကွယ်တဲ့လုပ်ငန်းလုပ်တာပါ။ ပြီးတော့ ဒီလိုရပ်ရင် 2019-nCoVကိုရိုနာဗိုင်းရပ်စ်၀င်လာတာကို တားဆီးနိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်” ဟု မဟာမင်းကြီး ဂျိုင်မီ မော်ရန်တီက ထုတ်ပြနန်ချက်တွင်ပြောဆိုသည်။ ဒီဇင်ဘာတွင် တရုတ်နိုင်ငံအလယ်ပိုင်းဟူဘေးပြည်နယ်၊ ဝူဟန်မြို့တွင်စတင်ဖြစ်ပွားခဲ့သည့်ဗိုင်းရပ်စ်ပြန့်နှံ့မှုကြောင့် တရုတ်တစ်နိုင်ငံတည်းတွင် ကူးစက်ခံရသူ ၄၀၀၀ ကျော်ရှိနေပြီး လူ ၁၀၆ ဦးသေဆုံးခဲ့ပြီဖြစ်သည်။ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်၀မ်၊ နီပေါ၊ အမေရိကန်၊ ကနေဒါ၊ ဂျာမနီနှင့် သီရိလင်္ကာတို့တွင် ကူးစက်မှုများရှိနေသည်။ မည်မျှအန္တရာယ်ရှိကြောင်းနှင့် လူများကြားမည်မျှလွယ်လွယ်ကူကူပြန့်နှံ့နိုင်ကြောင်းသိရန် အချိန်စောနေသဖြင့် သတိပေးချက်များရှိနေသည်။ ဗိုင်းရပ်စ်သစ်ဖြစ်နေခြင်းကြောင့် ခန္ဓာကိုယ်ခုခံမှုစနစ် မတည်ဆောက်နိုင်ဖြစ်နေသေးသည်။ အသေအပျောက်ဖြစ်စေတဲ့ဗိုင်းရပ်စ်က …
Continue reading “ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံသားများကိုဗီဇာထုတ်ပေးမှု ဖိလစ်ပိုင်ရပ်ဆိုင်း”
တာလီဘန်နယ်မြေထဲ အမေရိကန်ဂျက်လေယာဉ်ပျက်ကျကြောင်း အမေရိကန်စစ်တပ်အတည်ပြု
ကဘူးလ်၊ ဇန်နဝါရီ ၂၈ တနင်္လာနေ့က အာဖဂန်နစ္စတန်အရှေ့ပိုင်းက တာလီဘန်တွေထိန်းထားတဲ့နယ်မြေထဲ အမေရိကန်စစ်ဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း အမေရိကန်စစ်တပ်က အတည်ပြုသည်။ ပျက်ကျသည့်အကြောင်းရင်းကိုစုံစမ်းနေပြီး ရန်သူပစ်ခတ်မှုကြောင့် ပျက်ကျကြောင်းညွှန်းဆိုနေသည်များမရှိဟု အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့များပြောခွင့်ရသူ ဗိုလ်မှူးကြီး ဆန်နီ လက်ဂတ်တ်က ပြောသည်။ တာလီဘန်တွေအားကောင်းသည့်ဂါဇ်နီပြည်နယ်ရှိဒဲယက်ခရိုင်တွင် လေယာဉ်ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါသူအရေအတွက်ကတော့ မရှင်းလင်းသေးချေ။ အမေရိကန်လေတပ်အမှတ်အသားပါပြီး မီးလောင်ပျက်စီးနေသည့်လေယာဉ်တစ်စင်းကိုမြင်ရ သော်လည်း အတည်မပြုနိုင်သေးသည့် ရုပ်သံဖိုင်များကို တာလီဘန်လူမှုကွန်ရက်အကောင့်များတွင် ဖော်ပြနေသည်။ ရုပ်သံဖိုင်ပါလေယာဉ်သည် အာဖဂန်နစ္စတန်တွင် အီလက်ထရောနစ်စောင့်ကြည့်ထောက်လှမ်းရေးအတွက် အမေရိကန်လေတပ်ကအသုံးပြုသည့် E-11A ဗုံးကြဲဂျက်လေယာဉ်ဖြစ်သည်။ #MeKongNewsSource- BBCPhoto- Qais Badri Twitter
ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၆ဦး ရှိလာ၊ လူ ၁၃၀၀ခန့်ထပ်မံကူးစက်ခံရ
ဘေကျင်း၊ ဇန်နဝါရီ ၂၈ တရုတ်နိုင်ငံအတွင်းမှာ ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် ၁၀၆ဦးအထိ ရှိလာပြီး နောက်ထပ် ရောဂါကူးစက်ခံရသူ ၁၃၀၀ ကျော်ရှိတယ်လို့ ဒေသအာဏာပိုင်တွေက အင်္ဂါနေ့နံနက် အစောပိုင်းက ပြောသည်။ ကပ်ရောဂါ စတင်ဖြစ်ပွားရာ ဟူဘိုင်းခရိုင် ကျန်းမာရေးတာဝန်ခံများ၏ ပြောကြားချက်အရ ဗိုင်းရပ်စ်ကြောင့် လူ ၂၉ ဦးထပ်မံသေဆုံးပြီး ၁၂၉၁ဦး ရောဂါထပ်မံဖြစ်ပွားကြောင်း သိရသည်။ ရောဂါကူးစက်ခံရသူ အရေအတွက်မှာ ၃၃၀၀ ကျော်လာပြီ ဖြစ်သည်။ဝူဟန်ဗိုင်းရပ်စ် စတင်ဖြစ်ပွားစဉ် ကတည်းက နိုင်ငံပေါင်း တစ်ဒါဇင်ကျော်သို့ ရောဂါ ပျံ့နှံသွားပြီး ကနေဒါ၊ ကမ္ဘောဒီယားနှင့် သိရီလင်္ကာနိုင်ငံတို့တွင်လည်း စတင်ဖြစ်ပွားနေပြီ ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရုတ်နိုင်ငံ၊ ဟူဘိုင်းခရိုင်အတွင်းရှိ မြို့နယ်အများအပြားကို တရုတ်အစိုးရက အဝင်အထွက်ပိတ်ဆို့လိုက်ပြီး ရောဂါကုသရန် ဆေးရုံးကြီး (၂)ရုံကိုလည်း …
Continue reading “ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၆ဦး ရှိလာ၊ လူ ၁၃၀၀ခန့်ထပ်မံကူးစက်ခံရ”