ကြက်ဥစားခိုးစားသည်ဟု စကားများရာမှ ဓါးခုတ်ခံရပြီး အမျိုးသားတစ်ဦးသေဆုံး

တာချီလိတ်၊ ဖေဖော်ဝါရီ ၁၀ တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း(၄)ရွာ၌ ကြက်ဥ ခိုးစားသည်ဟုဆိုပြီး စကားများ ရန်ဖြစ်ရာမှ ဓါးဖြင့်ခုတ်သဖြင့် အမျိုးသားတစ်ဦး ဖေဖော်ဝါရီလ ၁၀ရက် နံနက်ပိုင်းက သေဆုံးသွားကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၀ ရက်နံနက် ၇ နာရီခွဲခန့် တာချီလိတ်မြို့၊ မိုင်း ကိုးကျေးရွာအုပ်စု၊ ရန်ရှင်း(၄)ရွာတွင် လီရှီး(၄၀ နှစ်)နှင့် မောရှေ(၆၀ နှစ်)တို့ နှစ်ဦးသည် နေအိမ်တဲ့၏ မီးဖိုချောင်အရှေ့ ကွပ်ပြစ်တွင် အတူထမင်းစားနေစဉ် လီရှီးမှ မောရှေအား ကြက်ဥ ခိုးစား သည်ဟု စွပ်စွဲရာမှ စကားများရန်ဖြစ်ကြပြီး မောရှေမှ တောင်ယာ ခုတ်ရန် ယူဆောင်လာသော ဓါးဖြင့် ခုတ်ရာ လီရှီးတွင် လည်ဂုတ် ပြတ်ရှဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။ အမှုမှ …

ချစ်သူနှင့်စကားများပြီးနောက် အရက်မူးပြီး ဈေးဝယ်စင်တာတွင်ပစ်ခတ်မည်ဟုခြိမ်းခြောက်သူကို ထိုင်းရဲဖမ်းဆီး

ချိုင်ရာဖုန်၊ ဖေဖော်ဝါရီ ၁၀ ကိုရတ်မြို့ရှိ ‌ဈေးဝယ်စင်တာတစ်ခုတွင် လူ ၂၉ ယောက်ကို သေနတ်သမားတစ်ယောက်က ပစ်ခတ်ခဲ့ပြီးနောက် ဒေသတွင်း ‌ဈေးဝယ်စင်တာနောက်တစ်ခုတွင် ပစ်ခတ်မည်ဟု ခြိမ်းခြောက်သူ တစ်ယောက်ကို ထိုင်းအရှေ့မြောက်ပိုင်းရှိ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။ လူမှုကွန်ရက်တွင်တင်ခဲ့ပြီးနောက် ချိုင်ရာဖုန်ခရိုင်နေ ပီရာပတ် ချူဆန် ၂၈ နှစ်ကို ဖမ်းဆီးပြီး ဆိုက်ဘာမှုခင်းကျူးလွန်မှုဖြင့် စွဲချက်တင်ခဲ့သည်။ ထိတ်လန့်နေသည့် ထိုင်းနိုင်ငံသားအင်တာနက်အသုံးပြုသူများ ထံမှ တိုင်ကြားချက်များ လက်ခံရခဲ့ပြီးနောက် ခြေရာခံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲအရာရှိများက ‌ပြောသည်။ “ကိုရတ်က တာမင်နယ် ၂၁ တော့ပြီးသွားပြီ။ ငါ့အလှည့်ပဲ။ ရော်ဘင်ဆန်ချိုင်ရာဖုန်” လို့ ပီရာပတ်က ပြောင်းတိုသေနတ် ၂ လက်ကိုပြသထားသည့် ပုံတွင်ရေးသားခဲ့သည်။ ချစ်သူနှင့် စကားများပြီးနောက် အရက်မူးနေသောကြောင့် ထိုစာများရေးသားခဲ့ခြင်းဖြစ်ကြောင်း ပီရာပတ်ကဝန်ခံခဲ့သည်ဆိုပြီး ရဲများကပြောသည်။ ကွန်ပြူတာပြစ်မှု အက်ဥပဒေကို …

အွန်လိုင်းဂိမ်းကဲ့သို့ မှုခင်းများတားဆီးနိုင်ရေး ပူးပေါင်းသတင်းပေးရန် အင်တာနက်ကုမ္ပဏီများကို ခေါ်ယူဆွေးနွေး

တာချီလိတ်၊ ဖေဖော်ဝါရီ ၁၀ အွန်လိုင်းလောင်းကစားဂိမ်းကဲ့သို့ အင်တာနက် အသုံးပြုပြီး လုပ်ဆောင်သည့် မှုခင်းကိစ္စရပ်များကို တားဆီးနိုင်ရန်အတွက် အင်တာနက်လိုင်းဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ အနေဖြင့် ပူပေါင်းသတင်းပေးရန် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီလ ၁၀ရက်က ခေါ်ယူဆွေးနွေးသည်။ နေအိမ်များနှင့် ဟိုတယ်များမှ အင်တာနက်လိုင်းများ ရယူရာတွင် လိုအပ်သည့် ပမာဏထက် ပိုမိုများပြားသည့် ပမာဏများရယူခြင်း၊ အင်တာနက်သွားရောက် တပ်ဆင်ပေးရာတွင် အင်တာနက်လောင်းကစားပြုလုပ်ရန် ပြင်ဆင်နေမှုများ တွေ့ရှိပါက ကြိုတင်တားဆီးနိုင်ရန်အတွက် အင်တာနက်ကုမ္ပဏီများမှ အာဏာပိုင်များထံ သတင်းပေးပြီး ပူးပေါင်းဆောင်ရွက်ရန် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အင်တာနက် ကုမ္ပဏီများကို ပြောသည်။ “အွန်လိုင်းဂိမ်းဆိုတဲ့ ဟာတွေက အင်တာနက်မရှိဘဲ ဘယ်လိုမှ လုပ်လို့မရပါဘူး။ ဒါကြောင့် ပူးပေါင်းပါဝင်ကြဖို့ ပြောကြားရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ အင်တာနက်ကုမ္ပဏီများဘက်မှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ဆွေးနွေးရာတွင် …

နှာခေါင်းစည်း ဈေးတင်ရောင်းသည့် လက်လီအရောင်းဆိုင်ရှင် (၄)ဦးကို ဖမ်းဆီး

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၀ ကျန်းမာရေးသုံးနှာခေါင်းစည်းများကို ကုန်စည်နှင့်ဝန်ဆောင်မှု ဈေးနှုန်းများဆိုင်ရာ ဗဟိုကော်မတီ၏ သတ်မှတ်ဈေးထက် ပိုမိုတင်ရောင်းသည့် အရောင်းဆိုင်ရှင် (၄)ဦးကို ထိုင်းတွင် ဖမ်းဆီးလိုက်သည်။ ဘန်ကောက်ခရိုင်ပြင်ပရှိ ခရိုင် ၇၆ခုတွင် စီးပွားရေးအရာရှိများက ဖေဖော်ဝါရီလ ၉ရက်၌ ဈေးကွက် စုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဘွန်ရာရစ် ကန်လာယနမစ်က ဖေဖော်ဝါရီ ၁၀ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ “၂ ယောက်က ဖူးခတ်ကပါ။ တစ်ယောက်က ချွန်ဘူရီက၊ နောက်တစ်ယောက်တော့ ဆူရတ်ဌာနီကပါ။ သူတို့ကို ရဲတပ်ဖွဲ့ဆီကို လွှဲပြောင်းပေးထားပြီး ကုန်စည်နဲ့ဝန်ဆောင်မှု ဈေးနှုန်းများဆိုင်ရာ ဥပဒေကို ဖောက်ဖျက်မှုနဲ့ တရားစွဲထားပါတယ်။ ဒီဥပဒေအရ အမြင့်ဆုံး ဒဏ်ငွေ ဘတ် ၁သိန်း၄သောင်း၊ ဒါမှမဟုတ် ထောင် ၇နှစ်၊ ဒါမှမဟုတ် ပြစ်ဒဏ် …

အလုပ်လက်မဲ့များပြားလာပြီး ခုဆိုးလုယက်မှုများ မဖြစ်စေရန် ‘ကျားမင်း’ စီမံချက် ချမှတ်ဆောင်ရွက်နေ

တာချီလိတ်၊ ဖေဖော်ဝါရီ ၁၀ တာချီလိတ်မြို့တွင် ဖြစ်ပွားခဲ့သည့် မှုခင်းများ ဖော်ထုတ်နိုင်ရေးအပါအဝင် ဒုစရိုက်မှုများကို ကြိုတင်ကာကွယ်ရေး အတွက် ‘ကျားမင်း’ စီမခံချက်ကို ချမှတ်ပြီး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်းက ဖေဖော်ဝါရီလ ၁၀ရက်တွင် ပြောသည်။ ဖေဖော်ဝါရီလ ၁၀ရက် နံနက်ပိုင်းက တာချီလိတ် OSS ရုံးတွင် ကျင်းပပြုလုပ်သည့် ဒုစရိုက်မှု ကာကွယ်နှိမ်နင်းရေး အစည်းအဝေး အပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ တာချီလိတ်မြို့တွင် ဖြစ်ပွားခဲ့သည့် ဒုစရိုက်အမှုကြီးများကို ဖော်ထုတ်နိုင်ရန်၊ မှုခင်းကျဆင်းရေးဆောင်ရွက်ရန်၊ မှုခင်းများနှင့် ဆက်စပ်နိုင်သည့် လောင်းကစားမှုများ နှိမ်နင်းရေးအတွက် စီမံချက်တစ်ရပ်ကို ချမှတ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရဲမှူးကြီး တင်ဇော်ထွန်းက ပြောသည်။ “နောက်ပြီးတော့ အခုဆို အလုပ်လက်မဲ့တွေ …

ကိုရိုနာဗိုင်းရပ်စ်သစ်ကာကွယ်ဆေးအတွက် နိုင်ငံစုံမှသိပ္ပံပညာရှင်များအပြိုင်အဆိုင်ကြိုးပမ်းနေ

စင်ကာပူ၊ ဖေဖော်ဝါရီ ၉ တရုတ်နိုင်ငံမှစတင်ပြန့်နှံ့ခဲ့သည့်ကိုရိုနာဗိုင်းရပ်စ်သစ်အတွက် ကာကွယ်ဆေးဖော်စပ်နိုင်ရန် အမေရိကန်မှသြစတြေးလျအထိသိပ္ပံပညာရှင်များက နည်းပညာသစ်အသုံးပြုပြီး စံချိန်တင်အချိန်အတွင်းကြိုးစားနေကြသည်။ ကာကွယ်ဆေးများဖော်စပ်ရာတွင် ပုံမှန်အားဖြင့် နှစ်ချီကြာတတ်ပြီး တိရစ္ဆာန်များကိုစမ်းသပ်ရာတွင်ကြာညောင်းသကဲ့သို့ လူများကိုစမ်းသပ်ရာနှင့်ခွင့်ပြုချက်တောင်းခံရာတွင်လည်း စောင့်ဆိုင်းရတတ်သည်။ သို့သော် ပေါ်ထွက်လာသည့်ရောဂါများကိုတိုက်ခိုက်ရန်ရည်ရွယ်သည့်နိုင်ငံတကာပူးပေါင်းအဖွဲ့ကထောက်ခံပေးထားသော ကျွမ်းကျင်သူအဖွဲ့များစွာက မြန်မြန်ဖော်စပ်နိုင်ရန် ကြိုးပမ်းနေပြီး ၆ လအတွင်းအဆင်သင့်ဖြစ်နိုင်သည်ဟု သြစတြေးလျအဖွဲ့တစ်ဖွဲ့ကပြောသည်။ ဖိအားများသောအခြေအနေဖြစ်နေပြီး ဝန်ပိနေသည်များရှိနေကြောင်း သြစတြေးလျနိုင်ငံ၊ ကွင်းစ်တက္ကသိုလ်မှအဖွဲ့ဝင် အကြီးတန်းသုတေသီ ကိတ် ချတ်ပယ်ကပြောသည်။ အားထုတ်မှုများကို ကပ်ရောဂါကြိုတင်ပြင်ဆင်ထားမှုဖန်တီးမှုများပူးပေါင်းအဖွဲ့ CEPI ကထောက်ခံထားသည်။ ယနေ့အထိ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် တရုတ်ပြည်မကြီးတွင် သေဆုံးသူ ၈၁၁ ယောက်ရှိပြီး ကူးစက်ခံထားရသူ ၃၇၁၉၈ ယောက်ရှိနေသည်။ ၂၀၀၃ ခုနှစ်က တရုတ်ပြည်မကြီးနှင့်ဟောင်ကောင်တွင်ဖြစ်ပွားခဲ့သောအလားတူကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် ဆားစ်ရောဂါထက် သေဆုံးသူပိုများနေပြီဖြစ်သည်။Source- AFP#ဥက္ကာ #MeKongNewsPhoto- People’s Daily China

တာချီလိတ်မြို့နှင့် ပတ်သက်သည့် သမ္မတရသည့် သတင်းအချက်အလက်အချို့ မှားယွင်းနေကြောင်း ဝေဖန်ထောက်ပြ

တာချီလိတ်၊ ဖေဖော်ဝါရီ ၉ တောင်ကြီးမြို့ တွေ့ဆုံပွဲတွင် တာချီလိတ်မြို့နှင့် ပတ်သက်ပြီး သမ္မတ၏ ပြောကြားချက်များထဲမှ အချက်အလက် အချို့မှာ မှားယွင်း နေကြောင်း ဝေဖန်ကြသည်။ ဖေဖော်ဝါရီလ ၉ရက် နံနက်ပိုင်းက တာချီလိတ်မြို့ 1G18 ဟိုတယ်တွင် ပြုလုပ်သည့် တာချီလိတ်မြို့ ဟိုတယ်လုပ်ငန်းများ ထိခိုက်မှုအပေါ် ဟိုတယ်လုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖများ၊ သတင်းမီဒီယာများ ဆွေးနွေးအကြံဉာဏ်ရယူပွဲတွင် ဆွေးနွေးသူ အချို့က ပြောဆို ဝေဖန်ထောက်ပြခဲ့ခြင်း ဖြစ်သည်။ သမ္မတ ဦးဝင်းမြင့်က ဖေဖော်ဝါရီလ ၆ရက် နံနက်ပိုင်း တောင်ကြီးမြို့တွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာ၌ တာချီလိတ်မြို့တွင် လောင်းကစားမှုများ များပြားနေပြီး နိုင်ငံခြားသားများမှသာ အကျိုးအမြတ်ရရှိပြီး မြန်မာနိုင်ငံသားများက ပေးလိုက်ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ရာ ယင်းအချက်မှာ မှားယွင်းနေကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်သည့် ရွှေတြိဂံဒေသသတင်းလွှာ အယ်ဒီတာချုပ် …

လူပေါင်းများစွာကို ပစ်သတ်ခဲ့သည့် ထိုင်းစစ်သားကို သုတ်သင်နိုင်ပြီ

ကိုရတ်၊ ဖေဖော်ဝါရီ ၉ အထက်အရာရှိအပါအဝင် အပြစ်မဲ့လူပေါင်း ၂၁ဦးကို သေနတ်ဖြင့် လိုက်လံသတ်ဖြတ်ကာ တစာခံများ ဖမ်းဆီးထားသည့် ထိုင်းစစ်တပ်မှ တပ်ကြပ်ကြီး အဆင့်ရှိသူကို ပစ်ခတ်ကာ သုတ်သင်နိုင်ခဲ့ပြီဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၉ရက် နံနက်ပိုင်းက ထုတ်ပြန်သည်။ အဆိုပါထိုင်းစစ်သားကို ပစ်သတ်နိုင်လိုက်ပြီဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် အနူတင်ချန်ဗီရခူလ်က အတည်ပြုပေးခဲ့ပြီး ၎င်း၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၁ဦး သေဆုံးသွားကြောင်း သိရသည်။ ယခု ပစ်ခတ်မှုမှာ ထိုင်းခေတ်သစ်သမိုင်းတွင် အကြီးများဆုံး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်သည်။ ထိုင်းနိုင်ငံ၊ နခွန်ရတ်ချာဆီမာခရိုင်က ကိုရတ်မြို့ ဆူရာသမ်ပီတက်စစ်အခြေစိုက်စခန်းမှ ထိုင်းတပ်ကြပ် ဂျာကရာပန့် သွမ်မာ ဖေဖော်ဝါရီလ ၈ရက် ညနေပိုင်းက ၎င်း၏ အရာရှိဖြစ်သူကို ပစ်သတ်ကာ လက်နက်တိုက်မှ သေနတ်နှင့် ကျည်အမြောက်အများကို …

ထိုင်းသေနတ်သမားကိုချေမှုန်းရန် အသေခံတပ်ဖွဲ့များရောက်ရှိ၊ စင်တာမြေညီထပ်ကို ရှင်းလင်းထား

နခွန်ရတ်ချာဆီမာ၊ ဖေဖော်ဝါရီ ၉ ထိုင်းနိုင်ငံ၊ နခွန်ရတ်ချာဆီမာခရိုင်က ကိုရတ်မြို့လယ်ရှိစျေးဝယ်စင်တာတစ်ခုတွင် စျေးဝယ်သူများကိုသေနတ်ဖြင့်ပစ်ခတ်သည့် ထိုင်းစစ်သားသေနတ်သမားကိုချေမှုန်းရန် ထိုင်းရဲအသေခံတပ်ဖွဲ့များရောက်ရှိနေပြီး စင်တာမြေညီထပ်မှဓားစာခံများကို ကယ်ထုတ်ထားနိုင်နေပြီဖြစ်သည်။ စင်တာထဲပိတ်မိနေသူများကို ဘေးကင်းကင်းကယ်ထုတ်နိုင်ကြောင်းလည်း ထိုင်းသတင်းများတွင်ဖော်ပြနေသည်။ စနေနေ့ည ၈ နာရီခန့်တွင် ဓားစာခံ ၁၄ ဦးထိန်းသိမ်းထားပြီးနောက် ည ၁၀ နာရီကျော်တွင် ကယ်ထုတ်နိုင်ခြင်းဖြစ်ရာ ဓားစာခံများပါဝင်ခြင်းရှိ၊ မရှိလည်းမရှင်းလင်းသေးချေ။ သံသယတရားခံမှာ အသက် ၃၂ နှစ်ရှိ ထိုင်းတပ်ကြပ် ဂျာကရာပန့် သွမ်မာဖြစ်ပြီး လက်ရှိအချိန်အထိစာရင်းများအရ လူ ၂၀ ကိုအကြောင်းမဲ့ပစ်သတ်ခဲ့သည့်အပြင် အာဏာပိုင်များနှင့် ပြေးလွှားပစ်ခတ်နေသည်။ ထိုတိုက်ခိုက်သူက သူ၏လူမှုကွန်ရက်တွင် စတိုက်ခိုက်ကတည်းက စာများနှင့်ဗီဒီယိုများ ဆက်တိုက်တင်နေသည်။ မည်သည့်အကြောင်းကြောင့်တိုက်ခိုက်ကြောင်းမသိရသေးသော်လည်း စနေနေ့ညနေ ၇ နာရီခန့်က အကောင့်ဖျက်ခဲ့သည့် သူ၏Facebookစာမျက်နှာတွင် လက်စားချေသည်ဟု ရေးသားထားသည်။ ထိုစစ်သားမှာ ခရိုင်အတွင်းရှိဆူရာသမ်ပီတက်စစ်အခြေစိုက်စခန်းမှဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက …

ရွှေတြိဂံဇုန် ဟိုတယ်လုပ်ငန်းရှင်အသင်း အလုပ်အမှုဆောင်ပြန်လည်ရွေးပွဲအတွက် တာချီလိတ်တွင် အကြိုညှိနှိုင်း

တာချီလိတ်၊ ဖေဖော်ဝါရီ ၈ ကျိုင်းတုံမြို့တွင် ပြုလုပ်မည့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်) အတွက် အလုပ်အမှုဆောင်အဖွဲ့ ပြည်လည်ရွေးချယ်ပွဲအကြို ညှိနှိုင်းအစည်းအဝေးကို တာချီလိတ်မြို့၊ 1G18 ဟိုတယ်တွင် ဖေဖော်ဝါရီလ ၈ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။ ဖေဖော်ဝါရီ ၁၄ရက်တွင် ကျိုင်းတုံမြို့ Amazing Hotel ၌ အလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ရွေးချယ်မည် ဖြစ်ရာ အဆိုပါအလုပ်အမှုဆောင်အဖွဲ့သစ်အတွက် တာချီလိတ်မြို့ ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ ဝင်ရောက်ယှဉ်ပြိုင်မည့် သူများကို အကြိုညှိနှိုင်းပြီး စည်းကမ်းသတ်မှတ်ချက်များကို ကြိုတင်ရှင်းပြသည်။ ရွှေတြိဂံဇုန်အတွက် အလုပ်အမှုဆောင် ပြန်လည်ရွေးချယ်ရာတွင် ဥက္ကဌနေရာကို တာချီလိတ်မြို့ ဟိုတယ်လုပ်ငန်းရှင်များထဲမှ တစ်ဦးဦးကို တာဝန်ထမ်းဆောင်ရန် အများက အလိုရှိသည့်အတွက် အဆိုပါ ဥက္ကဌနေရာ ဝင်ရောက်ယှဉ်ပြိုင်မည့်သူကို ကြိုတင်ညှိနှိုင်းရွေးချယ်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)၏ လက်ရှိ ဒုတိယဥက္ကဌ …

Design a site like this with WordPress.com
Get started