လူ(၄)ယောက် စီးလာသည့်ဆိုင်ကယ်တိမ်းမှောက်ပြီး (၄)ဦးစလုံး ပြင်းထန်စွာ ဒဏ်ရာရ

တာချီလိတ်၊ ဇန်နဝါရီ ၂၂ တာချီလိတ်တွင် ဇန်နဝါရီလ ၂၂ ရက် နံနက်အစောပိုင်းက လူ (၄)ဦး စီးလာသည့် မော်တော်ဆိုင်ကယ်ကို အရှိန်ဖြင့် ကွေ့ရာမှ တိမ်းမှောက်ပြီး ဆိုင်ကယ်စီးနင်းလာသူ (၄)ဦးစလုံး ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ သိရသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ စည်ပင်ရုံးရှေ့၊ ဗိုလ်ချုပ်လမ်းမပေါ်၌ ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက ဆိုင်ကယ်တစ်စီးကို လူ(၄)ဦး စီးနင်းလာပြီး ပါလျှံမီးပွိုင့်ဘက်မှ အမှတ်(၂)ချစ်ကြည်ရေး တံတားလမ်းဆုံမီးပွိုင့်ဘက်သို့ ချိုးကွေ့မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းရှိ စည်ပင်ရုံးရှေ့တွင် တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းနှင်သူ အိုက်ကျိုင်း (၁၉ နှစ်)၊ စီးနင်းလာသူများဖြစ်သည့် စိုင်းအွန်ခမ်း (၁၉ နှစ်)၊ စိုင်းလျှဲန်း (၁၆ နှစ်)၊ စိုင်းခမ်းလီ (၁၈ နှစ်)၊ …

တရုတ်နိုင်ငံ ဈေးကွက်အပြောင်းအလဲများကြောင့် တာချီလိတ်နယ်စပ်ပို့ကုန် (၂)ခန့်မြင့်တက်လာ

တာချီလိတ်၊ ဇန်နဝါရီ ၂၂ တရုတ်နိုင်ငံတွင်းရှိ ဈေးကွက်လိုအပ်ချက်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ထိပ်စပ်နေသည့် ပြည်နယ်များတွင် လိုအပ်ချက်ပိုမိုများပြားလာသဖြင့် တာချီလိတ်နယ်စပ်ပို့ကုန် တန်ဖိုးမှာ ယခင်နှစ် ကာလတူထက် (၂)ဆခန့် ပိုမိုမြင့်တက်လာကြောင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ သိရသည်။ တာချီလိတ်နယ်စပ်မှ ကုန်သွယ်မှု ပမာဏမှာ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ပို့ကုန် အမေရိကန်ဒေါ်လာ သန်း (၂၀)နှင့် သွင်းကုန် အမေရိကန်ဒေါ်လာ သန်း (၇၀)ခန့်ရှိပြီး လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အောက်တိုဘာလမှ ဇန်နဝါရီလ ၁၇ရက်အထိ (၄)လတာ ကာလအတွင်း၌ပင် ပို့ကုန် အမေရိကန်ဒေါ်လာ (၁၃)သန်းကျော်နှင့် သွင်းကုန် အမေရိကန်ဒေါ်လာ (၂၄)သန်းကျော် အထိ ရှိလာပြီဖြစ်ကြောင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ ညွန်ကြားရေးမှူး ဦးဝင်းလွင်က ပြောသည်။ “(တရုတ်ရဲ့) မူဝါဒကတော့ မပြောင်းပါဘူး။ …

ပြည်ဝင်ခွင့်ပိတ်သည့်နိုင်ငံစာရင်းတွင် မြန်မာအပါအဝင် (၆)နိုင်ငံထပ်တိုးရန် ထရမ့်စီစဉ်

နယူးယောက်ခ်၊ ဇန်နဝါရီ ၂၂ ဒေါ်နယ်ထရမ့် တာဝန်ထမ်းဆောင်ချိန်မှ စတင်ပြီး လုံခြုံရေးအကြောင်းပြချက်ဖြင့် ပြည်ဝင်ခွင့်ပိတ်သည့် နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံအပါအဝင် (၆)နိုင်ငံကို နောက်တိုးထည့်သွင်းရန် ပြင်ဆင်နေကြောင်း ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်သည်။ ထရမ့်က ဝေါစထရိဂျာနယ်နှင့် အင်တာဗျူးတစ်ခုတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ပြီး ၎င်းအနေဖြင့် အငြင်းပွားဖွယ် ပိတ်ဆို့မှုစာရင်းကို ထပ်မံတိုးချဲ့လိုကြောင်းပြောဆိုခဲ့ပြီး နိုင်ငံအမည်များကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သည်။ သို့သော် နောက်ထပ် မီဒီယာတစ်ခုဖြစ်သည့် Politico ၏ ဖော်ပြချက်အရ ထပ်တိုးနိုင်ငံများမှာ နိုင်ဂျီးရီးယား၊ ဆူဒန်၊ ဘီလာရုစ်၊ မြန်မာ၊ တန်ဇီးနီးယားနှင့် ကာဂျစ်စတန်တို့ ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။ မူစလင်အများစုနေထိုင်သည့် နိုင်ငံများကို ဦးတည်သည့် ပြည်ဝင်ခွင့် ပိတ်ပင်သည့်နိုင်ငံများစာရင်းကို စတင်ထုတ်ပြန်ခဲ့သည့် ၃နှစ်မြောက်နှစ်ပတ်လည် ဖြစ်သည့် လာမည့် တနင်္လာနေ့တွင် နောက်ထပ် ကြေညာချက် ထပ်မံထွက်ပေါ်လာဖွယ် …

ဖယ်ခုံတွင် လူကိုအန္တရာယ်မပြုသည့် လင်းမြွေများ လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနရှင်းလင်း

တာချီလိတ်၊ ဇန်နဝါရီ ၂၁ ကြွက်များနှိမ်နင်းကာကွယ်ရန်အတွက် ဖယ်ခုံမြို့တွင် လွှတ်ပေးခဲ့သည့် မြွေများမှာ လူကို အန္တရာယ်မပြုနိုင်သည့် လင်းမြွေများသာ ဖြစ်ကြောင်း ရှမ်းပြည်နယ်သစ်တောဦးစီးဌာနက ဇန်နဝါရီလ ၂၁ရက် ညနေပိုင်းက ပြန်လည် ရှင်းလင်းခဲ့သည်။ လားရှိုးမြို့နယ်အတွင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးရမိခဲ့သည့် လင်းမြွေ (၂၅၂)ကောင်ကို ကြွက်များ သောင်းကြမ်းသည့် ဖယ်ခုံမြို့နယ်အတွင်းမှ ကျေးရွာအချို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီး၏ အစီအမံဖြင့် ဇန်နဝါရီလ ၂၁ရက် နံနက်ပိုင်းက လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဖယ်ခုံမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဲခေါင်သတင်းဌာနသို့ ပြောသည်။ “လွှတ်လိုက်တဲ့ မြွေအားလုံးက လူကို အန္တရာယ် မပြုနိုင်တဲ့ လင်းမြွေတွေပဲ ဖြစ်ပါတယ်။ ဘာအန္တရာယ်မှ မဖြစ်နိုင်ပါဘူး”ဟု ၎င်းက ပြောသည်။ လားရှိုးမြို့နယ်တွင် ဖမ်းဆီးရမိပြီး ပေးပို့လာသည့် လင်းမြွေ …

ဘက္ကဒက်မှအမေရိကန်သံရုံးအနီး ဒုံးကျည်များကျရောက်ပေါက်ကွဲ၊ အရေးပေါ်ဥသြများအော်မြည်

ဘက္ကဒက်၊ ဇန်နဝါရီ ၂၁ အီရတ်နိုင်ငံမြို့တော်ဘက္ကဒက်မှ အစိုးရရုံးများနှင့်သံရုံးများရုံးစိုက်ရာအစိမ်းရောင်နယ်မြေအတွင်းရှိ အမေရိကန်သံရုံးနားသို့ ဒုံးကျည် ၃ စင်းကျရောက်ပေါက်ကွဲခဲ့သည်။ အထိအခိုက်အသေအပျောက်စာရင်း မရသေးချေ။ နှစ်စင်းမှာ အမေရိကန်သံရုံးနားကျရောက်ခဲ့ပြီး တတိယမြောက်တစ်စင်းမှာ အစိမ်းရောင်နယ်မြေအတွင်း ကျရောက်ခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များကပြောသည်။ ဘက္ကဒက်မြို့စွန်ရှိခရိုင်တစ်ခုမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း အလားတူတိုက်ခိုက်မှုများ ရှိခဲ့ပြီးနောက် ယခုဖြစ်ရပ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ အင်္ဂါနေ့ညပိုင်းတွင် ဘက္ကဒက်မြောက်ပိုင်းမှ အမေရိကန်ညွှန့်ပေါင်းအခြေစိုက်စခန်း တစ်ခုနားတွင် နောက်ထပ်ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ခဲ့သဖြင့် အနည်းဆုံ းအီရတ်စစ်သားတစ်ယောက် ဒဏ်ရာရခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းကလည်း အမေရိကန်တပ်သားကို နေရာပေးထားသည့် အယ်ဘာလက်လေတပ်စခန်းကို Katyushaဒုံးကျည် ၈ စင်းထိမှန်ခဲ့ပြီး အီရတ်တပ်ဖွဲ့ဝင် ၄ ယောက်ဒဏ်ရာရခဲ့သည်။ ထိုတိုက်ခိုက်မှုများလည်း သူတို့လက်ချက်ဟု မည်သည့်အဖွဲ့ကမှဝန်မခံခဲ့ချေ။ Source- RT ဥက္ကာ #MeKongNews Photo- Kurdistan24 News

ဝူဟန်ဗိုင်းရပ်စ် လူလူချင်းကူးစက်နိုင်ကြောင်း တရုတ်အတည်ပြု

ဘေကျင်း၊ ဇန်နဝါရီ ၂၁ တရုတ်နိုင်ငံမှ နောက်ထပ်အာရှနိုင်ငံ ၃ နိုင်ငံထံလည်းရောက်ခဲ့သည့် SARSရောဂါဗိုင်းရပ်စ်နှင့် ဆင်တူသည့်ဗိုင်းရပ်သည် လူလူချင်းကူးစက်နိုင်ကြောင်း တရုတ်အစိုးရကျွမ်းကျင်သူတစ်ယောက်က အတည်ပြုခဲ့ပြီး ယခုတစ်ပတ်ထဲတွင် ကူးစက်မှုအကြောင်းဆွေးနွေးရန် အဓိကအရေးပေါ်ကော်မတီတစ်ရပ်တွေ့ဆုံဆွေးနွေးမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကကြေညာသည်။ အင်္ဂါနေ့တွင် ထိုကိုရိုနာဗိုင်းရပ်စ်ကြောင့် စတုတ္ထမြောက်လူတစ်ယောက်သေဆုံးခဲ့ကြောင်း ဝူဟန်ကျန်းမာရေးအာဏာပိုင်အဖွဲ့ကကြေညာခဲ့ပြီးနောက်ယခုအတည်ပြုချက်ထွက်ပေါ်လာသည်။ လက်ရှိမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းတွေ့ရှိထားသည့်လူ ၂၁၈ ယောက်ရှိနေသည်။ ဘေကျင်းနဲ့ရှန်ဟိုင်းတွင်လည်း ကူးစက်ခံရကြောင်းတနင်္လာနေ့တွင် အတည်ပြုခဲ့ပြီး တရုတ်နိုင်ငံတောင်ပိုင် းဂွမ်ဒေါင်းပြည်နယ်တွင်လည်း ကူးစက်ခံရမှုတစ်ဒါဇင်ကျော်ရှိနေသည်။ ဝူဟန်မြို့မှ ပင်လယ်စာလက်ကား ဈေးတစ်ဈေးသည် ဗိုင်းရပ်စ်ပြန့်ပွားသည့်ဗဟိုချက်ဟု ယုံကြည်နေပြီး ကူးစက်ပုံကို သိပ္ပံပညာရှင်များရှာဖွေခဲ့ကြသော်လည်း မြို့ကိုမရောက်ဘဲနှင့် ဗိုင်းရပ်စ်သစ်ကူးစက်နိုင်ကြောင်း SARSရောဂါပြန့်ပွားမှုပမာဏကို ထိတွေ့နိုင်ခဲ့သည့် တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှ နာမည်ကြီးသိပ္ပံပညာရှင် ကျုံးနန်ရှန်းကပြောသည်။ ဂွမ်ဒေါင်းတွင် ကူးစက်ခံခဲ့ရသူနှစ်ယောက်မှာ ဝူဟန်ကိုသွားလည်ခဲ့သူ၏ မိသားစုဝင်များဖြစ်ကြောင်းလည်း ကျုံးကရှင်းပြသည်။ ကိုရိုနာဗိုင်းရပ်စ်လူနာများကို ကူညီနေသည့် ဝူဟန်ကျန်းမာရေးဝန်ထမ်း ၁၅ …

တာချီလိတ်မြို့နယ်တွင်းရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကျေးရွာများသို့ ရန်ပုံငွေလွှဲအပ်

တာချီလိတ်၊ ဇန်နဝါရီ ၂၀ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက် မည့် ကျေးရွာများသို့ ရန်ပုံငွေလွှဲအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက တာချီလိတ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးက ဋ္ဌာနစီမံကိန်းများနှင့် ပတ်သက်၍ရှင်းလင်းဆွေးနွေးပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်နှင့် တာဝန်ရှိသူများက ကျေးရွာကော်မတီများထံ ရန်ပုံငွေများ လွှဲပြောင်းပေး အပ်သည်။ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် တာချီလိတ်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂ ယူနစ် နှစ်ရွာ၊ စုစုပေါင်း …

ပိတ်ဆို့စစ်ဆေးမှု ပြုလုပ်စဉ် မော်တော်ယာဉ်ဝမ်းဗိုက်အောက်မှ စိတ်ကြွဆေးပြားများဖမ်းမိ

တာချီလိတ်၊ ဇန်နဝါရီ ၂၁ မော်တော်ယာဉ် ဝမ်းဗိုက်အောက်တွင် ဝှက်၍ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူ အမျိုးသား တစ်ဦးကို တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းနှင့် ရွှေမြေသာယာဈေးလမ်းဆုံ၌ ဇန်နဝါရီ ၂၀ ရက်ညပိုင်း ဖမ်းဆီးရမိသည်။ ဇန်နဝါရီ ၂၀ ရက်ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် တာချီလိတ်မြို့မရဲစခန်းအပိုင်နယ်မြေအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ့်နင်းရေး အော်ပရေးရှင်း(၁၅၁၁)အရ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ သည် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းနှင့် ရွှေမြေသာယာဈေးလမ်းဆုံတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးရေးဆောင်ရွက်နေစဉ် ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းဘက်မှ ဗိုလ်ချုပ်လမ်းမဘက်သို့ Crown အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရာ မော်တော်ယာဉ် အတွင်း WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၄၀ဝ ပြား၊ အလေးချိန် …

ဘန်ကောက်တွင် မီးခိုးမြူများပိုများလာ

ဘန်ကောက်၊ ဇန်နဝါရီ ၂၁ ဘန်ကောက်မြို့တွင် မီးခိုးမြူအဆင့်များပိုဆိုးနေပြီး ခရိုင် ၅၀ အနက် ၃၄ ခရိုင်တွင် ညစ်ညမ်းမှုများနေကြောင်းတွေ့ ရှိရသည်။ ဖရာနခွန်တွင် အဆိုးဆုံးဖြစ်နေသည်ဟု ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က တနင်္လာနေ့မနက်ပိုင်းတွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း လေထုထဲတွင် အန္တရာယ်ရှိသော PM 2.5အမှုန်ပါဝင်မှု တစ်ကုဗမီတာလျှင် ၅၀ မှ ၈၉ မိုက်ခရိုဂရမ်ရှိနေကြောင်း ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့၊ အမြဲတမ်းအတွင်းဝန်ဆီလာပါဆွေ ရာဝီဆန်ဆွန်းကပြောသည်။ ဘေးကင်းကြောင်း ဘန်ကောက်အုပ်ချုပ်ရေးအဖွဲ့သတ်မှတ်ထားသော ပမာဏမှာ ၅၀ မိုက်ခရိုဂရမ်ဖြစ်သည်။ တနင်္ဂနေ့တွင် လေမတိုက်ဘဲ ယာဉ်ကြောပိတ်ဆို့မှုပိုများသဖြင့် လေထုအရည်အသွေးပိုဆိုးခဲ့ကြောင်း ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနညွှန်ကြားရေးမှူးချုပ် ပရာလောင် ဒမ်ရောင်ထိုင်းကပြောသည်။ Source- Bangkok Post ဥက္ကာ #MeKongNews Photo- Bangkok Post

တာလေတွင် ကျေးရွာသားတစ်ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ

တာချီလိတ်၊ ဇန်နဝါရီ ၂၀ တာချီလိတ်မြို့နယ်၊ တာလေမြို့ရှိ ပါဟုတ်ကျေးရွာမှ ကျေးရွာသားတစ်ဦး၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ ဘိန်းစိမ်း (၁၉၀)ဂရမ်၊ စိတ်ကြွဆေးပြား (၅၀)ပြားနှင့်အတူ ဇန်နဝါရီလ ၁၉ရက် နံနက်ပိုင်းက ဖမ်းဆီးရမိသည်။ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ပါဟုတ်ကျေးရွာရှိ ဦးအဖွန်း၏ နေအိမ်ကို မူးယစ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ ဦးအဖွန်းကို တွေ့ရှိရပြီး နေအိမ်အတွင်းရှိ ကြက်ခိုးစင်ပေါ်တွင် ဘိန်းစိမ်း (၁၉၀)ဂရမ်၊ စိတ်ကြွဆေးပြား (၅၀)ပြားတို့ကို သိမ်းဆည်းရမိခဲ့သည်။ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ဦးအဖွန်းကို တာလေနယ်မြေရဲစခန်းတွင် မူးစိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားပြီး ဆက်စပ်တရားခံများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ MeKongNews

Design a site like this with WordPress.com
Get started