ထိုင်း အလုပ်သမားသံအရာရှိနှင့် ဝန်ထမ်းနှစ်ဦးကို အဂတိလိုက်စားမှုနဲ့ အရေးယူ

အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ်ငွေ (၁၀ဝ)နှုန်းဖြင့် ကုမ္ပဏီ(၁၆)ခုထံမှ ထိုင်းဘတ်ငွေ (၃၈၇၃၀ဝဝ) နေပြည်တော်၊ နိုဝင်ဘာလ ၇ ထိုင်းဘတ်ငွေ ၄၄ သိန်း(ကျပ်သိန်း ၂၂၀ဝကျော်) လာဘ်ငွေ ရယူမှုဖြင့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က နိုဝင်ဘာလ ၇ရက် ညနေပိုင်းက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံတော်မှ ပေးအပ်ထားသော လုပ်ပိုင်ခွင့်အာဏာများကို အလွဲသုံးစားပြု၍ အဂတိ လိုက်စား ဆောင်ရွက်နေသော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိသည် အလုပ်ခေါ်စာ (Demand Letter) များကို ခွင့်ပြုမိန့် အမြန်လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီ(၁၂)ခုထံမှ လာဘ်ငွေ ထိုင်းဘတ်ငွေ (၅၇၄၃၀ဝ)ကို တောင်းခံရယူခြင်း၊ ပြည်ပအလုပ်အကိုင် အေဂျင်စီကုမ္ပဏီများက အလုပ်သမားအမည်စာရင်း (Name List) များ …

ဘန်ကောက်နေရာတော်တော်များများမှာ မီးခိုးမြူတွေပြန်ရောက်နေ

နောက်ထပ်ခရိုင် ၈ ခုမှာလည်း အန္တရာယ်ရှိတဲ့ပမာဏတွေရှိခဲ့ပါတယ်။ ဘန်ကောက်၊ နိုဝင်ဘာ ၇ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်က ဖာဆီချာရုန်နဲ့ ဘန်ဖလက်ခရိုင်တွေအပါအဝင် နေရာ ၁၄ နေရာမှာ ဖုန်မှုန့်ငယ်တွေအန္တရာယ်ရှိတဲ့အဆင့်ရောက်ခဲ့တယ်လို့ ထိုင်းညစ်ညမ်းမှုထိန်းချုပ်ရေးဌာနက ကြာသပတေးနေ့မနက်ပိုင်းမှာ အစီရင်ခံပါတယ်။ ကြာသပတေးနေ့မနက် ၉ နာရီအထိ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လေထုထဲပါဝင်တဲ့အန္တရာယ်ရှိပြီးသေးငယ်တဲ့အမှုန်(PM 2.5)တွေကို အခြေစိုက်စခန်း ၄၅ ခုကတိုင်းတာနိုင်ခဲ့ပြီး နောက်ထပ်စခန်း ၁၄ ခုမှာတော့ အန္တရာယ်ရှိတဲ့ပမာဏဖြစ်တဲ့ လေတစ်ကုဗမီတာမှာ ပါဝင်မှု ၅၁ ကနေ ၆၄ မိုက်ခရိုဂရမ်အထိရှိနေတာကိုတွေ့ခဲ့ရပါတယ်။ ထိုင်းအစိုးရက အန္တရာယ်ကင်းတယ်လို့သတ်မှတ်ထားတဲ့ပမာဏက ၅၀ မိုက်ခရိုဂရမ်ဖြစ်ပါတယ်။ အဆိုးဆုံးပမာဏရှိတဲ့နေရာတွေက ဖာဆီချာရုန်ခရိုင်က ဖက်ကာဆမ်လမ်းနဲ့ ဘန်ဖလက်ခရိုင်က ချာရန်ဆာနစ်ဝေါင်လမ်းတို့မှာပါ။ နောက်ထပ်ခရိုင် ၈ ခုမှာလည်း အန္တရာယ်ရှိတဲ့ပမာဏတွေရှိခဲ့ပါတယ်။ ဆာမွတ်ပရာခန်းခရိုင်က …

တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသား နှစ်ဦးအား ပြည်နှင်လွှဲပြောင်း

တာချီလိတ်၊ နိုဝင်ဘာ ၇ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မြန်မာ-ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတား၌ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ရောက် ရှိလာသော ထိုင်းနိုင်ငံသား နှစ်ဦးကို နိုဝင်ဘာ ၇ ရက်နေ့က ပြည်နှင်လွှဲပြောင်းခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့က တာချီလိတ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဦးစန်းလွင်၏ လုံးချင်း သုံးထပ်တိုက် နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား ငါးဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အနက် ထိုင်းနိုင်ငံသား Mr.Chaiya (၃၃ နှစ်)၊ ဖတ်ထလွန်မြို့၊ သမွတ်ခရိုင်၊ ထိုင်းနိုင်ငံနေသူနှင့် Mr.Mo (၄၆ နှစ်)၊ အိန်မိုမွန်ရပ်ကွက်၊ ချင်းရိုင်းမြို့၊ ထိုင်းနိုင်ငံနေသူတို့ နှစ်ဦးသည် မကာဟိုခမ်းရပ်ကွက်၊ မယ်ဆိုင်ရေချောင်းမှ တရားမဝင် ဝင်ရောက်လာခဲ့ပြီး မူး/စိတ် ဥပဒေပုဒ်မ-၁၆(ဂ)/၂၁ …

ဗစ်တိုးရီးယားအမှု CCTV စစ်ဆေးရာတွင် ဗွီဒီယိုဖိုင် ပါမလာ

နေပြည်တော်၊ နိုဝင်ဘာ ၆ ယဉ်ကေနွယ် နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားလေး၏ အမှုနဲ့ ပတ်သက်ပြီး ယနေ့ ပြုလုပ်သည့် ၁၀ ကြိမ်မြောက် ရုံးချိန်းမှာတော့ Wisdom Hill ကျောင်းမှ ဆရာမ ဝန်ထမ်း ၂ ဦးနှင့် CCTV မှ တာဝန်ရှိသူအား စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ယင်းသို့ စစ်ဆေးမေးမြန်းရာတွင် Hard disk မှ ဗွီဒီယိုဖိုင်များ ပါလာခြင်းမရှိကြောင်း အောင်ကြီးဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကပြောသည်။ “ဖိုင်ထဲမှာ တခု မှကို မရှိဘူး။ အကုန်လုံး ဘာမှ မရှိဘူး။တရက်စာမှကို မရှိတာ တစ်မိနစ်မှကို မရှိတာ။သူတို့ချင်းကို ဘာမှ မသိတာ သူတို့ ကူးတုန်းက ဒီပြသနာ ပေါ်ပါက်ပြီး တော့ ဒီ Hard …

ထိုင်းတောင်ပိုင်းသောင်းကျန်းသူတွေရဲ့တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၁၅ ယောက်သေဆုံး

ဘန်ကောက်၊ နိုဝင်ဘာ ၆ မွတ်ဆလင်အများစုရှိတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက လုံခြုံရေးဂိတ်တစ်ခုမှာ ခွဲထွက်ရေးသောင်းကျန်းသူတွေရဲ့တိုက်ခိုက်မှုလို့ ယူဆရတဲ့ဖြစ်ရပ်ကြောင့် အနည်းဆုံးလူ ၁၅ ယောက်သေဆုံးခဲ့ပြီး ကျေးရွာကာကွယ်ရေးစေတနာ့ဝန်ထမ်း ၄ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ထိုင်းလုံခြုံရေးအရာရှိတွေက ဗုဒ္ဓဟူးနေ့မှာအတည်ပြုပါတယ်။ အင်္ဂါနေ့ညက ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းအကြီးဆုံးတိုက်ခိုက်မှုလို့ အာဏာပိုင်တွေကပြောတဲ့ ယာလာခရိုင်ကတိုက်ခိုက်မှုမှာ တိုက်ခိုက်ရေးသမားတွေက ဖောက်ခွဲရေးပစ္စည်းတွေသုံးခဲ့ပြီး သံမှိုတွေဖြန့်ချခဲ့လို့ တပ်ဖွဲ့တွေနောက်ကလိုက်ဖို့ အချိန်ကြာခဲ့ပါတယ်။ “ဒါသောင်းကျန်းသူတွေရဲ့လုပ်ရပ်နဲ့တူနေတယ်။ ပြီးတော့ မကြာသေးခင်အချိန်တွေထဲမှာဆိုရင်တော့ အပြင်းထန်ဆုံးပဲ။” လို့ ဒေသလုံခြုံရေးတပ်ဖွဲ့ပြောခွင့်ရသူဗိုလ်မှူးကြီးပရာမို့ ပရွမ်အင်းကပြောပါတယ်။ ၂၀ဝ၄ ခုနှစ်ကစပြီး ထိုင်းတောင်ပိုင်းက မလေးမွတ်ဆလင်တွေနေတာများတဲ့ ယာလာ၊ ပတာနီနဲ့ နရာသီဝတ်ခရိုင်တွေမှာ ခွဲထွက်ရေးသောင်းကျန်းမှုတွေ စတင်ခဲ့တာကြောင့် လူ ၇၀ဝ၀ နီးနီးသေဆုံးခဲ့တယ်လို့ ထိုင်းတောင်ပိုင်း အင်အားသုံးတိုက်ခိုက်မှုတွေကို စောင့်ကြည့်နေတဲ့ Deep South Watchအဖွဲ့က ထုတ်ပြန်ပါတယ်။ ထိုင်းတောင်ပိုင်းအတွင်းကျကျမှာ ဖြစ်လေ့ရှိတဲ့ တိုက်ခိုက်မှုတွေအတိုင်း …

အင်ဒိုကျွန်းမှာ သောင်တင်နေတဲ့ထိုင်းတံငါသည်တွေကို ကယ်တင်ဖို့ တိုက်တွန်း

သောင်တင်နေတဲ့အထဲ မြန်မာ ၄၄ ယောက် ပါပါတယ် ဘန်ကောက်၊ နိုဝင်ဘာ ၆ အင်ဒိုနီးရှားနိုင်ငံက လူမနေတဲ့ တူအန်ကျွန်းမှာသောင်တင်နေတဲ့ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က တံငါသည်အနည်းဆုံး ၅၄ ယောက်ကို မကြာသေးခင်က အလုပ်သမားအခွင့်အရေး မြှင့်တင်ရေးကွန်ရက်(LPN)ရဲ့ ကယ်ဆယ်ရေးဆောင်ရွက်မှုမှာတွေ့ခဲ့ပြီး သူတို့ကိုကယ်တင်ဖို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူလည်းဖြစ် LPNမန်နေဂျာလည်းဖြစ်တဲ့ပတ်တီမာ တောင်ပူချေယာကူက တိုက်တွန်းလိုက်ပါတယ်။ တွေ့ခဲ့တဲ့တံငါသည်တွေထဲမှာ ထိုင်းနိုင်ငံသား ၈ ယောက်၊ မြန်မာနိုင်ငံသား ၄၄ ယောက်၊ ကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံသား ၁ ယောက်စီပါဝင်ပါတယ်။ သူတို့အားလုံးခက်ခဲကြမ်းတမ်းတဲ့အခြေအနေမှာနေနေရပြီး အမြန်ဆုံးအိမ်ပြန်ချင်နေကြတယ်လို့ ပတ်တီမာက အင်္ဂါနေ့မှာပြောပါတယ်။ အင်ဒိုနီးရှားကျွန်းတွေမှာ သောင်တင်နေတဲ့တံငါသည်တွေကို ကယ်တင်ဖို့ LPNရဲ့ နောက်ဆုံးအားထုတ်မှုတွေမှာ အထောက်အထားမဲ့ တံငါသည်အယောက် ၁၀ဝ ကျော်လောက် သောင်တင်နေကြတယ်လို့ LPNကထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေက အင်ဒိုနီးရှားရေပိုင်နက်ထဲမှာ တရားမဝင်ငါးဖမ်းတာတွေကို …

ဦးစိုးထွန်းရှိန်ကို မန္တလေးသို့ ပို့ဆောင်

တာချီလိတ်၊ နိုဝင်ဘာ ၆ နိုင်ငံတော်ကို ရွှေအခွန်ကြွေးကျန် ပေးသွင်းရန် ကျန်ရှိမှုဖြင့် ထွက်ပြေးနေသည့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိပြီး နိုဝင်ဘာလ ၆ရက်နေ့လည်ပိုင်းက တာချီလိတ်မြို့မှ တဆင့် မန္တလေးမြို့သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ နေ့လည် ၁၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့သို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှတဆင့် လွှဲပြောင်းပေးခဲ့ပြီး နေ့လည် ၂နာရီ ၃၅ မိနစ်တွင် အဲသံလွင်လေကြောင်းလိုင်းဖြင့် တာချီလိတ်မြို့မှတဆင့် မန္တလေးမြို့သို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ ဦးစိုးထွန်းရှိန်သည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့မရဲစခန်း(ပ) ၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)/ကျင့် ၅၁၂ အမှုဖြင့် အမှုဖွင့် တရားစွဲဆိုခံရထားရပြီး ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်။ MK 001

အစိုးရတပ်၊ ဝ တပ်နှင့် မိုင်းလားတို့ကြား စစ်ရေးတင်းမာမှု မရှိ

သာမန်အောက်ခြေတပ်သားခြင်း ထိတွေ့မှုသာ ရှိကြောင်း အစိုးရတပ်၊ ဝ တပ်နှင့် မိုင်းလားတို့ကြား စစ်ရေးတင်းမာမှု မရှိဘဲ သာမန်အခြေအနေဖြစ်ကြောင်း တာဝန်ရှိသူများ ဖြေရှင်း တာချီလိတ်၊ နိုဝင်ဘာ ၅ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် အစိုးရတပ်၊ ဝ တပ်နှင့် မိုင်းလားအထူးဒေသ(၄)တို့ အကြား စစ်ရေးတင်းမာမှု ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ သာမန်အောက်ခြေတပ်သားခြင်း ထိတွေ့မှုသာ ရှိကြောင်း တာဝန်ရှိသူများက ဖြေရှင်းပြောကြားသည်။ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်းက မိုင်းခတ်မြို့နယ်အတွင်းရှိ လွယ်လုံစစ်ဆေးရေးဂိတ်တွင် အစိုးရတပ်နှင့် ဝ တပ်ဖွဲ့မှ အောက်ခြေတပ်သားအချင်းချင်း သာမန်စကားများမှုသာ ဖြစ်ပွားခဲ့ပြီး ပစ်ခတ်တာမျိုး မဖြစ်ပွားခဲ့ကြောင်း မိုင်းခတ်မြို့နယ် အုပ်ချုပ်ရေး အရာရှိတစ်ဦးက ပြောသည်။ “ပစ်တာ ခတ်တာမျိုးမရှိပါဘူး။ ကျွန်တော်တို့ သေနတ်တစ်ချက်ဖောက်ရင်တောင် အစီရင်ခံစာတင်ရတာ။ အောက်ခြေတပ်သားချင်း သာမန် အခြေအတင်ဖြစ်တာလောက်ပဲရှိတယ်” လို့ သူက …

ပထမဆုံးအကြိမ် တန်ဆောင်တိုင်ပွဲအတွက်ပြင်ဆင်

တာချီလိတ်မြို့အတွက်ပထမဆုံးအကြိမ်ဖြစ်သည် တာချီလိတ်၊ နိုဝင်ဘာ ၃ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မြန်မာ-ထိုင်းနယ်စပ် ပထမအကြိမ် တာချီလိတ်တန်ဆောင်တိုင်ပွဲတော်တွင် မီးပုံပျံများ လွှတ်တင်သည့်အခါ အန္တရာယ်ကင်းစေရန်အတွက် မီးပုံပျံ မှိုင်းဖြူထောင်ခြင်းကို နိုဝင်ဘာ ၃ ရက် ညနေပိုင်းက ရှမ်းရိုးမကွင်း၌ စမ်းသပ်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၃ ရက်ညနေ ၄ နာရီခန့်၊ တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းတွင် ပွဲတော်ကျင်းပနိုင်ရေးကော်မတီ ဥက္ကဌ ဦးထွန်းနေဦး(ဟိုတယ်တာချီလိတ်)နှင့် အဖွဲ့ဝင် များသည် ပထမအကြိမ် တာချီလိတ်တန်ဆောင်တိုင်ပွဲတော်တွင် လွှတ်တင်မည့် ခေါင် ၂၂ ပေရှိ ညမီးကြီး တစ်လုံးနှင့် ၁၈ ပေရှိ ပန့်သကူ မီးပုံးပျံနှစ်လုံးကို မှိုင်းဖြူထောင်ခြင်းကို စမ်းသပ်ခဲ့ကြသည်။ “ဒီနေ့စမ်းသပ်တာကို မှိုင်းဖြူထောင်လို့လည်းခေါ်ပါတယ်။ မီးပုံပျံ ကြံခိုင်မှု အားကောင်း/မကောင်း၊ ကျွန်တော် လုပ်ထားတာတွေ စနစ်ကျ မကျတာတွေကို …

၃၁နှစ်ပြည့် SNLD

၈၈၈၈ အရေးတော်ပုံနှင့်အတူပေါ်ပေါက်လာသည် တာချီလိတ်၊ နိုဝင်ဘာ ၂ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမဆောင်၌ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD(ကျားခေါင်းပါတီ) တည်ထောင်ခြင်း (၃၁)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက်နံနက်ပိုင်းက ကျင်းပသည်။ အခမ်းအနားတွင် ရှမ်းရှေ့ SNLD ဥက္ကဌ စိုင်းပန်းရွှေက အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်မြို့နယ် SNLD ပါတီ ဥက္ကဌ ဦးစိုင်းနွံတွီက ပါတီ(ဗဟို) ဥက္ကဋ္ဌဌ ဦးခွန်ထွန်းဦးမှ ပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ ထို့နောက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီဗဟိုအဖွဲ့ချုပ်မှ နမ္မတူမြို့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးနှင့် ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၃)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းတို့က ပါတီတည်ထောင်ခဲ့တဲ့ အကြောင်းအရာများ၊ လွှတ်တော် အတွေ့အကြုံနှင့် မြေယာကိစ္စများကို အသီးသီး ရှင်းလင်းပြောကြားပြီး အခမ်းအနားဖြစ်မြောက်ရေးအတွက် လှူဒါန်းခဲ့ကြတဲ့ အလှူရှင်များကို …

Design a site like this with WordPress.com
Get started