တာချီလိတ်၊ ဖေဖော်ဝါရီ ၁၂ ဟိုတယ်အတွင်းမှ နတ်စင်ကို သေနတ်ဖြင့် (၄)ချက်ပစ်ပြီး ထွက်ပြေးသည့် ထိုင်းနိုင်ငံသား၏ နေအိမ်ထဲတွင် မူးယစ်ဆေးဝါးမျိုးစုံနှင့် လောင်းကစားဂိမ်းစက်များကို ဖေဖော်ဝါရီလ ၁၂ရက် ညနေပိုင်းက ဖမ်းဆီးရမိသည်။ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ 1G1 ဟိုတယ်အတွင်းမှ နတ်စင်ကို ဖေဖော်ဝါရီလ ၁၂ရက် နံနက် ၇နာရီခွဲခန့်က သေနတ်ဖြင့် (၄)ချက်ပစ်ကာ ထွက်ပြေးသွားသည့် ထိုင်းနိုင်ငံသား အကျစ်၏ ဝန်းကျောက်ရပ်ကွက်အတွင်းရှိ နေအိမ်တွင် အိုက်စ် (၃၆၀)ဂရမ်၊ အက်တက်စီဆေးပြား (၄၉)ပြားနှင့် လောင်းကစားဂိမ်းစက် အသေး (၂၁)လုံးကို ဖမ်းဆီးရမိခြင်းဖြစ်သည်။ အဆိုပါနေအိမ်ကို မိန်ကလေး (၂)ဦး လာရောက်တံခါးဖွင့်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ခေါ်ယူစစ်ဆေးရာ နေအိမ်တွင်မွေးထားသည့် ခွေးများကို အစာလာကျွေးခြင်းဖြစ်ကြောင်း သိရသဖြင့် သက်သေများနှင့် အတူ ဝင်ရောက်ရှာဖွေရာမှ …
Category Archives: Uncategorized
ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၁၁၃ ဦး ရှိလာ
ဘေကျင်း၊ ဖေဖော်ဝါရီ ၁၂ ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်သည့် ဖေဖော်ဝါရီလ ၁၂ရက် နံနက်အစောပိုင်း စာရင်းအရ ၁၁၁၃ ဦး ရှိလားပြီး ယမန်နေ့ကထက် ၉၇ဦး တိုးလာကြောင်း တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က ပြောသည်။ ထပ်မံသေဆုံးသူ ၉၇ဦးအနက် ၉၄ဦးမှာ ဟူဘေးခရိုင်မှ ဖြစ်ပြီး ယင်းထဲမှ ၇၂ဦးမှာ ဝူဟန်မြို့က ဖြစ်သည်။ အသစ်ထပ်မံကူးစက်ခံရသူ အရေအတွက်မှာ ၂၀၁၅ ဦးဖြစ်ပြီး ဇန်နဝါရီလ ၃၀ရက်နောက်ပိုင်း ကူးစက်သူ တိုးတက်နှုန်း အနိမ့်ဆုံးဖြစ်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ကျန်းမာရေးကော်မရှင်က ပြောသည်။ တရုတ်အကြီးတန်းဆေးပညာအကြံပေးက ဝူဟန်ဗိုင်းရပ်စ် ပျံ့နှံမှုမှာ လာမည့် ဧပြီလလောက်တွင် ထိန်းချုပ်နိုင်မည်ဟု ခန့်မှန်းထားပြီး လတ်တလော ရောဂါကူးစက်ပျံ့နှံမှုမှာ ကျဆင်းလာသည်။ ယမန်နေ့က ဂျီနီဗာတွင် ကျင်းပသည့် WHO ညီလာခံတွင် …
Continue reading “ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၁၁၃ ဦး ရှိလာ”
ပြည်သူတွေ ကြောက်ရွံ့နေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ သတိပေးခေါင်းလောင်းသံ မိမိတို့နိုင်ငံတွင် မြည်နေပြီဟု လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁ဝေမိုး(နေပြည်တော်) ပြည်သူများကြောက်ရွံ့နေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မိမိတို့နိုင်ငံတွင် သတိပေးခေါင်းလောင်းသံ မြည်နေပြီဖြစ်သလို ပေါ့ဆ၍မရကြောင်း ဒလမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးမှ ဖေဖော်ဝါရီ(၁၁)ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရောဂါကာကွယ်နှိမ်နင်းမှု၊ ကူးစက်ပြန့်ပွားခြင်းမရှိစေရန်နှင့် ဖြစ်ပွားလာပါက အထိအခိုက် အသေအပျောက် နည်းပါးစေရန်နှင့်စပ်လျဉ်း၍ မေးခွန်းထုတ်ခဲ့ရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “ WHO ကတော့ သေဆုံးသူ(၉၀ဝ)ကျော်ရှိပြီလို့ ထုတ်ပြန်ထားပါတယ်။ အိမ်နီးခြင်း တရုတ်ပြည်မကြီးမှာ အသေဆုံးနဲ့ ကူးစက်မှုနှုန်း အမြန်ဆုံးဖြစ်နေပြီး အဲ့ဒါကြောင့် စိုးရိမ်နေတဲ့ ပြည်သူတွေအတွက် ရှင်းပြဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီ(၁၀)ရက်နေ့ ည(၈)နာရီ သတင်းထုတ်ပြန်ချက်အရ သံသယလူနာတစ်ဦးအပါအဝင် လူနာ(၂၀)ခန့်ရှိလာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာလည်း ပေါ့ဆ၍မရကြောင်း သတိပေးခေါင်းလောင်းသံ မြည်နေပြီဖြစ်ပါတတယ်”ဟု ဒေါက်တာစိန်မြအေးက ပြောသည်။ ထို့ပြင် ရောဂါကာကွယ်ခြင်းသည် ကုသခြင်းထက် …
ဟိုတယ်ဝင်းအတွင်းရှိ နတ်စင်ကို ထိုင်းတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေး
တာချီလိတ်၊ ဖေဖော်ဝါရီ ၁၂ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ 1G1 ဝင်းအတွင်းမှ နတ်စင်ကို ဖေဖော်ဝါရီလ ၁၂ရက် နံနက် အစောပိုင်းက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသူ ထိုင်းနိုင်ငံသားကို လိုက်လံဖမ်းဆီးနေကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်းက မဲခေါင်သတင်းဌာနကို ပြောသည်။ “အရက်မူးပြီးဖြစ်တဲ့ သဘောပါပဲ။ စုံစမ်းကြည့်လိုက်တော့ သူတို့ အရက်သောက်နေကြတယ်။ အရက်မူးပြီး ဖြစ်ကြတဲ့ သဘောပေါ့။ အခု စုံစမ်းနေပါတယ်။ မိမှာပါ” ဟု၎င်းကပြောသည်။ ဖေဖော်ဝါရီလ ၁၂ရက်၊ နံနက် ၇နာရီခွဲခန့်က ထိုင်းအမျိုးသားတစ်ဦးက အဆိုပါဟိုတယ်ဝင်း အတွင်းရှိ နတ်စင်ကို သေနတ်ဖြင့် ပစ်ခတ်ကာ ဖော်ကျူနာကား အနက်ရောင်ဖြင့် မောင်းနှင်ထွက်ပြေးသွားခြင်း ဖြစ်သည်။ အဆိုပါ ထိုင်းနိုင်ငံသားကိုဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ MeKongNews
အစောပိုင်း ကော်ရိုနာဗိုင်းရပ်စ်မရှိကြောင်း စစ်ဆေးထားပြီးသူများထံမှ ၁၂ရက်အကြာတွင် ဗိုင်းရပ်စ်တွေ့ရှိ
ယိုကိုဟားမား၊ ဖေဖော်ဝါရီ ၁၁ ကိုရိုနာဗိုင်းရပ်စ်စတင်ပြန့်ပွားခဲ့ရာမှ ပြန်ကယ်ထုတ်လာပြီး အစောပိုင်းတွင်ဗိုင်းရပ်စ်မရှိကြောင်းစစ်ဆေးတွေ့ရှိသူ နှစ်ယောက်ထံတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှုရှိနေကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ကြေညာသည်။ ဇန်နဝါရီ ၂၉ တွင်ပြန်ခေါ်လာသည့် သင်္ဘောပေါ်မှအသက် ၅၀ ဝန်းကျင်အမျိုးသားတစ်ယောက်ကို နှစ်ကြိမ်တိုင်တိုင်စစ်ဆေးခဲ့သော်လည်း ဗိုင်းရပ်စ်မတွေ့ရှိခဲ့ဘဲ ၁၂ ရက်အကြာတွင် ထပ်မံစစ်ဆေးခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်းတွေ့ရှိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ W.H.O၏အသိပေးချက်အရ ကူးစက်ခံရကြောင်းစောင့်ကြည့်ကာလမှာ ၁၄ ရက်ဖြစ်သည်။ ဇန်နဝါရီ ၃၀ တွင်ပြန်ခေါ်ခဲ့သည့် အသက် ၄၀ ဝန်းကျင်ဂျပန်အမျိုးသားကလည်း ပထမအကြိမ်စစ်ဆေးရာတွင် မတွေ့ခဲ့ဘဲ တနင်္လာနေ့က ဒုတိယအကြိမ်စစ်ဆေးရာတွင်မှ ကူးစက်ခံရကြောင်းတွေ့ရှိရသည်။ ထိုနှစ်ယောက်အပါအဝင် ဂျပန်တွင်ကူးစက်ခံရသူစုစုပေါင်း ၂၈ ယောက်ရှိလာပြီး ပြီးခဲ့သည့်တစ်ပတ်တနလ်ာက ယိုကိုဟားမားဆိပ်ကမ်းနားတွင် ကမ်းကပ်ထားပြီး ပါလာသူများကို စောင့်ကြည့်စစ်ဆေးနေသည့် သင်္ဘောပေါ်တွင်လည်း ကူးစက်ခံရသူစုစုပေါင်း ၁၃၅ ယောက်ရှိနေသည်။ မကြာသေးမီကသဘေ်ာပေါ်တွင်ကူးစက်ကြောင်းတွေ့ရသည့်သင်္ဘောအမှုထမ်းနှင့်ခရီးသည် ၆၅ ယောက်ကို …
ဗိုလ်ချုပ်မွေးနေ့ အောင်မြတ်ခန်းမရှေ့တွင် ပဲပြုတ်နှင့်နံပြား ကျွေးမွေးမည်
တာချီလိတ်၊ ဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ချစ်သူများနှင့် ပြန်ကြာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၃ရက်၊ အောင်မြတ်ခန်းမ၌ ပန်းချီ၊ ဆေးရောင်ချယ်၊ ကဗျာပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း၊ ပဲပြုတ်နှင့် နံပြားကျွေးမွေးလှူဒါန်းခြင်းကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှစတင်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ခရိုင်ပြန်/ဆက်ရုံးတွင် ကျင်းပနေပြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၃ရက်တွင် နောက်ဆုံးအဆင့် ပြိုင်ပွဲများကျင်းပသွားမည် ဖြစ်ကြောင်း တာချီလိတ်ခရိုင် ပြန်ဆက်မှ သိရသည်။ ယင်းနေ့တွင် ဗိုလ်ချုပ်ချစ်သူများအဖွဲ့ကလည်း အောင်မြတ်ခန်းမရှေ့တွင် နံနက် (၈)နာရီခန့်မှ စတင်ကာ ပဲပြုနှင့်နံပြား ကျွေးမွေးလှူဒါန်းသွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ချစ်သူများအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးတင့်ဆွေက …
Continue reading “ဗိုလ်ချုပ်မွေးနေ့ အောင်မြတ်ခန်းမရှေ့တွင် ပဲပြုတ်နှင့်နံပြား ကျွေးမွေးမည်”
ပြည်သူကိုပစ်ရန် သေနတ်မောင်းဆွဲကတည်းက စစ်သားမဟုတ်ဘဲ ရာဇဝတ်ကောင် ဖြစ်ပြီဟု စစ်ဦးစီးချုပ်ပြော
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၁ စနေနေ့က ကိုရတ်မြို့တွင်ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုတွင် သေနတ်မောင်းဆွဲလိုက်သည့်နောက်ပိုင်း သေနတ်သမားသည် စစ်သားမဟုတ်တော့ကြောင်း ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အပီရတ် ကောင်ဆွမ်ပွန်ကပြောသည်။ အဆိုပါသေနတ်သမားကြောင့်ဖြစ်ခဲ့သည့် အပျက်အစီးများအတွက် တောင်းပန်ကြောင်းနှင့် ဝမ်းနည်းကြောင်း စိတ်ထိခိုက်နေသောဗိုလ်ချုပ်ကြီး အပီရတ်က အင်္ဂါနေ့က တော်ဝင်ထိုင်းတပ်မတော်ဌာနချုပ်တွင် ပြောဆိုခဲ့သည်။ ပစ်ခတ်ခဲ့သည့် ထိုင်းကြည်းတပ်မှ အသက် ၃၂ နှစ်ရှိ အရာခံဗိုလ် ဂျာကရာပန့် သွန်မာ ကို ရည်ညွှန်းပြီး “တပ်မမှူးကြီးအနေနဲ့ တောင်းပန်ပါတယ်။ ဒီဖြစ်ရပ်နောက်ကွယ်မှာ စစ်သားတစ်ယောက်ရှိနေတယ်ဆိုတာအတွက် နှလုံးသားတစ်ခုလုံးနဲ့ ဝမ်းနည်းမိပါတယ်”ဟု ပီရတ်ကပြောသည်။ ပစ်ခတ်မှုကြောင့် လူ ၃၀ သေဆုံးပြီး ၅၈ ယောက်ဒဏ်ရာရခဲ့သည်။ သေနတ်သမားကို ထိုင်းရဲအထူးတပ်ဖွဲ့က အသေပစ်ဖမ်းခဲ့သည်။ “သေနတ်မောင်းစဖြုတ်လိုက်ကတည်းက သူက ရာဇဝတ်ကောင်ဖြစ်သွားပါပြီ။ စစ်သားမဟုတ်တော့ပါဘူး”ဟု အပီရတ်ကပြောသည်။ ဖြစ်ခဲ့သမျှအားလုံးအတွက် တပ်မတော်ကိုအပြစ်မတင်ရန် အပီရတ်က …
အလုပ်အကိုင်ရရှိရေး ကူညီဖြေရှင်းပေးရန် ဟိုတယ်အလုပ်သမား ၁၀၀ကျော် ဝိုင်းဝန်းတောင်းဆို
တာချီလိတ်၊ ဖေဖော်ဝါရီ ၁၁ ဟိုတယ်တွင် ကာစီနိုများ ပိတ်လိုက်ရသည့်အတွက် အချိန်အကန့်အသတ်မရှိ အလုပ်ရပ်နားခံရသည့် အလုပ်သမား ၁၀၀ ကျော်က အလုပ်အကိုင်ပြန်လည် ရရှိရေးအတွက် တာချီလိတ်မြို့နယ် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ဖေဖော်ဝါရီလ ၁၁ နံနက်ပိုင်းက ဝိုင်းဝန်းတောင်းဆိုကြသည်။ လာရောက်တောင်းဆိုသူ များမှာ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ မယ်ခေါင်မြစ်ဟိုတယ်မှ အလုပ်သမားများဖြစ်ပြီး အလုပ်ရပ်နားခံရသည့်အတွက် လုပ်ခလစာ မရရှိတော့ဘဲ စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေသည့်အတွက် ယခုကဲသို့ လာရောက်တောင်းဆိုခြင်း ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။ အဆိုပါဟိုတယ်တွင် အလုပ်သမား (၅၀၀)ခန့်ရှိပြီး ကာစီနိုများ ပိတ်လိုက်ချိန်မှ စတင်ကာ အလုပ်သမား (၃၀၀)ကျော် အလုပ်ရပ်နားခံထားရကြောင်း အလုပ်သမားရုံးသို့လာရောက်တောင်းဆိုသည့် အလုပ်သမားတစ်ဦး ဖြစ်သူ ကောလင်းမြို့မှ အလုပ်လာရောက်လုပ်ကိုင်သည့် ကိုဇင်မျိုးအောင်က ပြောသည်။ “အလုပ်ပိတ်လိုက်တော့ …
Parasiteဇာတ်ကား အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင် ဆု ၄ ဆု သိမ်းကြုံးရယူနိုင်ခဲ့တဲ့ ၉၂ ကြိမ်မြောက်အော်စကာဆုပေးပွဲ
လော့စ်အိန်ဂျယ်လိစ်၊ ဖေဖော်ဝါရီ ၁၀ တောင်ကိုရီးယားရုပ်ရှင် Parasite ယခုနှစ်အော်စကာဆုပေးပွဲတွင် အကောင်းဆုံးရုပ်ရှင်ဆုရရှိခဲ့ပြီး သမိုင်းတစ်လျှောက် ပထမဆုံး အကောင်းဆုံးရုပ်ရှင်ဆုရခဲ့သည့် အာရှဇာတ်ကားတစ်ကားဖြစ်လာသည့်အပြင် အင်္ဂလိပ်စကားပြောမဟုတ်သည့် ဇာတ်ကားလည်းဖြစ်လာသည်။ Judy ဇာတ်ကားတွင် Judy Garland အဖြစ်သရုပ်ဆောင်ခဲ့သည့် Renee Zellwegerက အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုရခဲ့ပြီး Joker ဇာတ်ကားဖြင့် Joaquin Phoenixက အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရခဲ့သည်။ Once Upon A Time in Hollywood ဇာတ်ကားဖြင့် Bratt Pittက အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုရခဲ့ပြီး သူ့အတွက် ပထမဆုံးအော်စကာဆုဖြစ်လာသည်။ Laura Dern ကလည်း Marriage Storyဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုရခဲ့သည်။ Parasite ဇာတ်ကားက ဆု ၄ ဆုရခဲ့ပြီး 1917 ဇာတ်ကားကတော့ ဆု ၃ …
ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်သွား
ဘေကျင်း၊ ဖေဖော်ဝါရီ ၁၁ ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်သည် ဖေဖော်ဝါရီလ ၁၁ရက် နံနက်ပိုင်း စာရင်းများ အရ ၁၀၁၆ ဦး ရှိသွားပြီ ဖြစ်ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ကြေညာသည်။ နောက်ဆုံး ၂၄နာရီအတွင်း သေဆုံးသူ ၁၀၈ ဦးရှိခဲ့ပြီး ၁၀၃ဦးမှာ ရောဂါစတင်ဖြစ်ပွားရာ ဟူဘေးခရိုင်မှ ဖြစ်သည်။ ဟိုင်လောင်းကျိုင်၊ အန်ဟွိုင်၊ ဟီနန်၊ တီယန်ကျင်းနှင့် ဘေကျင်းခရိုင်တို့မှ တစ်ဦးစီသေဆုံးကြောင်း ကျန်းမာရေးကော်မရှင်က ပြောသည်။ကူးစက်သူခံရသူ အရေအတွက်မှာ ၄၂၆၃၈ ဦးဖြစ်ပြီး အသစ်ကူးစက်ခံရသူ ၂၄၇၈ ဦးရှိကြောင်း သိရသည်။ ကူးစက်ခံရသူ အရေအတွက်မှာ ယမန်နေ့ ၃၀၆၂ဦး ရှိရာ ကူးစက်ခံရသူအရေအတွက် ကျဆင်းသွားကြောင်း ကျန်းမာရေးကော်မရှင်က ပြောသည်။ ဗြိတိန်နိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၈ဦးအထိ ရှိလာပြီး အစိုးရက …
Continue reading “ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်သွား”