တာချီလိတ်၊ နိုဝင်ဘာ ၃၀ ရွှေဝါနဒီပန်းခြံအတွင်းရှိ သဖန်းပင်အောက်၌ စွန့်ပစ်ထားသော ကလေးငယ်တစ်ဦးကို နိုဝင်ဘာ ၃၀ ရက်နံနက် ၆ နာရီခန့်က ကီလိုကောက်သည့် အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့ကြောင်း သိရသည်။ ‘ကလေးက လသားအရွယ်တော့ရှိပြီ၊ ချစ် စရာလေး၊ အနွေးထည်အနီလေးနဲ့ ပတ်ထားတာ တွေ့ရတယ်’ဟု ကောက်ရ သည့် အမျိုးသမီးကြီးက ပြောသည်။ ကလေးငယ် ကောက်ရသည့် ဖြစ်စဉ်အား ရပ်ကွက်ရုံးတွင် အကြောင်းကြားပြီး ကလေးကို ၎င်းနေအိမ်တွင် စောင့်လျှောက်ထားကြောင်းသိရသည်။ MK -002 MeKongNews
Category Archives: Uncategorized
ဒေါ်အောင်ဆန်းစုကြည်တစ်ဦးထဲကို မဟုတ်ဘဲ သွားရောက်ရင်ဆိုင်မည့် အဖွဲ့ကို ထောက်ခံပွဲလုပ်ဖို့ တာချီလိတ်တွင်ဆွေးနွေး
တာချီလိတ်၊ နိုဝင်ဘာ ၃၀ ICJ တွင် သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးထဲကို မဟုတ်ဘဲ ICJ တွင် သွားရောက်ရင်ဆိုင်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံသည့် ထောက်ခံပွဲပြုလုပ်ရန် အစည်းအဝေး တက်ရောက်သူတစ်ဦးက ဆွေးနွေးသည်။ အဆိုပါထောက်ခံပွဲ ဖြစ်မြောက်ရေးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက တာချီလိတ်မြို့၊ ဘုရင့်နောင်ဈေးတွင် ပြုလုပ်ရာ အစည်းအဝေးတက်ရောက်သူများ ထဲမှ ဦးဆန်းအောင်ဆိုသူက ယင်းကဲ့သို့ ဝင်ရောက်ဆွေးနွေးခြင်းဖြစ်သည်။ “အခုသွားရောက်ရင်ဆိုင်မှာက ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ထဲ မဟုတ်ပါဘူး။ တခြားပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။ ဒါကြောင့်တစ်ဖွဲ့လုံးကိုထောက်ခံပွဲ လုပ်ရင် ပိုသင့်တော်ပါတယ်” ဟု ၎င်းက ဆွေးနွေးသည်။ အစည်းအဝေးတွင် ထောက်ခံပွဲ ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ထောက်ခံပွဲနှင့် ပတ်သက်သည့် နေရာ၊ အချိန်၊ …
ICJ ကိစ္စအပေါ် UWSA နှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့ အမြင်ကွဲ
တာချီလိတ်၊ နိုဝင်ဘာလ ၃၀ ICJ တွင် မြန်မာနိုင်ငံတရားစွဲဆိုသည့် ကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဦးဆောင်ကာ သွားရောက်ဖြေရှင်းအပေါ် UWSA အနေဖြင့် လေးစားဂုဏ်ယူကြောင်း နိုဝင်ဘာလ ၃၀ ရက်စွဲဖြင့် UWSA က ထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လက်ရှိ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်နေသည့် MNDAA, TNLA နှင့် AA တို့ ပါဝင်သည့် ညီနောင်မဟာမိတ် ၃ဖွဲ့က ICJ တွင် မြန်မာနိုင်ငံကို တရားစွဲဆိုသည့်အပေါ် ထောက်ခံကြောင်း ထုတ်ပြန်ထားရာ အဆိုပါတရားစွဲဆိုမှုနှင့် ပတ်သက်၍ အမြင်ကွဲနေကြောင်းတွေ့ရသည်။ UWSA အနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးရထားသည်မှာ နှစ်ပေါင်း ၃၀ ကျော်ပြီဖြစ်ပြီး ညီနောင်မဟာမိတ် ၃ဖွဲ့မှာ လက်ရှိတွင် တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည့်အတွက် …
Continue reading “ICJ ကိစ္စအပေါ် UWSA နှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့ အမြင်ကွဲ”
ကျိုင်းတုံ၌ ရာဘာခြစ်သည့် အမျိုးသမီးတစ်ဦး အသတ်ခံရ
ကျိုင်းတုံ၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြိ့၊ မိုင်းလန်းအုပ်စု၊ ဟွေပုံရွာရှိ ရာဘာခြံ၌ ရာဘာခြစ်အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖြစ်စဉ် နိုဝင်ဘာ ၂၉ နံနက်ပိုင်းက သတ်ဖြတ်ခဲ့သည့်ရကြောင်း ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၉ နံနက် နံနက် ၅ နာရီခွဲ၌ ကျိုင်းတုံမြို့၊ မိုင်းလန်းအုပ်စု၊ ဟွေပုံရွာရှိ ရာဘာခြံတွင် ဒေါ်ကြည်အေးသည် နေအိမ်၌ ထမင်းချက်နေစဉ် နေအိမ်တဲ့၏ အရှေ့ဘက် တစ်ဖာလုံခန်အကွာတွင် ဒေါ်ခင်ဌေးမှ ”ကယ်ကြပါအုံး၊ ကယ်ကြပါဦး”ဟု အော်သံကြားသဖြင့် သွားရောက်ကြည့်ရှု့ရာ ရာဘာခြစ်သည့် အပင် ၆၀ဝ ကွက် ကားလမ်းမအလယ်တွင် ချွေးမဖြစ်သူ မခင်ယုလွင်မှာ လည်ပင်းနှင့် မျက်ခုံးဘေးတို့၌ ဒဏ်ရာများဖြင့် လဲကျ နေသည်ကို တွေ့ရသည်။ ခဏအကြာတွင် သားဖြစ်သူ …
Continue reading “ကျိုင်းတုံ၌ ရာဘာခြစ်သည့် အမျိုးသမီးတစ်ဦး အသတ်ခံရ”
မြန်မာဘက်တိုက်ပွဲများကြောင့် ဘုရားသုံးဆူနယ်စပ် ထိုင်းဘက်ကလုံခြုံရေးမြှင့်
တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား မွန်လူမျိုး တစ်ထောင်ခန့်ထွက်ပြေး Ref: Bangkok Postနိုဝင်ဘာ ၂၉ မြန်မာစစ်တပ်နှင့် မွန်ပြည်သစ်ပါတီတို့ကြား ထိတွေ့မှုတွေဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်ကို ထိခိုက်မှု မရှိစေရန် ထိုင်းစစ်တပ်က ဘုရားသုံးဆူနယ်စပ်တွင် လုံခြုံရေးမြှင့်တင်ထားကြောင်း သိရသည်။ မြန်မာစစ်တပ်နှင့် မွန်တပ်တို့အကြား ထိတွေ့မှုများ နယ်စပ်စည်းမျဉ်းဘက်ကို နီးကပ်လာသည့်အတွက် ထိုင်းစစ်တပ်၊ ဆူရာစီတပ်ခွဲဟာ ဘုရားသုံးဆူနယ်စပ်တစ်လျှောက်မှာ နေရာယူထားကြောင်း သိရသည်။ ဘုရားသုံးဆူဂိတ်မှတဆင့် နယ်စပ်ဖြတ်ကျော် အလုပ်သမားများ ဝင်ရောက်မှုကို ခွင့်ပြုထားသော်လည်း ထိုင်းခရီးသွားများ နယ်စပ်ဖြတ်ကျော်ခွင့်နှင့် ဈေးဆိုင်များနှင့် ခရီးသွားအစီအစဉ်များကို ပိတ်ပင်ထားဆဲ ဖြစ်သည်။ ဒါ့အပြင်ခရီးသွားများအနေဖြင့် လုံခြုံရေးဆောင်ရွက်နေသည့် နေရာများနှင့် အဝေးတွင် နေကြရင် အစိုးရက အကြံပြုထားသည်။ မြန်မာနိုင်ငံသားများ နယ်စပ်ဖြတ်ကျော်ခွင့်အတွက် ဂိတ်တစ်ခုကို ထိုင်းစစ်သားများက ဖွင့်ပေးထားသော်လည်း ဆွိုင်ကာဆတ် ၁ ရှိ နယ်စပ်ကုန်သွယ်ရေးယာဉ်များ …
Continue reading “မြန်မာဘက်တိုက်ပွဲများကြောင့် ဘုရားသုံးဆူနယ်စပ် ထိုင်းဘက်ကလုံခြုံရေးမြှင့်”
ICJ တရားစွဲတာကို ထောက်ခံကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့ကြေညာ
တာချီလိတ်၊ နိုဝင်ဘာ ၂၈ မြန်မာ့တပ်မတော်အနေဖြင့် စစ်ရာဇဝတ်မှု အမျိုးမျိုးကို ကျူးလွန်နေတာကြောင့် ICJနှင့် ICC တို့တွင် မြန်မာ့တပ်မတော်ကို တရားစွဲရန်ကြိုးပမ်းမှုကို ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် ထောက်ခံကြောင်း နိုဝင်ဘာလ ၂၈ရက်က ကြေညာချက်ထုတ်သည်။ နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း မြန်မာ့တပ်မတော်အနေဖြင့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားသည့် တိုက်ပွဲများတွင် နိုင်ငံတကာစစ်ရာဇဝတ်မှု ဥပဒေများကို ဆန့်ကျင်ပြီး စစ်ရာဇဝတ်မှုအမျိုးမျိုးကို ကျူးလွန်ကာ ဂျီနီဗာကွန်ဗင်းရှင်းကို ဆန့်ကျင်နေကြောင်း TNLA, MNDAA နှင့် AA တို့ ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာလ ၂၈ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် ကိုးကန့်၊ တအောင်းနှင့် ရခိုင်ဒေသအတွင်း တိုင်းရင်းသားပြည်သူများကို မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို အရေးယူရန် …
Continue reading “ICJ တရားစွဲတာကို ထောက်ခံကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့ကြေညာ”
တရားရင်ဆိုင်မယ့် မြန်မာခေါင်းဆောင်တွေ `ကံကောင်းပါစေလို့´ အစ္စရေးသံအမတ်ကြီး ဆုတောင်း
န်ကုန်၊ နိုဝင်ဘာ ၂၈ မြန်မာနိုင်ငံဆိုင်ရာအစ္စရေးသံအမတ်ကြီး ရိုနန် ဂီလောက နိုင်ငံတကာတရားရုံး(ICJ)မှာ လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်နဲ့တရားရင်ဆိုင်ရမယ့်မြန်မာဥပဒေအဖွဲ့ကံကောင်းပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။ “ကောင်းတဲ့ဆုံးဖြတ်ချက်ချနိုင်ပြီးတော့ ကံကောင်းကြပါစေ” လို့ ဂီလောက တွစ်တာမှာ ရေးခဲ့တာပါ။ ဗုဒ္ဓဟူးနေ့တုန်းကလည်း သူနဲ့ ပြည်ထောင်စုလွှတ်တော်အဖွဲ့ဝင်တွေ၊ အရာရှိတွေနဲ့တွေ့ဆုံခဲ့တဲ့ဓာတ်ပုံတွေ တွစ်တာမှာဝေမျှခဲ့ပြီး ဘင်္ဂါလီအရေးဆွေးနွေးခဲ့သလို သူတို့ကို ကံကောင်းစေကြောင်းအလေးအနက်ဆုတောင်းပေးခဲ့တယ်လို့ ပြောပါတယ်။ ဟာအားဇ်သတင်းအေဂျင်စီက အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကိုမေးမြန်းခဲ့ပြီးတဲ့နောက် အဲဒီတွစ်တာကတွိတွေကိုဖျက်ခဲ့ပြီး တစုံတရာဖြေကြားခဲ့ခြင်းမရှိဘူးလို့ အစ္စရေးနိုင်ငံက ဟာအားဇ်သတင်းအေဂျင်စီကဖော်ပြထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံဦးဆောင်တဲ့ နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ကိုဖွဲ့စည်းလိုက်ပြီလို့ နိုဝင်ဘာ ၂၆ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံကိုစွပ်စွဲချက်တွေရှိတဲ့နောက်ပိုင်း၊ ဥရောပသမဂ္ဂက မြန်မာနိုင်ငံကိုလက်နက်ရောင်းဝယ်ခွင့်ပိတ်ခဲ့တဲ့နောက်ပိုင်းနဲ့ အမေရိကန်က လက်နက်ရောင်းမှုနဲ့ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုတွေလုပ်နေတဲ့နောက်ပိုင်းမှာတောင် အစ္စရေးဟာ မြန်မာနိုင်ငံကိုလက်နက်တွေရောင်းနေပါတယ်။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာမှာ အစ္စရေးတရားရုံးချုပ်က လက်နက်ရောင်းချမှုနဲ့ပတ်သက်ပြီး အစ္စရေးရှေ့နေတစ်ယောက်က တင်သွင်းတဲ့အရေးယူဆောင်ရွက်ဖို့အဆိုကို ပယ်ချခဲ့ပေမဲ့ နိုင်ငံတော်ရဲ့တောင်းဆိုချက်ကြောင့် တရားသူကြီး ၃ …
၂၀၂၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိ
နေပြည်တော်၊ နိုဝင်ဘာ ၂၇ လာမည့် ၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းများ ကောက် ယူပြီးစီးပြီဖြစ်ကာ မဲဆန္ဒပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ သိရသည်။ “လက်ရှိအခြေခံမဲစာရင်း အရေအတွက်က ၃၇ သန်းကျော်ပေါ့။ ၂၀၁၅တုန်းကတော့ ၃၄သန်းကျော်၊ဆိုတော့ ဒီဟာမှာ တပ်မတော်သားတွေနဲ့အတူနေမိသားစုတွေရဲ့မဲစာရင်းတော့မပါသေးဘူး။ သူတို့ကတော့ တပ်မတော်သားတွေကတော့ရွှေ့တာပြောင်းတာတွေ ဖြစ်တော့ နီးကပ်လာတဲ့ အချိန်မှာတော့သူတို့ဆီက ရမှာပါ” ဟု ဦးမြင့်နိုင်ကပြောသည်။ ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင်ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးမြင့်နိုင်က အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိ အခြေခံမဲစာရင်းကောက်ယူမှုတွင် ယခင်ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့သည့် ‘ဝ’ဒေသရှိ မြို့နယ် (၅)မြို့နယ် အတွက် မဲစာရင်းမပါရှိသေးကြောင်း သိရသည်။ မဲစာရင်းမကြေညာခင်တွင်လည်း လက်ရှိ ပြုစုထားသည့် မဲစာ ရင်းတွင် လိုအပ်သည်များ ကျန်နေ …
Continue reading “၂၀၂၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိ”
ICJ တွင်ရင်ဆိုင်မည့် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံပွဲ တာချီလိတ်တွင်ပြုလုပ်မည်
အစိုးရဝန်ထမ်းများပါဝင်နိုင်ရန်စီစဉ်နေ တာချီလိတ်၊ နိုဝင်ဘာ ၂၈ OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားသည့် လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်ကို နယ်သာလန်နိုင်ငံ၊ ဟိတ်မြို့တွင် သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲကို တာချီလိတ်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထောက်ခံပွဲဖြစ်မြောက်ရေးကော်မတီ(ယာယီ) ထံမှ သိရသည်။ ထောက်ခံပွဲဖြစ်မြောက်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၃၀ရက်တွင် တာချီလိတ်မြို့နယ်၊ ဘုရင့်နောင်ဈေး အပေါ်ထပ်ခန်းမဆောင်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ထောက်ခံပွဲကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နယ်သာလန်နိုင်ငံသို့ သွားရောက်မည့် ဒီဇင်ဘာလ ၁၀ရက်တွင် ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားကြောင့် ထောက်ခံပွဲဖြစ်မြောက်ရေး ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် ဦးမျိုးမင်းသိန်းက ပြောသည်။ “ထောက်ခံပွဲကို ဘယ်နေရာမှာ စမယ်။ ဘယ်လိုကြွေးကြော်သံတွေပါမယ် ဆိုတာကတော့ အစည်းအဝေး လုပ်ပြီးမှ အတိအကျသိရမယ်” ဟု၎င်းက ပြောသည်။ အဆိုပါထောက်ခံပွဲကို အစိုးရဝန်ထမ်းများလည်း ပါဝင်နိုင်ရန်အတွက် …
Continue reading “ICJ တွင်ရင်ဆိုင်မည့် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံပွဲ တာချီလိတ်တွင်ပြုလုပ်မည်”
သေဆုံးနေသည့် သမင်အစာအိမ်အတွင်းမှ ပလပ်စတစ် ၇ ကီလိုခန့်တွေ့
အမှိုက်များအတွင်း အမျိုးသားအတွင်းခံတစ်ထည်ပင် ပါဝင် ချင်းမိုင်၊ နိုဝင်ဘာ ၂၆ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ အမျိုးသားဥယျာဉ်အတွင်းမှာ သေဆုံးနေသည့် သမင်၏ အစာအိမ်အတွင်းမှ ပလပ်စတစ်အပါအဝင် အမှိုက် ၇ ကီလိုခန့်ကို နိုဝင်ဘာလ ၂၅ရက်က တွေ့ရှိခဲ့ကြောင်း ဧရိယာ ၁၃ ထိန်းသိမ်းရေးရုံးမှ သိရသည်။ ထိုင်းနိုင်ငံမြောက်ပိုင်း၊ နန်ခရိုင်အတွင်းရှိ ခွန်စထန် အမျိုးသားဥယျာဉ်အတွင်းမှာ ပြင်ပဒဏ်ရာမရှိဘဲ သမင်တစ်ကောင်သေဆုံးနေတာကြောင့် ဒေသပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးမှ တာဝန်ရှိသူတွေက ခွဲစိတ်စစ်ဆေးရာ သမင်၏ အစာအိမ်အတွင်း ပလပ်စတစ်နှင့် အမှိုက် ၇ကီလိုခန့်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမှိုက်များအတွင်း အမျိုးသားအတွင်းခံတစ်ထည်ပင် ပါဝင်ကြောင်း သိရသည်။ “သမင်သေကို စစ်ဆေးလိုက်တော့ သူ့အစာအိမ်ထဲမှာ ပလပ်စတစ်တွေ၊ အမှိုက်တွေ အများကြီးတွေ့ရတယ်။ ကြည့်ရတာ သူ့ဗိုက်ထဲမှာ အချိန်တော်တော်ကြာကတည်းက သွားစုနေပုံရတယ်။ ဒါက ပင်လယ်ထဲမှာ ဖျံတွေကို …
Continue reading “သေဆုံးနေသည့် သမင်အစာအိမ်အတွင်းမှ ပလပ်စတစ် ၇ ကီလိုခန့်တွေ့”