NLD မှ နုတ်ထွက်ရခြင်းနှင့်ပတ်သက်ပြီး ဒေါက်တာဒေါ်သက်သက်ခိုင်နှင့် ဆက်သွယ်မေးမြန်းခြင်း

ကျော်သူမြင့် ဆက်သွယ်မေးမြန်သည်။ `NLD ရဲ့အပြင်ထွက်ပြီးမှ အလုပ်လုပ်ရင်တော့ ပိုပြီးတော့ မှ လွတ်လွတ်လပ်လပ်နဲ့ အလုပ်တွေပိုပြီး လုပ်နိုင်မယ် ပိုလုပ်လို့ရအုံးမယ်လို့ ယူဆတဲ့အတွက် ထွက်တာဖြစ်ပါတယ်´ – Daw Thet Thet Khine FWN – ပါတီကနုတ်ထွက်လိုက်ပြီလို့ ကြားပါတယ်။ ဘာကြောင့်နုတ်ထွက်ဖြစ်တာလဲ။ Dr.TTK – ဟုတ်တယ်ရှင့် ပါတီထဲက နုတ်ထွက်ခြင်းကတော့လေ ကျွန်မပါတီကိုဝင်တုန်းကတော့ ယုံကြည်လို့ဝင်တာလေ ဒါပေမယ့် ပါတီထဲရောက်တော့ ကျွန်မတို့ ကိုယ်စားလှယ်တစ်ယောက်အ နေနဲ့ ကိုယ်စားလှယ်တစ်ယောက် အခွင့်အရေး အပြည့်အဝမရှိဘူးပေါ့။ ပါတီကို အဆိုတစ်ခုတင် တယ်။ နောက်ဆုံးတင်တဲ့ အဆိုပေါ့နော် ၂၀၁၉ ထဲမှာ ၂၀၁၈ မှာအဆိုတစ်ခုတင်တယ်။ အဲ့ဒါ လည်း ရှောရှောရှုရှုဖြစ်တယ်။ အဆိုနှစ်ခုလုံးလဲ အောင်တယ်။ ဒါပေမယ့် ၂၀၁၉ မှာတတိယအကြိမ် …

ISIS ခေါင်းဆောင်ကို စီးနင်းရာမှာ ကူညီတဲ့ခွေးလေးကို အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့်ဖိတ်

လာမယ့်သီတင်းပတ်အတွင်းအိမ်ဖြူတော်ကိုလာမည်ဖြစ်သည် ဝါရှင်တန်၊ နိုဝင်ဘာ ၁ အစ္စလာမ်မစ်စစ်သွေးကြွ – ISIS ခေါင်းဆောင်ဖြစ်သူ အဘူဘာကာ အယ်ဘာဒါဒီကို အသေဖမ်းစီးနိုင်ခဲ့သည့် စီးနင်းမှုတွင် ပါဝင်ကူညီခဲ့သည့် အမေရိကန်စစ်တပ်မှ တပ်ဖွဲ့ဝင် ခွေးလေးကို အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ရန် သမ္မတ ဒေါ်နယ်ထရမ့်က စီစဉ်လိုက်သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့က သမ္မတ ထရမ့်က သူ၏ တွစ်တာ စာမျက်နှာတွင် ခွေးလေး ကိုနန် မှာ လာမည့်သီတင်းပတ်အတွင်း အရှေ့အလယ်ပိုင်း ဒေသကနေ အိမ်ဖြူတော်သို့ လာမည်ဖြစ်ကြောင်း ရေးသားထားသည်။ အမေရိကန်သီတင်းဝက်ဘ်ဆိုဒ် တစ်ခုဖြစ်သည့် ဒေးလီးဝါယာက Photoshop ဖြင့် ပြုပြင်ကာ တင်ထားသည့် ခွေးလေး ‘ကိုနန်’ ကို သမ္မတထရမ့်က အမေရိကန်သူရဲကောင်း ဆုတံဆိပ်ပေးနေသည့် ဓာတ်ပုံကို ထရမ့်က သူ၏ တွစ်တာအကောင့်တွင် တင်ကာ …

`ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေကို ဖမ်းဆီးသွားတာ ပုတီးစိပ်ပြီး မေတ္တာပို့နေရမှာလား’ – ဗိုလ်မှူးချုပ်ဇော်မင်းထွန်း

နေပြည်တော် – အောက်တိုဘာ ၂၆ လုံခြုံရေးဆောင်ရွက်နေသည့်ရဲတပ်ဖွဲ့ဝင်များနှင့် ခရီးသွားပြည်သူများကိုဖမ်းဆီးခေါ်ဆောင်သွား သည့် AA အဖွဲ့ကို ပုတီးစိပ်ပြီး မေတ္တာမပို့နိုင်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။ နေပြည်တော်၊ စစ်သမိုင်းပြတိုက်တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက် ခြင်းဖြစ်သည်။ “ကျွန်တော်တို့က ရဲတပ်ဖွဲ့ဝင်နဲ့ ခရီးသွားပြည်သူကို ဖမ်းသွားတာကို တပ်မတော်နဲ့ လုံခြုံရေးဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့က ပုတီးစိပ်ပြီး မေတ္တာပို့နေရမှာလား။ ပုတီးစိပ်ပြီး တော့ မေတ္တာမပို့နိုင်ဘူး။ ကျဲသင့်ရင်ကျဲရမှာပဲ ချသင့်ရင်ချရမှာပဲ။ ဒါကကျွန်တော်တို့ရဲ့ လုပ်ငန်း ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်တယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ စစ်တွ ဘူးသီးတောင် ပြေးဆွဲနေသည့် အမြန်ရေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ခရီးသွားပြည်သူ ၃၀ကျော်ကို AA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် …

ထိုင်းထုတ်ကုန်အချို့ အခွန်ကင်းလွတ်ခွင့် ဒေါ်နယ်ထရမ့်ရပ်ဆိုင်း

ရပ်ဆိုင်းမှုဟာ ၆ လ အတွင်း စတင်မည်ဖြစ်သည် ဝါရှင်တန်၊ အောက်တိုဘာ ၂၆ ထိုင်းနိုင်ငံက ထုတ်လုပ်တင်သွင်းသည့် ထုတ်ကုန်အချို့အတွက် အခွန်ကင်းလွတ်ခွင့်ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့က ပြောဆိုသည်။ နိုင်ငံတကာက အသိအမှတ်ပြုသည့် အလုပ်သမားအခွင့်အရေးကြိုးပမ်းမှုတွင် ထိုင်းနိုင်ငံက လိုက်ပါဆောင်ရွက်ခြင်း မရှိသည့်အတွက် ထိုင်းထုတ်ကုန်အချို့ကို အခွန်ကင်းလွတ်ခွင့် ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က အထက်လွှတ်တော်ဥက္ကဌ နန်စီနှင့် အောက်လွှတ်တော်ဥက္ကဌ ဒုတိယသမ္မတ မိုက်ပန့်စ်တို့ထံ ပေးပို့သည့် စာတွင် ရေးသားထားသည်။ အခွင်ကင်းလွတ်ခွင့် ရပ်ဆိုင်းမည့် ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ(ထိုင်းဘတ် ၄၀ ဘီလီယံခန့်) ရှိမည်ဖြစ်ကြောင့် အမေရိကုန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက ပြောသည်။ အဆိုပါ အခွန်ကင်းလွတ်ခွင့်သည် ထိုင်းနိုင်ငံအတွက် အထူးအခွန်ကင်းလွတ်ခွင့် – GSP …

ဖီးကြမ်းနဲ့ သီးမွှေးကြိုက်တဲ့ ကာတွန်းဆရာ

သူကြိုက်တဲ့ ဖီးကြမ်းနဲ့ သီးမွှေးက ငှက်ပျောသီးတော့ မဟုတ်ပါဘူး။ တနင်္ဂနွေရဲ့ မိုးဖွဲဖွဲအောက်မှာ ရန်ကုန်မြို့ဟာ ပုံမှန်ထက် တိတ်ဆိတ်စွာ လှုပ်ရှားနေပါတယ်။ ပိတ်ရက်ဖြစ်တာရယ်၊ စိုစွတ်ထိုင်းမှိုင်းတဲ့ ရာသီဥတုဖြစ်နေတာရယ်က ရန်ကုန်ကို ပုံမှန်ထက် တိတ်ဆိတ်နေစေ သလိုပါပဲ။ ဒါပေမယ့် ရန်ကုန်မြို့လည်က မဟာဗန္ဓုလပန်းခြံရှေ့မှာတော့ လူတွေ စည်စည်ကားကားဖြစ်နေပြီး ဒီလူတွေကြားထဲမှာ လူငယ်ကာတွန်းဆရာတစ်ယောက် သူရဲ့ဆွဲချက်တွေကို ခပ်သွက်သွက် ရေးဆွဲပေးနေပါတယ်။ မိုးထဲရေထဲက ရေဆန်လေဆန် မဟာဗန္ဓုလပန်းခြံရှေ့မှာ လူစည်ကားနေတာက ရေဆန်လေဆန် ကာတွန်းပြပွဲကြောင့်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက ရေကြီးမှုတွေကြောင့် ဒုက္ခကြုံနေတဲ့ ပြည်သူတွေအတွက် အလှူငွေရရှိဖို့ ရည်ရွယ်ပြီး ပြုလုပ်နေတဲ့ ကာတွန်းပြပွဲဖြစ်ပါတယ်။ သြဂုတ်လ ၁၇ရက်ကနေ ၁၉ရက်အထိ (၃)ရက်တာ ကာတွန်းပြပွဲမှာ ရေဘေးအတွက် အလှူငွေလက်ခံတာ အပြင် အကျီင်္တစ်ထည် …

အရေးပေါ်ကိစ္စ ဘယ်လိုဖြေရှင်းလဲ

ရန်ကုန်မှာနေထိုင်သူတချို့အတွက် သွားလာရင်း သန့်စင်ခန်းအသုံးပြုဖို့လိုတဲ့အခါ စူပါမားကတ်တွေက အားထားစရာနေရာ ဖြစ်နေပါတယ်။ ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ဖြစ်တာနဲ့အညီ လူဦးရေလည်း ထူထပ်များပြားတဲ့ မြို့တော်ဖြစ်ပါတယ်။ လူဦးရေများပြားတဲ့ မြို့ဖြစ်တာနဲ့အညီ လူတိုင်းလွယ်ထားလို့မရတဲ့ သန့်စင်ခန်းသွားတဲ့ ကိစ္စအတွက် ရန်ကုန်မြို့မှာ အများပြည်သူသုံး သန့်စင်ခန်းတွေ လုံလောက်မှု မရှိဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ ယခင်က အများပြည်သူသုံးသန့်စင်ခန်း ထားရှိတဲ့ နေရာတစ်ချို့ကို ပုဂ္ဂလိကကို ငှားရမ်းပြီး စီးပွားရေးလုပ်ငန်း လုပ်ဆောင်ခဲ့တာ တွေလည်း ရှိပါတယ်။ ဒါကြောင့် လူဦးရေ (၇)သန်းဝန်းကျင် နေထိုင်သွားလာနေကြတဲ့ ရန်ကုန်မြို့မှာ အများပြည်သူသုံး သန့်စင်ခန်းတွေ လုံလောက်မှု ရှိလား၊ သန့်စင်ခန်းတွေရဲ့ သန့်ရှင်းမှုက ဘယ်လိုအခြေအနေရှိလဲ၊ ကိုယ်တိုင် သွားလာရင်း သန့်စင်ခန်းအသုံးပြုဖို့ လိုလာတဲ့အခါ ဘယ်လိုနည်းနဲ့ ဖြေရှင်းကြလဲဆိုတာကို MJI Digital …

ဘုန်းတော်ကြီးဖြစ်ချင်ခဲ့တဲ့ တီဗီအစီအစဉ်ထုတ်လုပ်သူ

ဖိလစ်ပိုင်နိုင်ငံမှာ (၇)နှစ်လောက်နေထိုင်ပြီး ရေဒီယိုအစီအစဉ်တွေ ထုတ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ ငယ်စဉ်အခါက ကြီးလာရင် ဘာဖြစ်ချင်လဲလို့ စဉ်းစားကြတဲ့အခါ ထင်ပေါ်ကျော်ကြားတဲ့ အနုပညာရှင်၊ ဝင်ငွေတွေ အများကြီးရတဲ့ အတတ်ပညာရှင်တွေ ဖြစ်ချင်တယ်ဆိုတဲ့ လူငယ်တွေက များပါတယ်။ သာသနာနဲ့ဆိုင်တဲ့ အလုပ်မျိုး လုပ်ကိုင်ချင်တယ်ဆိုတဲ့ လူက အနည်းအကျဉ်းသာရှိပါလိမ့်မယ်။ မြန်မာပြည်ရဲ့ မြောက်ဖျား ကချင်ပြည်နယ်၊ မြစ်ကြီးနားက 74 Media ရဲ့ တီဗီအစီအစဉ်ထုတ်လုပ်သူ ကိုလနန်ကတော့ အနည်းအကျဉ်းထဲက လူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ သူက ခရစ်ယာန်ဘုန်းတော်ကြီး ဖြစ်ချင်ခဲ့သူပါ။ (၄)နှစ်ကြာ ကပ္ပိယ လုပ်ခဲ့သူ ကိုလနန်ဟာ ၂၀၀၅နှစ်မှာ တက္ကသိုလ်ကနေ ဘွဲ့ရပါတယ်။ ငယ်စဉ်ကတည်းက ဘုန်းတော်ကြီး ဖြစ်ချင်တဲ့ သူဟာ ဘွဲ့ရတဲ့အခါ ပြင်ပက အလုပ်အကိုင်တွေမလုပ်ဘဲ မြစ်ကြီးနားက Saint Columban Cathedral …

Introduce Yourself (Example Post)

This is an example post, originally published as part of Blogging University. Enroll in one of our ten programs, and start your blog right. You’re going to publish a post today. Don’t worry about how your blog looks. Don’t worry if you haven’t given it a name yet, or you’re feeling overwhelmed. Just click the …

Design a site like this with WordPress.com
Get started