တာချီလိတ်၊ ဧပြီ ၃ ရန်ကုန်မှတဆင့် တာချီလိတ်သို့ လေကြောင်းဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦး ကိုယ်အပူချိန်မြင့်မားနေသဖြင့် ကိုဗစ်-၁၉ သံသယလူနာအဖြစ် တာချီလိတ်ဆေးရုံသို့ ဧပြီလ ၂ရက် ညပိုင်းက ပို့ဆောင်ထားကြောင်း တာချီလိတ်ဆေးရုံကြီးမှ သိရသည်။ “၂ရက်နေ့ည ၁၂နာရီလောက်က ရောက်လာတာ၊ တရုတ်နိုင်ငံသား ဟုတ်တယ်” ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းကပြောသည်။ အသက် ၄၇နှစ်အရွယ် တရုတ်နိုင်ငံသားသည် ချော်လဲပြီး လက်မောင်းနာသဖြင့် ဆေးရုံသို့ သွားပြရာတွင် ကိုယ်အပူချိန်တိုင်းရာ ၃၈ ဒဿမ ၃ ဒီဂရီစင်တီဂရိတ်ဖြစ်နေသဖြင့် ၎င်း၏ ခရီးသွားရာဇဝင်ကို ဆက်လက်မေးမြန်ရာ မတ်လ ၂၄ရက်တွင် တရုတ်နိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်ရောက်လာပြီး မတ်လ ၂၅ရက်တွင် ရန်ကုန်မှတာချီလိတ်သို့ လေယာဉ်ဖြင့်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်း၏ ခရီးသွားရာဇဝင်နှင့် ရောဂါလက္ခဏာမှာ …
Continue reading “တာချီလိတ်ဆေးရုံသို့ တရုတ်နိုင်ငံသားတစ်ဦး သံသယလူနာအဖြစ် ထပ်မံရောက်ရှိ”