သင်္ကြန် ၉ ရက်ပိတ်ရေး ထိုင်းအစိုးရအဖွဲ့သဘောမတူ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၉ ဧပြီ ၁၃ ရက်မှ ၁၅ ရက်အထိ အားလပ်ရက်များအပြင် ဧပြီ ၁၆ နှင့် ၁၇ ရက်တို့ကို အထူးအများပြည်သူအားလပ်ရက်အဖြစ် ထပ်တိုးပေးရန် ထိုင်းအစိုးရသုံးသပ်ခဲ့သော်လည်း သဘောမတူခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ပရာရွတ် ချန်အိုချာက အင်္ဂါနေ့တွင် သတင်းထောက်များကိုပြောသည်။ အတည်ပြုခဲ့ပါက ထိုင်းသင်္ကြန်ပွဲတော်ကာလတွင် စုစုပေါင်းရုံးပိတ်ရက် ၉ ရက်ရှိမည်ဖြစ်သည်။ “သာမန်အားလပ်ရက်တွေဆိုရင် တော်ပါပြီ။ ရုံးပိတ်ရက်တွေထပ်တိုးလည်း စီးပွားရေးတက်လာမှာမဟုတ်ပါဘူး”ဟု ပရာရွတ်ကပြောသည်။ ဝူဟန်ဗိုင်းရပ်စ်ကြောင့် လက်ရှိထိခိုက်နေသောငွေကြေးဆုံးရှုံးမှုများ ထိုင်းသင်္ကြန်ကာလတွင် ပြန်အသက်ဝင်လာစေရန် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက မျှော်လင့်ချက်များပုံထားနေကြသည်။ Source- Khaosod ဥက္ကာ #MeKongNews Photo- Khaosod

ဝူဟန်ဗိုင်းရပ်စ်မကူးစက်စေရန် ဗုဒ္ဓရုပ်ပွားတော်ထံ ကြက်ဥအလုံး ၂၀၀၀၀၀ လှူဒါန်းပြီးဆုတောင်း

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၈ ကိုရိုနာဗိုင်းရပ်စ်COVID-19ကာကွယ်ရေး မြန်မာနိုင်ငံတွင် ငရုတ်ကောင်းစားရန် တိုက်တွန်းမှုများ၊ အင်ဒိုနီးရှားနိုင်ငံတွင် ဆုတောင်းပွဲများလုပ်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်မလာစေရန် ထိုင်းနိုင်ငံမှနာမည်ကြီးဗုဒ္ဓရုပ်ပွားတော်တစ်ခုထံတွင် တရုတ်ခရီးသည်များ ကြက်ဥအလုံး ၂၀၀၀၀၀ လှူဒါန်းပြီးဆုတောင်းခဲ့ကြသည်။ ချာချောင်ဆွန်ခရိုင်ရှိ လွမ်ပေါဗုဒ္ဓရုပ်ပွားတော်ကို လှူဒါန်းပြီးဆုတောင်းခြင်းဖြစ်သည်။ ချန်ဒူးမှလာရောက်ခြင်းဖြစ်ပြီး သူ့မိတ်ဆွေ၏သမီးလည်း ထိုဘုရားတွင် သားဆုပန်ပြီးနောက် ကလေးရခဲ့သဖြင့် မိတ်ဆွေ ၅ ယောက်နှင့် လာခြင်းဖြစ်သည်ဟု အသက် ၄၄ နှစ်ရှိကျန်းရှောင်ကျိုးက ပြောသည်။ သူ့ကြက်ဥပြုတ်ဗန်းကို ပြီးခဲ့သည့်တစ်ပတ်က ထိုခရီးသည်များလာကြည့်ပြီး လတ်ဆတ်သည့်ကြက်ဥများဝယ်ရန် ကမ်းလှမ်းခဲ့သည်ဟု ကြက်ဥဆိုင်ပိုင်ရှင်ဂျစ်ဆီနီး ပန်တောင်ကပြောသည်။ ၃ ရက်ကြာပြီးနောက် ခရိုင်ထဲရှိကြက်ခြံ ၂ ခြံမှ အဆိုပါကြက်ဥများရခဲ့သည်ဟုလည်း ပြောသည်။ သူ့အတွက်ကြက်ဥဖိုး ဘတ် ၄၀၀၀၀၀ ပေးခဲ့သည်။ ယခုကပ်လှူခဲ့သည့်ကြက်ဥပမာဏမှာ မကြုံစဖူးအရေအတွက်ဖြစ်ပြီး နှစ်စဉ်ဒေသအစိုးရကလှူဒါန်းသည့်အခမ်းအနားတွင်ပင် ကြက်ဥ ၁၀၀၀၀၀ ခန့်သာလှူဒါန်းသည်ဟု …

ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးရန် တပ်ကိုယ်စားလှယ် အားလုံးနီးပါး စာရင်းပေးသွင်းထား

နေပြည်တော်၊ ဖေဖော်ဝါရီ(၁၈)ဝေမိုး(နေပြည်တော်) (၂၀ဝ၈)ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်း ဆွေးနွေးရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၁၆၆)ဦးရှိသည်အနက် (၁၆၄)ဦးတို့မှ အမည်စာရင်း ပေးသွင်းထားကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးမှ သိရသည်။ ဆွေးနွေးရန်အတွက် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၂၈၂)ဦးမှ အမည်စာရင်း ပေးသွင်းထားကြောင်း သိရသည်။ အဆိုပါ စာရင်းပေးသွင်းထားမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် (၆၉)ဦးနှင့် အခြားပါတီများမှ(၄၉)ဦး ပါဝင်သလို စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၂၈၂)ဦး ဆွေးနွေးရန်အတွက် အမည်စာရင်း တင်သွင်းထားကြောင်း သိရသည်။ (၂၀ဝ၈)ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်ရန် တင်သွင်းထားသည့် ဥပဒေမူကြမ်း(၇)ခုမှ ပုဒ်မ၄၃၆(က)တွင် အကျုံးဝင်သော ပုဒ်မများနှင့် ပုဒ်မ၄၃၆(ခ)၌ အကျုံးဝင်သော ပြင်ဆင်ချက်များကို ပေါင်းစည်း၍ ဥပဒေမူကြမ်းနှစ်ခုအဖြစ် တင်သွင်းထားခြင်းဖြစ်သည်။ “NLDပါတီက …

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန် လမ်းပွင့်ပြီဟု ဗိုလ်မှူးကြီးစိုင်းငင်းပြော

တာချီလိတ်၊ ဖေဖော်ဝါရီ ၁၈ နှစ်ရက်တာကျင်းပခဲ့သည့် အစိုးရနှင့် NCAလက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ NCA-S-EAO တွေ့ဆုံပွဲ ရလဒ်ကြောင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ လမ်းပွင့်သွားပြီ ဖြစ်ကြောင်း RCSS မှ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။ NRPC တွင် ဖေဖော်ဝါရီလ ၁၇ရက်နှင့် ၁၈ရက် နှစ်ရက်တာကျင်းပခဲ့သည့် ယင်းအစည်းအဝေးတွင် (၈)ကြိမ်မြောက် JICM အစည်းအဝေးမှ ချမှတ်ခဲ့သည့် အချိန်ဇယားအလိုက် ပြည်ထောင်စု ငြိမ်းချမ်ရေးညီလာခံ – UPC ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် အစည်းအဝေးများ ပြုလုပ်ရန် သဘောတူညီချက်ရရှိခဲ့ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းကပြောသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – UPC ကျင်းပရန်အတွက် လိုအပ်သည့် UPDJC အတွင်းရေးမှူးများ အစည်းအဝေး၊ UPDJC အစည်းအဝေး၊ လုပ်ငန်းကော်မတီအစည်းအဝေး၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၊ …

ဘန်ကောက်မြို့လယ်က ဈေးဝယ်စင်တာမှာ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်နေ၊ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၈ ဘန်ကောက်မြို့လယ်ကောင်ရှိ Century ဈေးဝယ်စင်တာတွင် အင်္ဂါနေ့ နေ့လည်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း ကနဦးသတင်း သိရသည်။ အမျိုးသမီး တစ်ဦးသေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရထားကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။ ကနဦးသတင်းများအရ ဘန်ကောက်မြို့လယ်၊ အနုစာဝါရီ ကျောက်တိုင်ဘေးရှိ Century Movies ပလာဇာရှိ အလှပြင်ဆိုင်တစ်ခုရှေ့တွင် ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ရာနေရာသည် နိုင်ငံခြားသားများ အလာများသည့် ရမ်နမ်လမ်းကြားအနီးတွင် ရှိသည်။ ပစ်ခတ်သူနှင့် ပတ်သက်သည့် အကြောင်းအရာများကို မသိရသေးပေ။ Ref: Khaosod English MeKongNews

တာချီလိတ် လေထုအရည်အသွေး အစိမ်းရောင်အဆင့်တွင် ရှိနေ

တာချီလိတ်၊ ဖေဖော်ဝါရီ ၁၈ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း တိုင်းတာချက်များအရ တာချီလိတ်မြို့၏ လေထုအရည်အသွေး အညွှန်းကိန်း- AQI မှာ အစိမ်းရောင် အဆင့်တွင်သာ ရှိနေကြောင်း တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းရေး ဦးစီးဌာနမှ သိရသည်။ ဖေဖော်ဝါရီလ ၈ရက်မှ ၁၄ရက်အထိ (၇)ရက်တာ တိုင်းတာချက်များအရ တာချီလိတ်မြို့၏ လေထုထဲတွင် PM 10 အမှုန်ပါဝင်မှုမှာ အနိမ့်ဆုံး ၆မှ အမြင့်ဆုံး ၈ အထိသာ ရှိပြီး ဆာလဖာဒိုင်အောက်ဆိုဒ် – SO2 ပါဝင်မှုမှာ အနိမ့်ဆုံး ၀ မှ အမြင့်ဆုံး ၁၀၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် – NO2 ပါဝင်မှုမှာ အနိမ့်ဆုံး ၇မှ အမြင့်ဆုံး ၈ နှင့် ကာဗွန်မိုနောက်ဆိုဒ် CO ပါဝင်မှုမှာ …

မူးယစ်ဖမ်းမိသူ၏နေအိမ်မှ M 16 ရိုင်ဖယ်နှင့် ကျည်တောင့် ၄၀၀ နီးပါး ထပ်မိ

တာချီလိတ်၊ ဖေဖော်ဝါရီ ၁၈ ကတ်တမင်းမူးယစ်ဆေးဝါးနှင့် အတူ ဖမ်းဆီးရမိသူ၏ နေအိမ်ကို ဆက်လက်စစ်ဆေးရာ M 16 ရိုင်ဖယ်တစ်လက်နှင့် ကျည်တောင့် ၄၀၀ နီးပါကို ဖေဖော်ဝါရီလ ၁၇ရက် ညနေပိုင်းက တာချီလိတ်မြို့တွင် ဖမ်းဆီး ရမိသည်။ ဖေဖော်ဝါရီလ ၁၇ ရက် ည ၄နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ပုံလို့လမ်းနှင့် အုန်းခြံလမ်းထောင့်တွင် မော်တော်ယာဉ်ဖြင့်ရောက်ရှိလာသူ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာ အုပ်စု၊ ဝမ်တုံကျေးရွာနေ စိုင်းရှဲန်ဝန်း ၂၀ နှစ်အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင်တင်ဆောင်လာသော ကတ်တမင်းအလေးချိန် ၉၀ဝ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ …

ယခုနှစ်အကုန် ထိုင်းတွင် ချက်ဗလက်ကားများအရောင်းရပ်ပြီး ကုမ္ပဏီပိတ်သိမ်းမည်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၇ ယခုနှစ်အကုန်တွင် ထိုင်းနိုင်ငံ၌ ချက်ဗလက်ကားမျအရောင်းရပ်တော့မည်ဖြစ်ပြီး ရာယောင်းစက်ရုံကိုလည်းပိတ်သိမ်းတော့မည်ဟု ချက်ဗလက်ကားများထုတ်လုပ်သည့် General Motorsကုမ္ပဏီ (GM) က ထုတ်ပြန်ကြေညာသည်။ စက်ရုံအသုံးနည်းမှုနှင့် ပြည်တွင်း၊ နိုင်ငံခြားတင်ပို့မှုပမာဏခန့်မှန်းမှုလျော့နည်းလာသဖြင့် စီးပွားရေးလုပ်ငန်းများကို သိသာထင်ရှားစွာထိခိုက်မှုရှိလာကြောင်း GM၏ ဗျူဟာမြောက်အရောင်းမြှင့်တင်ရေး၊ မိတ်ဖက်နှင့်ဖြန့်ချိရေးဥက္ကဋ္ဌအန်ဒီ ဒန်စတန်ကပြောသည်။ လက်ရှိချက်ဗလက်အသုံးပြုသူများကို အရောင်းပြီးနောက်ဝန်ဆောင်မှု၊ အာမခံနှင့်ပြင်ဆင်မှုလုပ်ငန်းများကို အခွင့်ရဝန်ဆောင်မှုလုပ်ငန်းငယ်များမှတစ်ဆင့်ဆောင်ရွက်ပေးနေဦးမည်ဖြစ်သည်။ ထိုင်းအလုပ်သမားဥပဒေအရ လိုအပ်သည်ထက် လုပ်ငန်းအပြီးသတ်သည့် လျော်ကြေးများပိုပေးသွားမည်ဟု GMအ​ရှေ့တောင်အာရှဥက္ကဋ္ဌ ဟက်တာ ဗီလာရီးလ်ကပြောသည်။ ယခုနှစ်ကုန်တွင် ရာယောင်းရှိGMစက်ရုံကို တရုတ်နိုင်ငံမှGreat Wall Motors(GWM)ထံ ရောင်းချမည်ဖြစ်သည်။ GMသည် ၂၀၀၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံသို့စက်ရုံနှစ်ခုဖြင့်ဝင်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာသန်း ၁၄၀၀ ရှိသည်။ အင်ဂျင်ထုတ်သည့်စက်ရုံမှ တစ်နှစ်လျှင် အလုံး ၁၂၀၀၀၀ ထုတ်လုပ်နိုင်ပြီး တပ်ဆင်သည့်စက်ရုံမှတစ်နှစ်လျှင် အစီး ၁၂၀၀၀၀ …

နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြင်ဆင်ရေး အစည်းအဝေးတွင် NCA မထိုးထားသည့် အဖွဲ့များ ပါဝင်နိုင်ရေးဆွေးနွေး

တာချီလိတ်၊ ဖေဖော်ဝါရီ ၁၇ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ၊ တပ်မတော်တို့ကြား နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြင်ဆင်ရေးအစည်းအဝေး ပြုလုပ်ရာတွင် NCA လက်မှတ်မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များပါ ပါဝင်တက်ရောက်နိုင်ရေးအတွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း RCSS မှ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။ ဖေဖော်ဝါရီလ ၁၇ရက်က ရန်ကုန်မြို့၊ NRPC တွင် ပြုလုပ်သည့် အစိုးရနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ NCA-S-EAO အစည်းအဝေး၌ NCA-S-EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်မှူးကြီးစိုင်းငင်းက အစည်းအဝေးနှုတ်ခွန်းဆက်အမှာစကားတွင် ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။ “နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် ပြင်ဆင်ရေး အစည်းအဝေး ကျင်းပတဲ့အခါမှာ NCA စာချုပ် လက်မှတ်ရေးမထိုးထားသေးတဲ့ ညီနောင်EAO(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့)တွေ ပါဝင်တက်ရောက် နိုင်ရေးကိုလည်း …

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများအထိပ်တလန့်ဝယ်နေကြချိန် ဟောင်ကောင်တွင် အိမ်သာသုံးစက္ကူအလိပ် ၆၀၀ ကို ဓားထောက်လုယူမှုဖြစ်ပွား

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၁၇ ယခုမနက်တွင် ဟောင်ကောင်၌ အိမ်အရောက်ပို့ဝန်ဆောင်မှုလုပ်သားတစ်ယောက်ထံမှ အိမ်သာသုံးစက္ကူအလိပ် ၆၀၀ ဓားထောက်လုသွားသူများကို ဟောင်ကောင်ရဲတပ်ဖွဲ့ရှာဖွေ​နေသည်။ ဟောင်ကောင်စံတော်ချိန်မနက် ၆ နာရီခန့်က ပစ္စည်းပို့ရမည့်ကုန်တိုက်တံခါးဖွင့်ရန်စောင့်နေစဉ် လူ ၃ ယောက်ကို ပစ္စည်းပို့သူကို ဓားထောက်ပြီး အိမ်သာသုံးစက္ကူလိပ် ၆၀၀ ကို ထရော်လီနှင့်တင်ပြေးခဲ့ကြသည်ဟု ဟောင်ကောင်အခြေစိုက် Apple Dailyသတင်းစာကဖော်ပြသည်။ အိမ်သာသုံးစက္ကူလိပ် ၂၀ ပါသည့်အထုပ် ၅၀ ယူပြီးထွက်ပြေးသွားကြောင်း သတင်းစာကဖော်ပြသည်။ ဝူဟန်ဗိုင်းရပ်စ်ကြောင့် အထိပ်တလန့်ပစ္စည်းများဝယ်ယူနေကြပြီး နှာခေါင်းစည်းနှင့်လက်သန့်ဆေးတို့ကဲ့သို့ပစ္စည်းများကို ယခင်ကဝယ်ယူခဲ့ပြီး ယခုလဆန်းတွင် အိမ်သာသုံးစက္ကူလိပ်များကိုပါ အလုအယက်ဝယ်နေကြသည်။ ဝူဟန်​ဗိုင်းရပ်စ်​ကြောင့် တရုတ်ပြည်မကြီးရှိထုပ်လုပ်ရေးလုပ်ငန်းခွင်များထိခိုက်ပြီးနောက် မကြာခင်အိမ်သာသုံးစက္ကူများကုန်တော့မည်ဟူသည့် ကောလဟာလများ ဟောင်ကောင်တွင်ပြန့်နှံ့ခဲ့သည်။ ထိုကောလဟာလများမှားယွင်းကြောင်းနှင့် ကုန်တိုက်များတွင် စက္ကူလိပ်များရှိနေကြောင်း ဟောင်ကောင်အစိုးရနှင့်ကုန်တိုက်ပိုင်ရှင်များက ရှင်းလင်းခဲ့သော်လည်း လူထုအကြောက်တရားမတည်ငြိမ်ခဲ့ချေ။ စနေနေ့အထိ ဟောင်ကောင်တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၅၇ ယောက်ရှိနေသည်။ …

Design a site like this with WordPress.com
Get started