တာချီလိတ်၊ ဖေဖော်ဝါရီ ၂၂ မိုဘိုင်းဆင်းကဒ်များ အသုံးပြု၍ ရာဇဝတ်မှု ကျူးလွန်နေခြင်းကို ကိုင်တွယ်နိုင်ရန် ဆင်းကဒ်များ ပြန်လည်မှတ်ပုံတင်ရန် အစိုးရက ညွှန်ကြားသည်။ မှတ်ပုံတင်တစ်ခုလျှင် ဆင်းကဒ် ၂ကဒ်သာ မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ SIM Card များ စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ရာ အပြည့်အစုံမှာ ဖော်ပြပါအတိုင်းဖြစ်ပါသည်- SIM Card များ စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက် ၁။ မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေပေးငွေယူကိစ္စ (Mobile Financial Service) ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာသည်နှင့်အမျှ အဆိုပါကိစ္စရပ်များကို လုံခြုံစိတ်ချမှုရှိစွာ ဆောင်ရွက်နိုင်ရန်နှင့် စနစ်တကျ မှတ်ပုံတင်ထားခြင်းမရှိသော SIM Card များဖြင့် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ …
Continue reading “ဆင်းကဒ်များ ပြန်လည်မှတ်ပုံတင်ရန် ညွှန်ကြား”