တာချီလိတ်၊ ဇန်နဝါရီ ၂၄ တာချီလိတ်-မိုင်းဆတ်သွား ကားလမ်းဘေးရှိ တောင်ယာတဲတစ်ခုကို ဝင်ရောက်ရှာဖွေရာ Sponsor အချိုရည်ပုလင်းဖြင့် ထည့်ထားသည့် ဘိန်းဖြူ (၁၄၀)ဂရမ်ကို ဇန်နဝါရီလ ၂၃ရက် နေ့လည်ပိုင်းက ဖမ်းဆီးရမိသည်။ မူးယစ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ လွယ်တော်ခမ်းကျေးရွာအုပ်စု တာချီလတ်-မိုင်းဆတ်သွားကားလမ်းဘေး ဟွေရဲမြို့ရှောင်လမ်းအနီးရှိ တောင်ယာတဲတစ်ခုကို ဝင်ရောက်ရှာဖွေရာ အားရှင်ဆိုသူကို ဘိန်းဖြူမှုန့် ထည့်ထားသည့် Sponsor အချိုရည်ပုလင်းနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၄၇)နှစ်အရွယ် အားရှင်ဆိုသူကို တာချီလိတ်မြို့မ ရဲစခန်းတွင် မူးစိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တရားခံများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ MeKongNews
Category Archives: Uncategorized
ဝူဟန်ဗိုင်းရပ်စ် စောင့်ကြည့်ရေးအတွက် တာချီလိတ်တွင် အင်အားတိုးမြှင့်ထား
ဝူဟန်ဗိုင်းရပ်စ် စောင့်ကြည့်ရေးအတွက် တာချီလိတ်တွင် အင်အားတိုးမြှင့်ထား တာချီလိတ်၊ ဇန်နဝါရီ ၂၄ တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားပြီး ထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၇)နိုင်ငံအထိ ကူးစက်ပြန့်ပွားနေသည့် ဝူဟန်ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် ခရီးသွားများကို စစ်ဆေးရန် တာချီလိတ်မြို့တွင် အင်အားတိုးမြှင့်ထားကြောင်း တာချီလိတ်ခရိုင် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ တာချီလိတ်မြို့နယ်အတွင်း နိုင်ငံတကာ ခရီးသွားများဝင်ထွက်သည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား(၁)အပါအဝင် လာအိုနယ်စပ် ကျိုင်းလပ်တံတားနှင့် ဝမ်ပုံဆိပ်ကမ်းတို့တွင် စောင့်ကြည့် စစ်ဆေးရေးအတွက် အင်အားတိုးမြှင်ကာ သတိပေးတပ်လှန်မှုများ ပြုလုပ်ထားကြောင်း တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ပြောသည်။ “စောင့်ကြည့် စစ်ဆေးမှုတွေကို အင်အားတိုးမြှင့်ထားတယ်။ ဆေးရုံမှာလည်း Isolation Ward (သီးသန့်လူနာဆောင်) ပြင်ဆင်ထားတယ်” ဟု ၎င်းက ပြောသည်။ တာချီလိတ်လေဆိပ်တွင်မှု ပြည်တွင်းလေကြောင်းလိုင်းများသာ အတက်အဆင်းပြုလုပ်သည့်အတွက် …
Continue reading “ဝူဟန်ဗိုင်းရပ်စ် စောင့်ကြည့်ရေးအတွက် တာချီလိတ်တွင် အင်အားတိုးမြှင့်ထား”
အိမ်ခန်းငှားနေထိုင်သူ တစ်ဦးထံမှ စိတ်ကြွဆေးပြား (၈၀၀)ကျော် ဖမ်းဆီးရမိ
တာချီလိတ်၊ ဇန်နဝါရီ ၂၄ တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်အတွင်း အိမ်ခန်းငှားနေထိုင်သူတစ်ဦးထံမှ ဇန်နဝါရီလ ၂၃ရက် နံနက်ပိုင်းက စိတ်ကြွဆေးပြား (၈၀၀)ကျော် ဖမ်းဆီးရမိကြောင်း သိရသည်။ မူးယစ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည့် ဇန်နဝါရီလ ၂၃ရက် နံနက် ၁၁နာရီခွဲခန့်က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျံ(၂) ရှိနေအိမ်တစ်အိမ်တွင် အိမ်ခန်းငှားနေထိုင်သည့် ဆိုင်ဖုန်းဆိုသူ၏ နေအိမ်အခန်းကို ဝင်ရောက်စစ်ဆေးရာ WY စာတမ်းပါ စိတ်ကြွဆေးပြား (၈၇၅)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၆၈)နှစ်အရွယ် ‘ဝ’ လူမျိုး ဆိုင်ဖုန်းဆိုသူကို တာချီလိတ်မြို့မ ရဲစခန်းတွင် မူးစိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တရားခံများကို ဖမ်းရမိရေး လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။ MeKongNews
ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၅ဦးအထိရှိလာပြီး မြန်မာနှင့်နီးစပ်သည့် ချင်းမိုင်နှင့် ယူနန်အထိပျံ့လာ
တာချီလိတ်၊ ဇန်နဝါရီ ၂၄ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ တင်သည့် ကော်ရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အရည်အတွက်မှာ ၂၅ဦးအထိ ရှိသွားပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်းများက သောကြာနေ့ နံနက်အစောပိုင်းက ထုတ်ပြန်လိုက်သည်။ ကြာသပတေးနေ့ညနေပိုင်းက ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၈ဦးရှိရာမှ သောကြာနံနက် အစောပိုင်း ထုတ်ပြန်ချိန်တွင် ၂၅ဦးအထိ တိုးပွားလာကြောင်း Bloomberg သတင်းက ဖော်ပြသည်။ အဆိုပါဗိုင်းရပ်စ်ကြောင့် စတင်တွေ့ရှိသည့် တရုတ်နိုင်ငံ ဝူဟန်မြို့ကို အာဏာပိုင်များက ကြာသပတေးနေ့ အစောပိုင်းကစတင်ကာ ပိတ်ဆို့လိုက်ပြီး ခရီးသွားလာမှုအားလုံးကို ဖြတ်တောက်ခဲ့သည်။ ပင်လယ်စာ အဓိကထားရောင်းချသည့် ဝူဟန်မြို့တွင် စတင်တွေ့ရှိခဲ့သည့် ကော်ရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၅၀၀ ခန့်ရှိနေပြီး တရုတ်နိုင်ငံသာမက၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ ဂျပန်၊ အမေရိကန်နိုင်ငံများအထိ ပျံ့နှံနေသည်။ မြန်မာနိုင်ငံနှင့် နီးစပ်သည့် ထိုင်းနိုင်ငံ …
မိုင်းကြောင့် ၂၀၁၉ခုနှစ်အတွင်း လူပေါင်း(၂၂၁)ဦး ထိခိုက်ခံစားခဲ့ရပြီး ရှမ်းပြည်နယ်က တစ်ဝက်နီးပါး ပါဝင်
နေပြည်တော်၊ ဇန်နဝါရီ ၂၃ဝေမိုး(နေပြည်တော်) မြေမြုပ်မိုင်းများနှင့် စစ်ကျန်လက်နက် ပစ္စည်းများတို့ကြောင့် ၂၀၁၉ခုနှစ်အတွင်း လူပေါင်း(၂၂၁)ဦး ထိခိုက်ခံစားခဲ့သလို တိုင်းဒေသကြီးများ၊ နေပြည်တော်အပါအဝင် (၁၅)ခုရှိသည့်အနက် (၉)ခုတို့တွင် ခြိမ်းခြောက်မှုအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးဝင်းနိုင်ထွန်းမှ ပြောကြားခဲ့သည်။ “ပြည်နယ်နဲ့ တိုင်းဒေသကြီးများ နေပြည်တော်အပါအဝင် (၁၅)ခုရှိတဲ့အနက်က (၉)ခုမှာ မြေမြုပ်မိုင်းများနဲ့ စစ်ကျန်လက်နက်ပစ္စည်းများရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။ မှတ်တမ်းများအရ မြန်မာနိူင်ငံမှာ ၂၀၁၉ခုနှစ်အတွင်း မိုင်းနဲ့စစ်ကျန်လက်နက် ပစ္စည်းများကြောင့် စုစုပေါင်း(၂၂၁)ဦး ထိခိုက်ခံစားခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ မြန်မာနိူင်ငံ၏ မိုင်းအန္တရာယ် အသိပညာပေးရေးတွင် ယူနီဆက်နှင့် (၈)နှစ်နီးပါးခန့် ပူးပေါင်းကာ ဇန်နဝါရီလ ၂၃ရက်ကပြုလုပ်သည့် နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် (၂၃)ကြိမ်မြောက် …
အဲန်တိုင်းရင်းသား (၇၀) ဗုဒ္ဓဘာသာခံယူ ရှင်ပြုမည်
တာချီလိတ်၊ ဇန်နဝါရီ ၂၄ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်တွင် နေထိုင်သည့် အဲန်လူမျိုး (၇၀)ဦးကို ဗုဒ္ဓဘာသာခံယူပြီး ရှင်ပြုသည့် အခမ်းအနားကို ဇန်နဝါရီလ ၂၆ရက်တွင် တာချီလိတ်မြို့၊ ဝေဠုဝန်ကျောင်းတိုက်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ မိရိုးဖလာ နတ်ကိုးကွယ်သည့် အဲန်လူမျိုး ကလေးငယ် (၇၀)ကို ဗုဒ္ဓဘာသာသို့ ကူးပြောင်းကာ ရှင်ပြုမည့် အစီအစဉ်ကို တာချီလိတ်မြို့ ဝါးကျောင်းဆရာတော်၊ တာချီလိတ်မြို့ ဝေဠုဝန်ဆရာတော်နှင့် ကျိုင်းတုံမြို့နယ်မှ ကိုရင်လေးတို့မှ ဦးစီးပြုလုပ်ခြင်း ဖြစ်ပြီ တာချီလိတ်မြို့ ဝေဠုဝန်ကျောင်းတိုက်တွင် ပထမဆုံးအကြိမ် အဲန်လူမျိုးများ ရှင်ပြုခြင်းဖြစ်ကြောင်း ဝေဠုဝန်ကျောင်းတိုက်ဆရာတော်က မိန့်ကြားသည်။ “ကျုပ်တို့၊ ဝါးကျောင်းဘုန်းကြီးတို့က အဲန်ရွာမှာ လိုအပ်တာလေးတွေ၊ စောင်တို့၊ ခြင်ထောင်တို့ ပေးပြီးဝင်တာ။ အဲဒီမှာ ကိုရင်လေး တို့က အဲန်စကားပေါက်တော့ ဗုဒ္ဓဘာသာဝင်ချင်တဲ့လူ ခေါ်လာတာ” …
Continue reading “အဲန်တိုင်းရင်းသား (၇၀) ဗုဒ္ဓဘာသာခံယူ ရှင်ပြုမည်”
ဂမ်ဘီယာ၏စွဲချက်များလက်ခံပြီး ကြားဖြတ်ကာကွယ်ရေးအစီအစဉ်များချမှတ်ရန် နိုင်ငံတကာတရားရုံးဆုံးဖြတ်
The Hague၊ ဇန်နဝါရီ ၂၃ ဘင်္ဂါလီများကို လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံ၏ စွဲချက်ကိုလက်ခံပြီး ကြားဖြတ်ကာကွယ်ရေးအစီအစဉ်များလည်း ချမှတ်လိုက်ကြောင်း နိုင်ငံတကာတရားရုံး ICJက ဇန်နဝါရီ ၂၃ ရက် ကြာသပတေးနေ့တွင် ဆုံးဖြတ်လိုက်သည်။ စွဲချက်လက်ခံ၊ မခံ နှစ်ဖက်အပြန်အလှန်လျှောက်လဲခွင့်ပေးရန် ICJက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာတွင် စွပ်စွဲခံမြန်မာနိုင်ငံနှင့် စွဲချက်ရန်စီစဉ်သည့် ဂမ်ဘီယာနိုင်ငံတို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်လျှောက်လဲချက်ပေးခဲ့ပြီးနောက် ယခုလိုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ကြားဖြတ်ကာကွယ်ရေး အစီအစဉ်များအနေနှင့် ဘင်္ဂါလီများကို လူမျိုးတုန်းသတ်ဖြတ်သည်ဟု ဆိုသည့်ကိစ္စများကို မြန်မာအစိုးရက ရပ်တန့်ပေးရန်၊ ၄ လအတွင်းဆောင်ရွက်မှုအားလုံးကို တရားရုံးဆီ အစီရင်ခံရန်အပါအဝင် အချက် ၄ ချက်ကိုလည်း ဆုံးဖြတ်လိုက်သည်။ ကြိုတင်ကာကွယ်ရေး အစီအစဉ်များချမှတ်ရန် တရားသူကြီး ၁၇ …
လောင်းကစားဂိမ်းခုံတွင် မူးယစ်ဆေးသုံးစွဲရင်း ခင်မင်လာသူများထံမှ စိတ်ကြွဆေးပြား (၄၀၀၀)ဖမ်းမိ
တာချီလိတ်၊ ဇန်နဝါရီ ၂၃ တာချီလိတ်မြို့အတွင်းရှိ လောင်းကစားဂိမ်းခုံများတွင် မူးယစ်ဆေးဝါသုံးစွဲရင်းဖြင့် ခင်မင်ရင်းနှီးလာသည့် လူငယ်တစ်စုထံမှ စိတ်ကြွဆေးပြား အပြား (၄၀၀၀)ကျော်ကို ဇန်နဝါရီလ ၂၂ ညပိုင်းက တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် ဖမ်းဆီးရမိသည်။ မူးယစ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည့် ဇန်နဝါရီလ ၂၂ရက် ညပိုင်းက သတင်းအရ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျံ (၃)ရှိ တည်းခိုခန်းတစ်ခုတွင် စောင့်ဆိုင်းနေစဉ် ဆိုင်ကယ် (၂)စီးဖြင့် ရောက်ရှိလာသည့် ဝေယံ(ခ) ရီဝေယံ၊ တင်အောင်လင်း(ခ)ကုလားနှင့် ရဲရင့်သူရတို့ကို စစ်ဆေးရာ ဝေယံလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား (၄၀၀၀)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ သိရသည်။ ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ၎င်းတို့ (၃)ဦးသည် မယ်ခေါင်ရပ်ကွက်အတွင်းရှိ လောင်းကစားဂိမ်းခုံတွင် မူးယစ်ဆေးဝါ သုံးစွဲရင်း ခင်မင်ရင်းနှီးကာ …
နိုင်ငံသားပိုင် ရေကြောင်းလုပ်ငန်းများနေရာ၌ ပြည်ပသင်္ဘောများ ဝင်ရောက်လုပ်ကိုင်နေမှုအပေါ် ကာကွယ်ပေးရန် တင်ပြ
နေပြည်တော်၊ ဇန်နဝါရီ ၂၂ဝေမိုး(နေပြည်တော်) မြန်မာနိုင်ငံသားများပိုင် ရေကြောင်းလုပ်ငန်းများနေရာ၌ နိုင်ငံခြားသင်္ဘောများ တိုးချဲ့ဝင်ရောက် လုပ်ကိုင်နေမှုအပေါ် နိုင်ငံတော်မှ ဥပဒေအရ ထိန်းသိမ်းကာကွယ်ပေးရန် ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်းမှ ဇန်နဝါရီ(၁၇)ရက် နေ့စွဲဖြင့် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ တင်ပြထားချက်အရ သိရသည်။ “ယခုအခါ နိုင်ငံခြားသင်္ဘောများသည် နိုင်ငံသားများ လုပ်ကိုင်လျက်ရှိသည့် ရေကြောင်းဆိုင်ရာ လုပ်ငန်းများတွင် တိုးချဲ့နေရာယူ ဝင်ရောက်လုပ်ကိုင်လာသည့်အတွက် နိုင်ငံသား ရေယာဉ်ပိုင်ရှင်များအနေဖြင့် အလုပ်အကိုင်အခက်အခဲများ တွေ့ကြုံလာရပါသည်။ ထို့အပြင် နိူင်ငံခြားသင်္ဘောများသည် နိုင်ငံခြားရေယာဉ်များထက် သာလွန်သည့်အခွင့်အရေးများ ရရှိခြင်းကြောင့် မည်သို့မျှ ယှဉ်ပြိုင်ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် နိိုင်ငံသားများအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ဥပဒေအားဖြင့်လည်း နိိုင်ငံတော်မှ ထိန်းသိမ်းကာကွယ်ပေးရန် လိုအပ်လျက်ရှိပါသည်” ဟု တင်ပြရာတွင် ထည့်သွင်း ဖော်ပြထားသည်။ “ကျွန်တော်တို့ဆီကို ပြည်တွင်းမှာရှိတဲ့ ရခိုင်နဲ့ တနင်္သာရီကမ်းရိုးတန်း သင်္ဘောပိုင်ရှင်အသင်းတွေက …
ဗိုင်းရပ်စ်စတင်ပြန့်ပွားသည့် ဝူဟန်ကိုမသွားကြရန် တရုတ်အာဏာပိုင်အကြံပေး
ဘေကျင်း၊ ဇန်နဝါရီ ၂၂ သေဆုံးသူ ၉ ယောက်ရှိလာပြီး ကူးစက်ခံထားရသူ ၄၀ဝ ကျော်ရှိနေသည့် ဗိုင်းရပ်ပြန့်ပွားမှုအသစ်၏ အချက်အချာဖြစ်နေတဲ့ဝူဟန်မြို့ကို အဝင်အထွက်မလုပ်ကြရန် တရုတ်အစိုးရက အကြံပြုသည်။ လူ ၁၁ သန်းရှိသည့် ဝူဟန်မြို့ခံများကိုလည်း လူစုလူဝေးတွေရှောင်ရန်နှင့် စုဝေးမှုအနည်းဆုံးလျော့ရန်လည်း ပြောသည်။ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်တစ်မျိး ဖြစ်သည့် ထိုဗိုင်းရပ်စ်က ဝူဟန်မှတရုတ်ပြည်နယ် တော်တော်များများကို ပြန့်နှံ့ခဲ့ရုံသာမက ထိုင်း၊ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့ကိုလည်း ရောက်ရှိနေသည်။ ယခုတစ်ပတ်အတွင်း ထိုင်းတွင် အဆိုပါဗိုင်းရပ်စ်ထပ်ကူးစက်ခံရသူ ၂ ယောက်ရှိကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးအနုတင် ချာဗီရာကူးက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။ တစ်ယောက်မှာဝူဟန်မှ ပြန်လာသည့်အသက် ၇၃ နှစ်အရွယ်ထိုင်းအမျိုးသမီးဖြစ်ပြီး နခွန်ပသွန်ခရိုင်မှဆေးရုံတစ်ရုံတွင်ကုသပြီး နာလံထူလာပြီဟုသိရသည်။ နောက်ထပ်တစ်ယောက်မှာ တရုတ်နိုင်ငံမှထိုင်းနိုင်ငံသို့ သုဝဏ္ဏဘူမိလေဆိပ်မှဝင်လာသည့် အသက် ၆၈ နှစ်အရွယ်တရုတ်အမျိုးသားဖြစ်သည်။ တောရိုင်းတိရစ္ဆာန်များ တရားမဝင်လွှဲပြောင်းရောင်းချသည့် ပင်လယ်စာဈေးတစ်ဈေးမှစသည့် …
Continue reading “ဗိုင်းရပ်စ်စတင်ပြန့်ပွားသည့် ဝူဟန်ကိုမသွားကြရန် တရုတ်အာဏာပိုင်အကြံပေး”