လမ်းလျှောက်လာသူထံမှ စိတ်ကြွဆေးပြား ၄၀၀၀ ဖမ်းမိ

တာချီလိတ်၊ ဖေဖော်ဝါရီ ၁၇ တာချီလိတ်တွင် လမ်းလျှောက်လာသူတစ်ဦးကို စစ်ဆေးရာ ၎င်း၏ ဘောင်းဘီအိတ်အတွင်းမှ စိတ်ကြွဆေးပြား ၄၀၀၀ ပြားကို ဖမ်းဆီးရမိသည်။ ရှမ်းပြည်နယ်အတွင်း “Operation 1511” ကိုဆောင်ရွက်လျှက်ရှိရာ သတင်းအရ မူးယစ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၆ရက် နံနက် ၉နာရီခွဲခန့်တွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်အတွင်း လမ်းလျှောက်လာသူ အသက် (၄၇)နှစ်အရွယ် လီထူဆိုသူကို စစ်ဆေးရာ ၎င်း၏ ဘောင်းဘီအိတ်အတွင်းမှ စိတ်ကြွဆေးပြား ၄၀၀၀ ကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။ စိတ်ကြွဆေးပြားများနှင့် အတူ ဖမ်းဆီးရမိသည့် လီထူဆိုသူကို တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ MeKongNews

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၇၇၀ဦးရှိလာ၊ ပထမဆုံး လူသေဆုံးကြောင်း ထိုင်ဝမ်အတည်ပြု

ဘေကျင်း၊ ဖေဖော်ဝါရီ ၁၇ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေ ၁၇၇၀ ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က တနင်္လာနေ့ နံနက်ပိုင်းက အတည်ပြုသည်။ ရောဂါကူးစက်ခံထားရသူ အရေအတွက်မှာ ၇၀၅၀၀ဦးကျော် ရှိနေပြီး ဟူဘေးခရိုင်ပြင်ပတွင် ရောဂါကူးစက်ခံရမှု ကျဆင်းလာကြောင်း ကော်မရှင်က ဆိုသည်။ ကျန်းမာရေးကော်မရှင်၏ ပြောကြားချက်အရ နောက်ဆုံး ၂၄နာရီအတွင် ဟူဘေးခရိုင်ပြင်ပတွင် ရောဂါထပ်မံတွေ့ရှိသူ ၁၃၀ဦးသာ ရှိတော့ပြီး လွန်ခဲ့သည့်သီတင်းပတ်က ၄၅၀ဦးရှိခဲ့ရာမှ ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။ ထိုင်ဝမ်တွင်လည်း ကိုရိုနာဗိုင်းရပ်စ် COVID-19ကြောင့် ပထမဆုံးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ထိုင်ဝမ်ကျန်းမာရေးဝန်ကြီး ချန်ရှီချောင်းက တနဂ်နွေနေ့တွင် အတည်ပြုသည်။ သေဆုံးသူမှာ အသက် ၆၀ ဝန်းကျင်ရှိအမျိုးသားဖြစ်ပြီး ဆီးချိုရောဂါနှင့် အသည်းရောင်အသားဝါဘီပိုးရှိသူ ဖြစ်ကြောင်းလည်း သိရသည်။တရုတ်ပြည်မကြီးသို့ သွားရောက်ခဲ့သည့်ရာဇဝင် မရှိကြောင်းလည်း အသိပေးသည်။ ယခုသေဆုံးမှုမှာ ကူးစက်ခံရသူ …

တရားမဝင်နေထိုင်သည့် ထိုင်းနိုင်ငံသားတစ်ဦးကို ပစ္စတို တစ်လက်နှင့် အတူဖမ်းမိ

တာချီလိတ်၊ ဖေဖော်ဝါရီ ၁၆ တာချီလိတ်မြို့အတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ထိုင်းနိုင်ငံသားတစ်ဦးကို ပစ္စတို သေနတ်တစ်လက်၊ ကျည်ဆံ ၁၆ တောင့်နှင့်အတူ ဖေဖော်ဝါရီလ ၁၆ရက် ည ၆နာရီခွဲခန့်က ၎င်း၏ နေအိမ်တွင် ဖမ်းဆီးရမိသည်။ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်သည့် တရားခံများကို ဖမ်းဆီးရမိရန် ရှာဖွေမှုများ ပြုလုပ်နေစဉ် ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား စီကြီးချက်(ခ)ပေါင်အား ကို့လ် ပစ္စတိုသေနတ်တစ်လက်၊ ကျည်ဆံ ၁၆တောင့်၊ ကျည်အိမ်အပိုတစ်ခုနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်သည်။ “ပြီးခဲ့တဲ့ရက်ပိုင်းက ထွန်းလင်းရောင်လမ်းက လူသတ်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးရာကနေ ဖမ်းမိတာပါ။ အမှုတွေနဲ့ ဆက်စပ်မှု ရှိ၊ မရှိကို စစ်ဆေးနေပါတယ်” ဟု တာချီလိတ်မြို့မ …

သုံးရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကျဆင်းကြောင်း တရုတ်ထုတ်ပြန်

ဘေကျင်း၊ ဖေဖော်ဝါရီ ၁၆ သုံးရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ကျဆင်းကြောင်း တရုတ်အစိုးရက တနဂ်နွေနေ့တွင် ထုတ်ပြန်သည်။ စနေ့နေ့ကထက် စုစုပေါင်းကူးစက်ခံရမှု ၂၀၀၉ ခုနှင့် သေဆုံးသူ ၁၄၂ ယောက်ပိုများကြောင်း တရုတ်အစိုးရထံမှသိရသည်။ ယခုတစ်ပတ်အတွင်း ကူးစက်ခံရမှုသတ်မှတ်ပုံ ပြောင်းလဲပြီးနောက် ကူးစက်ခံရသူ မြင့်တက်ခဲ့သော်လည်း နောက်ပိုင်းတွင်ပြန်ကျဆင်းလာသည်။ တရုတ်ပြည်မကြီးတွင် စုစုပေါင်းကူးစက်ခံရသူ ၆၈၀၀၀ ကျော်နေပြီး သေဆုံးသူ ၁၆၅၅ ယောက်ရှိနေသည်။ တရုတ်နိုင်ငံပြင်ပဒေသ ၄ ခုတွင် ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်သေဆုံးသူ ၄ ယောက်ရှိနေပြီး ကူးစက်ခံထားရသူ ၅၀၀ ကျော်ရှိနေသည်။ Source- BBC ဥက္ကာ #MeKongNews Photo- People’s Daily China

သီလဝါစီးပွားရေးဇုံ မြေယာလျော်ကြေး ကတိကဝတ်အတိုင်း မဖြစ်၍ လွှတ်တော်၌ မေးခွန်းထုတ်

သီလဝါစီးပွားရေးဇုံ မြေယာလျော်ကြေး ကတိကဝတ်အတိုင်း မဖြစ်၍ လွှတ်တော်၌ မေးခွန်းထုတ် နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆ဝေမိုး(နေပြည်တော်) ရန်ကုန်တိုင်းဒေသကြီးအတွင်း သီလဝါအထူးစီးပွားရေးဇုံ တည်ဆောက်ရေး၌ သိမ်းဆည်းခံ တောင်သူများအတွက် မြေယာလျော်ကြေးများ ကတိကဝတ်အတိုင်း ဖြစ်မလာသည့်အတွက် ပြည်သူ့လွှတ်တော်တွင် ကျောက်တန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးမှ လွှတ်တော်သို့ မေးခွန်း မေးမြန်းခဲ့သည်။ “လျော်ကြေးမရတဲ့အတွက်ကြောင့်မို့ ကျွန်မတို့ရဲ့ ကိုယ်စားလှယ်ရုံးခန်းတွေမှာ လာရောက်ဆွေးနွေးကြတယ်။ ၂၀၁၇ခုနှစ် ဇန်နဝါရီလမှာလည်း မူလတောင်သူတွေနဲ့ ရန်ကုန်တိုင်းအစိုးရနဲ့ ဇုံကော်မတီတို့နဲ့ ညှိနှိုင်းခဲ့ကြပါတယ်။ ပေးမယ်လို့လည်း ဂတိကဝတ်တွေရခဲ့ပါတယ်။ မပေးတဲ့အတွက်ကြောင့်မို့ ၂၀၁၈ခုနှစ်မတ်လမှာ တာဝန်ရှိတဲ့သူတွေနဲ့ တောင်သူတွေနဲ့ ပြန်တွေ့တဲ့အခါမှာ သင်္ကြန်မတိုင်ခင် ပေးမယ်လို့လည်း ပြောပါတယ်။ သို့သော်လည်း ယနေ့အချိန်ထိ မရရှိခဲ့ပါဘူး”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။ ဖေဖော်ဝါရီ(၁၄)ရက်တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒေါ်အေးမြမြမျိုးမှ မြေယာလျော်ကြေးပေးအပ်ရန် …

ပြည်သူ့စစ်ဆေးဖြတ်စခန်းတွင် ပြန်လည်ထူထောင်ရေးသင်တန်းဖွင့်

တာချီလိတ်၊ ဖေဖော်ဝါရီ ၁၆ မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ၁၀ရက်ကြာ သင်ကြားပေးမည့် သင်တန်းတစ်ရပ်ကို ပြန်လည်ထူထောင်းရေးဦးစီးဌာနက တာချီလိတ်မြို့နယ်၊ မိုင်းကို ပြည်သူ့စစ်ဆေးဖြတ်စခန်းတွင် ဖေဖော်ဝါရီလ ၁၀ရက်မှ ဖေဖော်ဝါရီလ ၂၀ရက်အထိ သင်ကြားလျှက်ရှိသည်။ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း (၁/၂၀၂၀)တွင် မိုင်းကိုးပြည်သူ့စစ် ဆေးဖြတ်စခန်းမှ သင်တန်းသား အယောက် ၅၀ တက်ရောက်နေပြီး ၎င်းတို့ကို ဆေးဖြတ်ကုသမှုနှင့် ပြန်လည်ထူထောင်မှု ဆောင်ရွက်ပေးလျှက်ရှိကြောင်း တာချီလိတ်မြို့ ပြန်လည်ထူထောင်ရေးစခန်းမှ စခန်းမန်နေဂျာ ဦးနိုင်စိုးမြင့်က ပြောသည်။ “မိုင်းကိုးဆေးဖြတ်စခန်းမှာ ရောက်နေတဲ့ ဆေးဖြတ်ကုသသူတွေအတွက် ဆေးဖြတ်ကုသမှုနဲ့ ပြန်လည်ထူထောင်မှုကို ခံယူနိုင်ဖို့အတွက် အဓိက ရည်ရွယ်ပြီး ဒီသင်တန်းကို ဖွင့်လှစ်ရတာပေါ့” ဟု ၎င်းက ပြောသည်။ သင်တန်းပြီးဆုံးသွားပါက သင်တန်းတက်ရောက်ထားသူများကို တစ်နှစ်အထိ စောင့်ရှောက်ကုသမှုများ ပြုလုပ်ပေးသွားမည် …

ဟိုတယ်မှ အလုပ်ရပ်နားခံထားရသည့် ဝန်ထမ်း ၅၀ကျော်မှ အလုပ်ရရှိရေး လာရောက်အကူအညီတောင်းခံ

တာချီလိတ်၊ ဖေဖော်ဝါရီ ၁၄ ဟိုတယ်များမှ အလုပ်ရပ်နားခံထားရသည့် ဝန်ထမ်း ၅၀ ကျော်မှ ၎င်းတို့ စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်ရသည့်အတွက် အလုပ်အကိုင်ရရှိရေး ကူညီပေးရန် တာချီလိတ်မြို့နယ် အလုပ်သမား ညွှန်ကြားမှူ ဦးစီးဌာနရုံးတွင် ဖေဖော်ဝါရီလ ၁၄ရက် နံနက်ပိုင်းက လာရောက် အကူအညီတောင်းခံသည်။ အလုပ်သမားများ အနေဖြင့် အလုပ်များ ရုတ်တရက် ရပ်နားခံရပြီး စားဝတ်နေရေးနှင့် မိသားစုအရေး အခက်အခဲကြုံနေကြရသည့်အတွက် ယခုကဲ့သို့ လာရောက် အကူအညီတောင်းခံခြင်း ဖြစ်ကြောင်း တောင်ငူမြို့မှ လာရောက် အလုပ်လုပ်ကိုင်သူ ဟိုတယ်တာချီလိတ်မှ ဝန်ထမ်း မပုံ့ပုံ့က ပြောသည်။ “ကျွန်မတို့ ဟိုတယ်မှာ အလုပ်ရပ်နားခံရတာ အားလုံးပေါင်း အလုပ်သမား ၄၀၀ ကျော်လောက်ရှိပါတယ်။ အရှင်းဆုံးပြောရရင် သောက်ရေ သောက်စရာက စပြီး အစစအရာရာ အခက်အခဲ …

ချူလာလောင်ကွန်းတက္ကသိုလ်အနီး လူကြားထဲပစ်ခတ်ခဲ့သူကို ထိုင်းရဲများဖမ်းမိ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၄ သောကြာနေ့မနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်းတက္ကသိုလ်အနီး လူကြားထဲ သေနတ်အချက်အနည်းဆုံး ၄၀ ပစ်ခတ်ခဲ့သူကိုဖမ်းမိပြီဖြစ်ကြောင်း ထိုင်းရဲများကအသိပေးသည်။ ဤဖြစ်ရပ်ကြောင့် ဒဏ်ရာရသူ၊ သေဆုံးသူရှိ၊ မရှိမသိရသေးချေ။ သေနတ်သမားက ဖြတ်သွားဖြတ်လာများကိုချိန်ရွယ်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ခိုရတ်မြို့တွင် လူ ၂၉ ယောက်သေဆုံးခဲ့သည့်ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် ယခုဖြစ်ရပ်ဖြစ်လာသည်။ မိသားစုနှင့်စကားများပြီးနောက် ပြောင်းတိုသေနတ်တစ်လက်ဖြင့်ထွက်သွားသည့် အက်ကာချိုင်း ချာရွတ်ဆလစ် ၄၄ နှစ်ဆိုသူဖြစ်ကြောင်း ထိုင်းရဲများက ထုတ်ပြန်သည်။ ဤဖြစ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်းနှင့် လူမှုကွန်ရက်တွင်ပြောနေသကဲ့သို အကြီးအကျယ်ပစ်ခတ်မှုမဟုတ်ကြောင်းရဲတပ်ဖွဲ့ပြောခွင့်ရသူ ကစ်ဆာနာ ဖက်တာနာချာရွန်ကပြောသည်။ Source- Khaosod#ဥက္ကာ  #MeKongNewsPhoto- Khaosod

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ဂျပန်တွင် ပထမဆုံးလူသေဆုံးမှုရှိလာ

တိုကျို၊ ဖေဖော်ဝါရီ ၁၄ ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသော အသက် ၈၀ ဝန်းကျင်အမျိုးသမီးနစ်ယောက်သေဆုံးခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ပြီးနောက်သေဆုံးခြင်းဖြစ်သော်လည်း ဗိုင်းရပ်စ်ကြောင့်သေဆုံးခြင်းဟုတ်၊ မဟုတ် အတည်မပြုနိုင်သေးကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီး ကုဆူနိုဘူ ကေတိုက ဖေဖော်ဝါရီ ၁၃ ရက်ကြညသပတေးနေ့တွင် အတည်ပြုသည်။ သေဆုံးသူအမျိုးသမီးမှာ ကာနာဂါဝါစီရင်စုတွင်နေထိုင်သူဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်တွင် ကူးစက်ခံရကြောင်းလက္ခဏာများပြသပြီးနောက် ဖေဖော်ဝါရီ ၁ ရက်တွင် ဆေးရုံတက်ကုသမှုခံယူခဲ့သည်။ ယခုသေဆုံးမှုမှာ ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်COVID-19ကူးစက်ခံထားရသူ ပထမဆုံးသေဆုံးခြင်းဖြစ်သည်။ ဖေဖော်ဝါရီလဆန်းမှစ၍ ယိုကိုဟားမားဆိပ်ကမ်းနားတွင်ကျောက်ချထားပြီး ဗိုင်းရပ်စ်စတင်ပြန့်နှံ့ရာ ဝူဟန်မြို့မှ ဂျပန်နိုင်ငံသို့ပြန်ခေါ်လာသူများပါသည့် ခရီးသည်တင်သဘေ်ာပေါ်တွင် ကူးစက်ခံထားရကြောင်းအတည်ပြုထားသူ ၂၀၀ ကျော်ရှိနေချိန်တွင် ယခုသေဆုံးမှုဖြစ်ခဲ့သည်။ ဂျပန်နိုင်ငံသည် ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်ပိုင်း တရုတ်ပြည်မကြီးပြင်ပတွင် တတိယမြောက်လူသေဆုံးသောဒေသဖြစ်လာသည်။ ဖိလစ်ပိုင်နှင့်ဟောင်ကောင်တို့တွင်လည်း သေဆုံးမှုများရှိခဲ့သည်။ စတင်ပြန့်နှံ့သည့် ဝူဟန်မြို့ရှိရာဟူဘေးပြည်နယ်တွင် CTစကန်ဖြင့် ကူးစက်ခံရမှုရှိ၊ မရှိအတည်ပြုနိုင်ကြောင်းနည်းလမ်းသစ်များအသုံးပြုပြီးနောက် တရုတ်​ပြည်မကြီးတွင် …

တပ်နှင့်ဆက်နွယ်သည့် စီးပွားရေးလုပ်ဆောင်မှုများ ရပ်တန့်ပစ်ရန် စစ်ဦးစီးချုပ်ပြောဆို

တာချီလိတ်၊ ဖေဖော်ဝါရီ ၁၃ စစ်တပ်ကပုဂ္ဂိုလ်များအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို ၃လအတွင်း ပြန်လည်ရုပ်သိမ်းကြဖို့ ထိုင်းစစ်ဦးစီးချုပ် အပီရတ်ကောင်ဆွန်ပွန်က ပြောဆိုလိုက်သည်။ စနေနေ့က ဖြစ်ပွားခဲ့သည့် စစ်တပ်မှ အရာခံဗိုလ်တစ်ဦးက လူအမြောက်အများကို ပစ်သတ်ခဲ့မှုနှင့် ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိကအကျိုးစီးပွား ဆက်နွယ်သည့် ကိစ္စရပ်တစ်ခုကို အခြေခံပြီး စတင်ခဲ့သည့် အဆိုပါ ပစ်ခတ်မှုကြောင့် လူ ၃၀ဦးသေဆုံးပြီး ၅၈ဦး ဒဏ်ရာရခဲ့သည်။ သေဆုံးဒဏ်ရာရသူများ၏ ဆွေမျိုးသားချင်းများကို စစ်ဦးစီးချုပ်က တောင်းပန်လိုက်ပြီး ငွေကြေးထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်သလို ၎င်းတို့၏ မျိုးဆက်များကိုလည်း စစ်တပ်အတွင်း အလုပ်နေရာများ ဖန်တီးပေးသွားမည် ဖြစ်ကြောင်း ကတိပြုပြောဆိုလိုက်သည်။ စစ်တပ်မှ ရွေးချယ်ခံရသူအချို့ကို ဈေးသက်သက်သာသာဖြင့် အိမ်ရာဝယ်ယူခွင့်အပါအဝင် စီးပွားရေးနယ်ပယ် အသီးသီးတွင် စစ်တပ်က ကာလကြာရှည်ပါဝင်ပတ်သက်နေမှုကို စစ်ဦးစီးချုပ်က ဝန်ခံခဲ့ပြီး …

Design a site like this with WordPress.com
Get started