ထိုင်းအထက်ပိုင်းအတွက် မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထား

ဘန်ကောက်၊ မတ် ၃၁ ယခုတစ်ပတ်အတွင်း ထိုင်းနိုင်ငံအထက်ပိုင်း ခရိုင်များသို့ နွေရာသီမုန်တိုင်းဝင်နိုင်​ကြောင်း ယနေ့တွင်ထုတ်ပြန်သည်။ တောင်တရုတ်ပင်လယ်မှ အရှေ့တောင်ဘက်သို့ တိုက်ခတ်သည့်စိုထိုင်းဆများသောလေနှင့် တရုတ်နိုင်ငံကနေ ထိုင်းအရှေ့မြောက်ပိုင်းထိကျော်နေသည့် လေဖိအားများနေမှုတို့ဆုံသဖြင့် သတိပေးထားခြင်းဖြစ်သည်။ ထိုင်းမြောက်ပိုင်း၏ အောက်ဘက်၊ အရှေ့မြောက်ပိုင်း၊ အ​ရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ပူသည့်အခြေအနေမှ အလွန်ပူသည့်အခြေအနေအထိတွေ့နိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက ယနေ့မနက်ပိုင်းတွင် ထုတ်ပြန်သည်။ မိုးကြိုးမုန်တိုင်းများ၊ လျှက်စီးလက်ခြင်းများနှင့် လေပြင်းများ၊ မိုးသီးကြွေခြင်းများလည်း ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။ ဧပြီ ၄ ရက်အထိ ခရိုင် ၃၉ ခုတွင် သတိပေးထားခြင်းဖြစ်သည်။ သစ်ပင်အိုများနှင့် သက်တမ်းရင့် အဆောက်အအုံများနားတွင် မနေရန်လည်း ဒေသခံများကို သတိပေးထားပြီး လယ်သမားများအနေနှင့် သီးနှံများ ထိခိုက်မှုလျှော့ချနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ထားသင့်ကြောင်း အကြံပြုထားသည်။ Source – Bangkok Post ဥက္ကာ …

တာချီလိတ်မှ နောက်ထပ်သံသယလူနာ ၃ဦးတွင် ရောဂါပိုးမတွေ့

တာချီလိတ်၊ မတ် ၃၁ မတ်လ ၃၁ရက် ညပိုင်းထုတ်ပြန်ချက်များအရ တာချီလိတ်မြို့မှ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၃ဦးတွင် ပိုးမတွေ့ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က မတ်လ ၃၁ရက်ညပိုင်းက မဲခေါင်သတင်းဌာသို့ ပြောသည်။ မယ်ဆိုင်မြို့တွင် ပိုးတွေ့သည့် လူနာ၏ အိမ်တက်ပွဲသို့ တက်ရောက်ခဲ့သည့် ဝှေလေလန်မှ အမျိုးသားနှင့် ၎င်း၏ဖခင်၊ လာအိုနိုင်ငံမှ ပြန်လာသူတစ်ဦးတို့တွင် ရောဂါပိုးမရှိကြောင်း ရလဒ်ထွက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တာချီလိတ်ခရိုင်ဆေးရုံကြီးတွင် သံသယလူနာ ၂ဦးသာ ကျန်တော့သည်။MK – 001 MeKongNews

တာချီလိတ်ရှိသံသယလူနာ ၂ဦးတွင် ပိုးမတွေ့အဖြေထွက်ခဲ့ပြီး နောက်ထပ်သံသယလူနာ ၂ဦးလည်းထပ်တိုး

တာချီလိတ်၊ မတ် ၃၁ မတ်လ ၃၀ရက်ညပိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တာချီလိတ်ဆေးရုံတွင် တက်ရောက်နေသည့် သံသယလူနာ ၂ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း မရှိကြောင်း သိရသည်။ ရန်ကုန်သို့ ဓာတ်ခွဲစစ်ဆေးရန် ပေးပို့ထားသည့် တာချီလိတ်မြို့၊ မကာအိုခမ်းရပ်ကွက်ထဲမှ အမျိုးသမီး တစ်ဦးနှင့် ထိုင်းနိုင်ငံမှ လွှဲပြောင်းလာသည့် ရွှေ့ပြောင်းလုပ်သား တစ်ဦးတို့၏ စစ်ဆေးမှုရလဒ်တွင် ရောဂါပိုးမတွေ့ကြောင်း တာချီလိတ်မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာဂျန်ယံဆက်က ပြောသည်။ “မနေ့က အဖြေထွက်တဲ့နှစ်ယောက်မှာ ပိုးအဖြေမတွေ့ပါဘူး” ဟု၎င်းက ပြောသည်။ သို့သော် မတ်လ ၃၀ရက် ညပိုင်းက တာချီလိတ်ဆေးရုံသို့ သံသယလူနာ နှစ်ဦး ထပ်မံရောက်ရှိလာကြောင်း သိရသည်။ တစ်ဦးမှာ မလေးရှားနိုင်ငံသား အသက်(၂၆)နှစ်အရွယ် တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး ချောင်းဆိုးခြင်း၊ နှာစေးခြင်း …

တာချီလိတ်တွင် ၂ညတာ တည်းခိုနေထိုင်ခဲ့သူတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့

တာချီလိတ်၊ မတ် ၃၀ တာချီလိတ်မြို့တွင် ၂ညတာ တည်းခိုနေထိုင်သွားသည့် ကျောက်မဲ မြို့နေထိုင်သူ တစ်ဦးထံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ညပိုင်းက ထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် ဓာတ်ခွဲအတည်ပြုလူနာ (Case-14) သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် တွင် နေထိုင်သော အသက် (၂၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး မတ်လ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကာ တာချီလိတ် မြို့တွင် (၂)ညတာတည်းခိုနေထိုင်ခဲ့ပါသည်။ မတ်လ ၂၇ရက်နေ့၊ ညနေတွင် တာချီလိတ်မြို့မှ မန္တလေးမြို့သို့ လေကြောင်းဖြင့်ရောက်ရှိခဲ့ပြီး အဆိုပါနေ့ ညနေပိုင်းတွင် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ ကျောက်မဲမြို့သို့ ရောက်ရှိခဲ့ပါသည်။မတ်လ ၂၈ရက်နေ့တွင် အလွန်အမင်း အန်ခြင်း၊ ချောင်းဆိုးခြင်း …

နာဂျစ် ဒေါ်လာတစ်ဘီလီယံ အရှုပ်တော်ပုံတွင် ထိုင်း၀န်ကြီးချုပ်ပါ၀င်နေသည်ဟူသည့် စွပ်စွဲချက် အစိုးရဖြေရှင်း

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၄ မလေးရှားနိုင်ငံ၏အကြီးဆုံးဘဏ္ဍာရေးအရှုပ်တော်ပုံတစ်ခုဖြစ်သည့် 1MDBမြို့ပြဖွံ့ဖြိုးရေးရန်ပုံငွေအရှုပ်တော်ပုံတွင် ၀န်ကြီးချုပ်ပရာရွတ် ချန်အိုချာပါ၀င်နေသည်ဆိုသည့် မကြာသေးခင်ကဖျက်သိမ်းခဲ့သော Future Forward ပါတီကစွပ်စွဲပြောဆိုခဲ့ခြင်းမှာ အခြေအမြစ်မရှိကြောင်း ထိုင်းအစိုးရပြောခွင့်ရသူကကပြောသည်။ စွဲချက်ကို ထိုင်းအစိုးရပြောခွင့်ရသူနာရူမွန် ပင်ယိုဆင်၀က်ကငြင်းဆိုခဲ့သည်။ စွပ်စွဲသူကို တရားဥပဒေအရအရေးယူရန်စီစဉ်နေပြီး စွဲချက်ဖြေရှင်းရန် အများပြည်သူသိစေမည့်ထုတ်ပြန်ချက်လည်းလုပ်သွားမည်ဟုပြောသည်။ အတိုက်အခံမရှိဘဲ ပြီးခဲ့သည့် ၆ နှစ်နှင့် ၄ လကြာအုပ်ချုပ်ခဲ့သည့်ပရာရွတ်ကို FFပြောခွင့်ရသူ ပန်နီကာ ဝါချက်က ပါတီကစီစဉ်သည့်အစိုးရနှင့်စကားစစ်ထိုးမှုတွင် တစ်နာရီခွဲကြာရှင်းလင်းပြောဆိုခဲ့ပြီး ပရာရွတ်သည် 1MDBတွင် ပါ၀င်ပတ်သတ်ခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ပြောဆိုခဲ့သည်။ ထိုင်းခြေဥတရားရုံးကသောကြာနေ့တွင်ဖျက်သိမ်းခဲ့သည့်FFသည် နိုင်ငံရေးသမားအစား နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအဖြစ်ဆောင်ရွက်မည်ဟုကတိပြုခဲ့သည့်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု ပန်နီကာကပြောသည်။ Source – The Nation#ဥက္ကာ #MeKongNewsPhoto- The Nation

မလေးရှားဝန်ကြီးချုပ် ရာထူးကနေနှုတ်ထွက်

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၄ မလေးရှားဝန်ကြီးချုပ်အဖြစ်ကနေနှုတ်ထွက်ကြောင်း စာတင်လိုက်ပြီဟု မလေးရှားဝန်ကြီးချုပ်ဒေါက်တာ မဟာသီယာ မိုဟာမက်ကပြောသည်။ တနင်္လာနေ့နေ့လည်မလေးရှားစံတော်ချိန် ၁ နာရီတွင် နုတ်ထွက်စာကို မလေးရှားဘုရင်ထံတင်သွင်းခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ်ရုံးကထုတ်ပြန်သော်လည်း အသေးစိတ်အချက်အလက်များမသိရသေးချေ။ သူ့ရဲ့PPBM၊ UNMO၊ PASနဲ့ တခြားပါတီတွေစုပေါင်းပြီး မလေးညွှန့်ပေါင်းအစိုးသစ်ဖွဲ့စည်းဖို့ရှိနေကြောင်း ခန့်မှန်းပြောဆိုနေကြချိန်မှာ မဟာသီယာ အံ့အားသင့်ဖွယ်နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ UMNOပါတီခေါင်းဆောင်ဖြစ်ခဲ့သည့် ၁၉၈၁ ခုနှစ်မှ ၂၀ဝ၃ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်ဖြစ်ခဲ့သည့် မဟာသီယာသည် မလေးရှားနိုင်ငံ၏စတုတ္ထမြောက်ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင်ပါတီက နုတ်ထွက်ခဲ့ပြီးနောက် PPBMပါတီတည်ထောင်ကာ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည်။ ၂၀၁၈ ခုနှစ် မလေးရှားရွေးကောက်ပွဲတွင် PHညွှန့်ပေါင်းအဖွဲ့ကိုဦးဆောင်ခဲ့ပြီးနောက် မလေးရှားလွတ်လပ်ရေးရပြီး နှစ် ၆၀ ကြာအာဏာရထားသည့် BNညွှန့်ပေါင်းအဖွဲ့ထက် အသာရပြီး အစိုးရဖွဲ့နိုင်ခဲ့သည်။ Source – CNA ဥက္ကာ #MeKongNews Photo – Malay …

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ(တာချီလိတ်-ရှမ်းပြည်နယ်) နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံကျင်းပ

တာချီလိတ် ဖေဖော်ဝါရီ ၂၃ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ၊ တာချီလိတ်(ရှမ်းပြည်နယ်)မှ ကြီးမှူးကျင်းပသော နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံ အခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက်နေ့လယ်ပိုင်းက တာချီလိတ်မြို့ Happy စားသောက်ဆိုင်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဌ ဦးအောင်မြင့်က အမှာစကားပြောကြားသည်။ ထို့နောက် အထွေထွေအတွင်းရေးမှူးချုပ် ဦးစိုးမြင့်က အသင်းနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ရှင်းလင်းတင်ပြပြီး မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းခွဲ၊ တာချီလိတ် (ရှမ်းပြည်နယ်)၏ ဗဟိုကော်မတီအမည်စာရင်းအား ဖတ်ကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းခွဲ၊ တာချီလိတ် (ရှမ်းပြည်နယ်)မှ အလုပ်အမှုဆောင်(EC)အဖွဲ့ဝင်များက ကတိသစ္စာခံယူပြီးနောက် ဥက္ကဌ ဦးအေးချို က မိတ်ဆက်စကားပြောကြားသည်။ အဆိ်ုပါ နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံတွင် တာဝန်ရှိသူများက အင်ဂျင်နီယာကောင်စီနှင့် ပတ်သက်၍လည်းကောင်း၊ …

ဂတ်စ်မီးဖိုမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွား

တာချီလိတ်၊ ဖေဖော်ဝါရီ ၂၃ ထမင်း၊ ဟင်းချက်ပြုတ်ရာတွင် အသုံးပြုသည့် ဂတ်စ်မီးဖိုမှ တစ်ဆင့် မီးအနည်းငယ်လောင်ကျွမ်းမှု တာချီလိတ်မြို့၊ ပုန်းထွန်းရပ်ကွက်တွင် ဖေဖော်ဝါရီလ ၂၃ရက် ညနေ ၄နာရီ ၅၀ခန့်က ဖြစ်ပွားသည်။ ဂတ်စ်မီးဖိုမှ ဂတ်စ်ယိုစမ့်နေစဉ် မီးမွှေးလိုက်ရာ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး အိမ်သားများမှ စောင်ကိုရေဆွတ်ကာ အုပ်လိုက်သည့်အတွက် မီးငြိမ်းသွားကြောင်း ပတ်ဝန်းကျင်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။ “ဂတ်စ်အိုးဆိုတော့ စောင်ကို ရေဆွတ်ပြီး အုပ်လိုက်တာ ငြိမ်းသွားတယ်။ သိပ်မကြာလိုက်ဘူး။ ၂မိနစ်၊ ၃မိနစ်လောက်ပဲ။ မီးသတ်ကားတွေရောက်တော့ မီးငြိမ်းသွားပြီ” ဟု၎င်းကပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း ဟင်းချက်ရာမှတဆင့် မီးလန့်မှု ဖြစ်ပွားခဲသည်။ MeKongNews

ဂျွန်ဂျီတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသူမှာ မြန်မာနိုင်ငံတွင် ၃ရက်ကြာနေခဲ့

ဂျွန်ဂျီ၊ ဖေဖော်ဝါရီ ၂၃ တောင်ကိုရီးယားနိုင်ငံ၊ ဂျွန်ဂျီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သည့် အမျိုးသမီးမှာ အရှေ့တောင်အာရှမှ ပြန်လာသူဖြစ်ကြောင်း ဂျွန်ဂျီမြို့တော်ဝန် ဗျွန်ဂွမ်ယန်းက ဖေဖော်ဝါရီလ ၂၃ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ဂျွန်ဂျီမြို့တွင်နေထိုင်သည့် ၃၄နှစ်အရွယ် အမျိုးသမီးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ကြောင်း မြို့တော်ဝန်က ပြောသည်။ အဆိုပါအမျိုးသမီးမှာ ဇန်နဝါရီလ ၃၀မှ ဖေဖော်ဝါရီလ ၁၃ရက်အထိ မလေးရှားနိုင်ငံတွင် နေထိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ၃ရက်ကြာ သွားရောက်ခဲ့ကြောင်း မြို့တော်ဝန်က ပြောသည်။ ယင်းနောက် ကိုရီးယားနိုင်ငံ၊ ဂင်ဟေးလေဆိပ်သို့ ဟိုချီးမင်းလေဆိပ်မှ တဆင့် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ ပြန်လာပြီး ၃ရက်အကြာဖြစ်သည့် ၂၁ရက်နေ့တွင် ချောင်းအနည်းငယ်ဆိုးလာသည့်အတွက် ဒေဝူးဆေးရုံးသို့ သွားရောက်ပြသခဲ့ရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ MeKongNews Ref: naver.com

မြန်မာမှလာသောအမျိုးသမီးတစ်ယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကြောင်းတောင်ကိုရီးယားအတည်ပြု

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၃ မြန်မာနိုင်ငံမှလာသည့် အသက် ၃၃ နှစ်အရွယ်အမျိုးသမီးတစ်ယောက်တွင် ကိုရိုနာဗိုင်းရပ်စ် COVID-19ကူးစက်ခံထားရကြောင်း တောင်ကိုရီးယားအာဏာပိုင်များအတည်ပြုသည်။ ဂျွန်နမ်ပြည်နယ်၊ ဂျိုဂျီမြို့တွင် တွေ့ရှိခြင်းဖြစ်သည်။ ထိုအမျိုးသမီး မည်သည် အချိန်တွင် တောင်ကိုရီးယားနိုင်ငံရောက်ရှိလာကြောင်းနှင့် မည်သည့်အကြောင်းရင်းကြောင့်လာရောက်ကြောင်းမသိရသေးချေ။ မြန်မာနိုင်ငံမည်သည့်ဒေသမှဖြစ်ကြောင်းလည်း မသိသေးချေ။ ယနေ့မနက်ပိုင်းတွင် တောင်ကိုရီးယားအာဏာပိုင်များသတင်းစာရှင်လင်းပွဲလုပ်မည်ဟုထုတ်ပြောထားပြီး ဆက်လက်စောင့်ကြည့်နေသည်။ တောင်ကိုရီးယားနိုင်ငံတွင် ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၄ ယောက်ရှိလာပြီး ကူးစက်ခံရသူ ၅၀၀ ကျော်လာသဖြင့် စတင်ပြန့်နှံ့ရာတရုတ်နိုင်ငံနောက်တွင် အများဆုံးကူးစက်ခံထားရသည့်နိုင်ငံဖြစ်နေသည်။ Source – Yonhap ဥက္ကာ #MeKongNews Photo – Yonhap

Design a site like this with WordPress.com
Get started