အမေရိကန်စစ်စခန်း (၂)ခုကို အီရန် ဒုံးကျည်ဖြင့် စတင်တိုက်ခိုက်

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၈ အီရတ်နိုင်ငံတွင် အခြေစိုက်ထားသည့် အမေရိကန်စစ်စခန်း (၂)ခုကို အီရန်ဘက်က ဒုံးကျည် တစ်ဒါဇင်ခန့်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်ဌာနချုပ်၊ ပင်တဂွန်က ဇန်နဝါရီ ၈ရက် နံနက်ပိုင်းက အတည်ပြုပြောဆိုသည်။ အီရန်တပ်မှူး ဆူလေမန်နီ ဒုံးကျည်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးမှုအပေါ် လက်တုံပြန်သည့် အနေဖြင့် အီရတ်နိုင်ငံအတွင်းရှိ အာဆတ်နှင့် အာဘီရယ် အခြေစိုက် အမေရိကန်စစ်စခန်း (၂)ခုကို ပဲ့ထိန်းဒုံးကျည် တစ်ဒါဇင်ကျော်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပင်တဂွန်က ပြောသည်။ အီရန်နိုင်ငံတယ်လီဗေးရှင်း၏ ထုတ်လွှင့်မှုတွင် အီရန်တော်လှန်ရေးအစောင့်တပ်က အာဆတ်အခြေစိုက် အမေရိကန် လေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ပြီး အမေရိကန်ဘက်က တုံ့ပြန်ပါက ပိုမိုဆိုးရွားသည့် တိုက်ခိုက်မှုများ လာလိမ့်မည်ဟု ကြေညာခဲ့သည်။ အီရန်ဘက်က ထုတ်ပြန်ချက်တွင် အရှေ့အလယ်ပိုင်းဒေသတွင်းရှိ အမေရိကန်၏မဟာမိတ်များအနေဖြင့် ၎င်းတို့နိုင်ငံကို အခြေစိုက်ပြီး …

အိမ်အရောက်ပို့ဝန်ဆောင်မှုဖြင့် လှူဒါန်းပြီး အွန်လိုင်းဖုန်းခေါ်ဆို ဆပ်ကပ်ဆုတောင်းမှု ထိုင်းဘုန်းကြီးလက်ခံ

ထရန်၊ ဇန်နဝါရီ ၇ အိမ်အရောက်ပို့အွန်လိုင်းမှာယူမှုဖြင့် သူ၏ကျောင်းတွင် အလှူလုပ်နိုင်ကြောင်း ကြေညာခဲ့သည့် ထိုင်းတောင်ပိုင်းရှိဘုန်းတော်ကြီးတစ်ပါးမှာ အွန်လိုင်းတွင် အင်္ဂါနေ့ကလူသိများနေကြသည်။ ‌ခေတ်မီနေထိုင်မှုအရှိန်အဟုန်ဖြင့် ပြောင်းလဲနေသည်ကိုသိရှိကြောင်း ထရန်ခရိုင်ရှိ နိခွန်ပရာတိကျောင်းတိုက်မှ ဆရာတော်ဖရာ အိတ်သိယဝဿယကမိန့်သည်။ ယခုကြေညာလိုက်သည့်အလေ့အထကို ဘုန်းတော်ကြီးကျောင်းများတွင်လည်း လူသိများနေကြောင်း အဆိုပါဘုန်းတော်ကြီးက မိန့်သည်။ “မြို့ကျောင်းတွေကဆရာတော်တွေလည်း ဒီနည်းနဲ့ပဲ အလှူခံရနေတယ်လို့ ဆရာတော့်ကိုမိန့်ကြတယ်။ ဆရာတော့်အမြင်ပြောရရင်တော့ ဒါခေတ်ရေစီးကြောင်းပါပဲ” ဟုဆရာတော်ကမိန့်သည်။ လူသိများနေသည့် FoodPanda အက်ပလီကေးရှင်းမှတစ်ဆင့် သူ့ကျောင်းသို့ ဆွမ်းလှူခဲ့သည်ကို ဘုန်းတော်ကြီးက Facebookတွင်တင်ခဲ့ပြီးနောက် လူသိများလာခြင်းဖြစ်သည်။ အလှူခံရပြီးနောက် လှူဒါန်းခဲ့သည့် လှူဖွယ်ပစ္စည်းအတွက် ဆပ်ကပ်ခြင်းနှင့် ဆုတောင်းမေတ္တာပေးခြင်းကို ဗီဒီယိုဖုန်းခေါ်ဆိုမှုဖြင့် လုပ်ဆောင်ခဲ့သည်။ ထေရဝါဒဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအရ သံဃာတော်များအနေဖြင့် လှူဖွယ်ပစ္စည်းကို အလှူ့ဒကာက လက်ရောက်ဆပ်ကပ်မှသာ လက်ခံခွင့်ရှိနေခြင်းကြောင့် အငြင်းပွားဖွယ် ဖြစ်နေသည်။ အွန်လိုင်းမှလှူသည့် အလေ့အထက ကုသိုလ်ဖြစ်မဖြစ် …

တာချီလိတ် ဝမ်ကောင်းဈေးတွင်းရှိ ဖုန်းဆိုင်တွင် မီးလောင်

တာချီလိတ်၊ ဇန်နဝါရီ ၇ တာချီလိတ်မြို့၊ ဝမ်ကောင်းဈေးအတွင်းရှိ ဖုန်းနှင့် အပိုပစ္စည်းအရောင်းဆိုင်တွင် ဇန်နဝါရီလ ၇ရက် ညနေ ၆နာရီခန့်က မီလောင်မှု ဖြစ်ပွားကြောင်း ကနဦးသိရသည်။ မီးလောင်မှုဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်း မီးသတ်ကားများ ရောက်ရှိငြှိမ်းသတ်နိုင်ခဲ့သည့်အတွက် အခြားဆိုင်များသို့ ကူးစက်ခြင်းမရှိဘဲ ပျက်စီးမှုနည်းပါးခဲ့သည်။ ဝမ်ကောင်းဈေး၊ ဆိုင်အမှတ် (ဆ-၂၉)တွင် ဖွင့်လှစ်ထားသည့် ဖုန်းနှင့် အပိုပစ္စည်းဆိုင်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ မီးလောင်မှုမှာ ဖုန်းအားသွင်းထားခဲ့ရာမှ အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွားသည်ဟု တာဝန်ရှိသူများက လတ်တလော ယူဆထားပြီး စုံစမ်းမှုများ ပြုလုပ်လျှက်ရှိသည်။ MeKongNews

ငြိမ်းချမ်းရေး ဖော်ဆောင်ရာ၌ NCA ထိုးထားသည့် တိုင်းရင်းသား (၁၀)ဖွဲ့နှင့်တင် ပြည့်စုံမည် မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ် သတိပေး

တာချီလိတ်၊ ဇန်နဝါရီ ၇ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရာတွင် အားလုံးပါဝင်ရေးအတွက် အစိုးရနှင့်ညှိနှိုင်းပြီး နည်းလမ်းမျိုးစုံ ရှာဖွေဖော်ထုတ်ရန် လိုအပ်ပြီး လက်ရှိ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် (၁၀)ဖွဲ့နှင့်တင် ပြီးပြည့်စုံမည် မဟုတ်ကြောင်း RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က သတိပေး ပြောဆိုလိုက်သည်။ ဇန်နဝါရီလ (၈)ရက်တွင် ကျင်းပမည့် JICM အစည်းအဝေးတက်ရောက်ရန် ညှိနှိုင်းတိုင်ပင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ – PPST အစည်းအဝေး အပိတ်နိဂုံးတွင် ဗိုလ်ချုပ်ကြီးယွက်စစ်က သတိပေးပြောဆိုလိုက်ခြင်း ဖြစ်သည်။ “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆောင်ရွက်ရာမှာ မိမိတို့လက်ရှိ NCA-S EAO (NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ) (၁၀) ဖွဲ့တည်းနဲ့ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး ဆိုတာ သတိချပ်ဖို့လိုပါတယ်” ဟု …

သူက Facebook၏ နံပါတ် ၁ ဟု ဇက်ကာဘာ့ဂျ်က ပြောကြောင်း ထရမ့်ကြွားဝါ

ဝါရှင်တန်ဒီစီ၊ ဇန်နဝါရီ ၇ ကမ္ဘာ့လူမှုကွန်ရက်ပလက်ဖောင်းတွင် နံပါတ် ၁ ဖြစ်နေကြောင်း သူ့ကို Facebook ကုမ္ပဏီအမှုဆောင်အရာရှိချုပ်မာ့က် ဇက်ကာဘာ့ဂျ်က ညစာစားပွဲတစ်ခုတွင်ပြောခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က တနင်္လာနေ့တွင် ကြွားဝါပြောဆိုခဲ့သည်။ “ကျွန်တော်ဇက်ကာဘာ့ဂျ်နဲ့ နောက်တစ်ညမှာ ညစာစားတယ်။ သူကပြောတယ်။ ဂုဏ်ပြုချင်ပါတယ်သမ္မတကြီး။ Facebookမှာတော့ သမ္မတကြီးက နံပါတ် ၁ ဖြစ်နေတယ်ဆိုပြီးတော့”ဟု ထရမ့်ကပြောသည်။ လက်ယာယိမ်း ရေဒီယိုအစီအစဉ်တာဝန်ခံ ရက်ရှ်လင်ဘော့နှင့် တိုက်ရိုက်တွေ့ဆုံမေးမြန်းစဉ် ပြောဆိုခဲ့ခြင်းဖြစ်ပြီး မည်သည့်အချိန်က ညစာစားပွဲတွင်ပြောခဲ့ကြောင်းတော့ ထရမ့်ကအတိအကျမပြောခဲ့ပေ။ ပြီးခဲ့သည့်အောက်တိုဘာတွင် အဆိုပါနောက်ဆုံးညစာစားပွဲရှိခဲ့ကြောင်း Facebookပြောခွင့်ရသူတစ်ယောက်က ပြောသည်။ ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲ အကြိုကာလတွင် သတင်းအချက်အလက်အမှားများနှင့် သတင်းတုများနေရာရနေခြင်းအတွက် အမေရိကန်လူမှုကွန်ရက်ပလက်ဖောင်းများတွင် ဝေဖန်ခံနေရသည်။ ထရမ့်ကိုယ်တိုင်လည်း Facebookနှင့် Twitterတို့သုံးပြီး မမှန်ကန်သည့်ထုတ်ပြန်ချက်များနှင့် ကိုယ်ပိုင်အယူအဆများကို ထပ်ကာထပ်ကာဖြန့်ချိခဲ့သည်။ နိုင်ငံရေးကြော်ငြာအတွက် ငွေအသုံးပြုမှုတွင် …

နေအိမ်တွင်းမှ စိတ်ကြွဆေးပြား ၈၀၀၀၀ ကျော် တာချီလိတ်တွင်ဖမ်းမိ

တာချီလိတ်၊ ဇန်နဝါရီ ၇ နေအိမ်အတွင်းရှိ ကော်ဗူးနှင့် ရေပိုက်များအတွင်းမှ စိတ်ကြွဆေးပြား ၈၀၀၀၀ကျော်ကို ဇန်နဝါရီလ ၆ရက် ညနေပိုင်းက တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်တွင် ဖမ်းဆီးရမိသည်။ ဇန်နဝါရီ ၆ရက် ညနေ၄နာရီခွဲခန့်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်းကွက်သစ်(၉)လမ်းရှိ နေအိမ်တစ်အိမ်ကို မူးယစ်တပ်ဖွဲမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့်အဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းရှိ အဖြူရောင်ကော်ဘူးအတွင်းမှ စိတ်ကြွဆေးပြား ၄၃၂၀၀ ပြားနှင့် တာယာအတွင်းဝှက်ထားသည့် ကော်ပိုက်အပြာအတွင်းမှ ၄၃၂၀၀ပြား၊ စုစုပေါင်း ၈၆၄၀၀ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စိတ်ကြွဆေးပြားများမှာ အိမ်ငှားဖြစ်သူ ဂျော်နီထွေးပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်ကြောင်း အိမ်ရှင်ဖြစ်သူ ဦးစိုင်းလှမှ ပြောပြကာ ရဲတပ်ဖွဲ့ထံ ပေးအပ်ခဲ့သဖြင့် မူးယစ်ဆေးဝါးများ သိုလှောင်ထားသည့် ဂျော်နီထွေးဆိုသူကို တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။ MeKongNews

အငြင်းပွားနေသည့် စကားလုံးများ ရှောင်ရှားပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရလဒ်ကောင်းမည်ဟု RCSS ဆို

တာချီလိတ်၊ ဇန်နဝါရီ ၆ NCA လမ်းကြောင်းအရ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အငြင်းပွားနေသည့် ‘တစ်ခုတည်းသောတပ်မတော်’ နှင့် ‘ခွဲမထွက်ရ’ ဆိုသည့် စကားလုံးများကို ရှောင်ရှားပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရလဒ်ကောင်းလာမည်ဟု RCSS ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူကြီး စိုင်းမိဏ်း ဇန်နဝါရီလ ၆ရက်က တာချီလိတ်ကိုရောက်ရှိစဉ် ပြောဆိုသည်။ တပ်မတော်ဘက်မှ ပြောဆိုလာသည့် ‘တစ်ခုတည်းသောတပ်မတော်’ နှင့် ‘ခွဲမထွက်ရ’ စကားလုံးများအပေါ် အငြင်းပွားပြီး ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းခန့်မှ စတင်ကာ တရားဝင်နိုင်ငံရေးဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခြင်း ဖြစ်ပြီး အဆိုပါ စကားရပ်များကို မသုံးစွဲပါက ရလဒ်ကောင်းများ ရရှိမည်ဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောသည်။ “(စကားလုံးတွေ သုံးစွဲမှုအပေါ်) ပြေလည်တယ်ဆိုတာတော့ မရှိသေးဘူးပေါ့နော်။ ကျွန်တော်တို့ PPST အဖွဲ့အနေနဲ့ ထပ်မံဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် …

ပတ္တရားကမ်းခြေတွင် လူကြားထဲလိင်မှုပြုခဲ့သည့် ရုရှားနိုင်ငံသားနှစ်ယောက်ကို ငွေဒဏ်တပ်

ပတ္တရား၊ ဇန်နဝါရီ ၆ စနေနေ့က ပတ္တရားကမ်းခြေတွင် နေ့ခင်းကြောင်တောင် လူကြားထဲ လိင်မှုပြုခဲ့သည့် ရုရှားနိုင်ငံသားနှစ်ယောက်ကို ဖမ်းဆီးပြီး ဒဏ်ငွေရိုက်ခဲ့သည်။ ရိုမန် ဂရီဂိုရန်ကို ၂၆ နှစ်နှင့် သူ့အဖော် ဒါရီယာ ဗီနိုဂရာဒိုဗာ ၁၉ နှစ်တို့ကို စနေနေ့ညနေပိုင်း သူတို့လိင်မှုပြုနေစဉ် ဖမ်းဆီးခဲ့သည်ဟု ထိုင်းခရီးသွားရဲတပ်ဖွဲ့ကပြောသည်။ သူတို့ကို ပတ္တရားရဲစခန်းသို့ခေါ်လာခဲ့ပြီး ယဉ်ကျေးမှုနှင့် မကိုက်ညီသောလုပ်ရပ်လုပ်ဆောင်မှုနှင့် အများပြည်သူရှေ့မှောက် လိင်စိတ်နှိုးကြွသောလုပ်ရပ်လုပ်မှုတို့ဖြင့် စွဲချက်တင်ခဲ့သည်။ အဆိုပါပြစ်မှုများအတွက် အမြင့်ဆုံးချမှတ်နိုင်သည့် ဒဏ်ငွေဘတ် ၅၀ဝ၀ ပေးဆောင်စေခဲ့သည်။ ကမ္ဘာလှည့်ခရီးသည် ၂ ယောက်စလုံးအရက်မူးနေပြီး ကမ်းခြေတွင်လမ်းလျှောက်စဉ် သူတို့ဝန်းကျင်တွင် လူမတွေ့ခဲ့သဖြင့် လိင်မှုစပြုခဲ့သည်ဟုလည်း ထိုင်းခရီးသွားရဲတပ်ဖွဲ့ကပြောသည်။ Source- Bangkok Post ဥက္ကာ #MeKongNews Photo- Thai Tourism Police

မဲခေါင်မြစ်ရေကျပြီး သဲသောင်များပေါ်လာသဖြင့် နယ်စပ်ဖြတ်ကျော်သင်္ဘောပို့ဆောင်ရေး အခက်အခဲကြုံ

နခွန်ဖနွန်၊ ဇန်နဝါရီ ၅ ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း မဲခေါင်မြစ်၏ အနိမ့်ဆုံးရေမျက်နှာပြင်ကြောင့် သဲသောင်များပေါ်လာပြီး ထိုင်းနှင့်လာအိုကြား သင်္ဘောဝန်ဆောင်မှုလုပ်ငန်းများထိခိုက်နေသည်။ မြစ်ညာရှိ တရုတ်နိုင်ငံမှတမံများတွင် ရေလှောင်ထားခြင်းနှင့် မိုးခေါင်မှုတို့ကြောင့် ရေမျက်နှာပြင်နိမ့်လာခြင်းဖြစ်သည်။ မောင်း၊ သအူသန်၊ ဘန်ဖေးနှင့် သက်ဖနွန်ခရိုင်များတွင် ရေမျက်နှာပြင်တစ်မီတာခန့်သာရှိပြီး တစ်ကီလိုမီတာကျော်ရှည်သည့် သဲသောင်များထွန်းလာသည့်အပြင် နယ်စပ်ဖြတ်ကျော်သင်္ဘောပို့ဆောင်ရေး ထိခိုက်နေသည်။ သောင်များကိုရှောင်ရန် သင်္ဘောများပိုဝေးဝေးသွားနေရသည်။ ငါးလုပ်ငန်းနှင့်မြစ်ကမ်းဘေးရှိ စိုက်ပျိုးရေးလုပ်ငန်းများလည်း ထိခိုက်နေသည်။ မိုးရာသီရောက်ရန် လပိုင်းလိုနေချိန်တွင် ပြသာနာဖြေရှင်းရန် အစီအစဉ်ဆွဲထားပြီးကြောင်း နခွန်ဖနွန်ခရိုင်အုပ်ချုပ်ရေးမှူး ဆာယမ် ဆီရီမုန်ကောကပြောသည်။ သင်္ဘောများသွားနိုင်ရန် စက်များအသုံးပြုလမ်းကြောင်း ဖော်နေသည်ဟုလည်းသိရသည်။ ထိုင်းအစိုးရထံခွင့်ပြုချက်တင်ပြီးနောက် နခွန်ဖနွန်ခရိုင်အတွက် ရေအသုံးပြုနိုင်ရန်နှင့် စိုက်ပျိုးရေးအတွက်သုံးနိုင်ရန် ခရိုင်ခွဲ ၁၂ ခုတွင် ရေလမ်းကြောင်းတူးနိုင်ရေးစီမံကိန်း ၃၇၁ ခုအတွက် ဘတ်သန်း ၂၀ဝ နီးပါးခွင့်ပြုထားသည်။ Source- Bangkok Post ဥက္ကာ …

အဆုတ်ယောင်နေသည့်တရုတ်မိန်းကလေးကို စင်ကာပူသီးသန့်ထိန်းသိမ်းကုသပေးထား

စင်ကာပူ၊ ဇန်နဝါရီ ၅ ရောဂါဆန်းဖြစ်ပွားနေသည့်တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကိုသွားရောက်ခဲ့ပြီးနောက် အဆုတ်ယောင်နေသည့် တရုတ်မိန်းကလေးကို စင်ကာပူနိုင်ငံတွင် သီးသန့်ထိန်းသိမ်းကုသပေးနေသည်။ ပင်လယ်စာလက်ကားဈေးတွင် အဆုတ်ယောင်ရောဂါဖြစ်ပွားမှုများပြားနေသည့် ဝူဟန်မြို့သို့သွားရောက်ခဲ့ပြီး အဆုတ်ယောင်နေသည့် အသက် ၃ နှစ်အရွယ်တရုတ်မိန်းကလေးကို သိရှိထားသည်ဟု ဇန်နဝါရီ ၄ ရက်တွင် စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ “ဟွာနန်ပင်လယ်စာလက်ကားဈေးကို ကောင်မလေးမသွားခဲ့ပါဘူး”ဟု စင်ကာပူကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင်ပါဝင်သည်။ “နောက်ထပ်အကဲဖြတ်နိုင်ဖို့နဲ့ကုသဖို့ ဆေးရုံတင်ထားပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ သီးသန့်ထားပေးထားပါတယ်”လို့လည်း ဖြည့်စွက်သည်။ မိန်းကလေးလက်ရှိတွင် တည်ငြိမ်သည့်အခြေအနေရှိနေပြီး အစောပိုင်းစစ်ဆေးမှုအရ ကလေးငယ်များအဆုတ်ယောင်စေသည့်ဗိုင်းရပ် Respiratory Syncytial Virusရှိနေသည်။ ဖြစ်ပွားရသည့်အကြောင်းရင်းက ဗိုင်းရပ်စ်ပိုးကြောင့်ဟုအတည်ပြုနိုင်ရန် စုံစမ်းစစ်ဆေးမှုများလုပ်နေသည်ဟုလည်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနကပြောသည်။ သောကြာနေ့အထိ ဆိုးရွားသည့်ဖြစ်စဉ် ၁၁ ခုအပါအဝင် ထူးခြားစွာပြန့်နှံ့နေသည့်အဆုတ်ယောင်ရောဂါဖြစ်ပွားမှု ၄၄ မှုရှိနေသည်ဟု တရုတ်နိုင်ငံကအတည်ပြုထားသည်။ ရောဂါကူးစက်မှုအကြောင်းရင်းကိုအမျိုးအစားခွဲရန် ဝူဟန်အာဏာပိုင်များလုပ်ငန်းဆောင်ရွက်နေကြသော်လည်း တုပ်ကွေး၊ ကြက်ငှက်တုပ်ကွေး၊ အဒီနိုဗိုင်းရပ်စ်ကူးစက်ခံရမှုနှင့် …

Design a site like this with WordPress.com
Get started