ဗိုင်းရပ်စ်ထိန်းချုပ်နိုင်သည့် စွမ်းရည်နှင့် ယုံကြည်မှုရှိပြီး ရေရှည်စီးပွားရေး ထိခိုက်မည်မဟုတ်ကြောင်း ထရမ့်ကို ရှီပြော

ဘေကျင်း၊ ဖေ​ဖော်ဝါရီ ၈ ကိုရိုနာဗိုင်းရပ်စ်သစ် 2019-nCoVကို ထိန်းချုပ်နိုင်သည့်အရည်အချင်းနှင့် ယုံကြည်ချက်ရှိကြောင်း တရုတ်သမ္မတရှီကျင့်ပင်က အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကို သောကြာနေ့တွင်ပြောသည်။ ခေါင်းဆောင်နှစ်ဦး တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဗိုင်းရပ်စ်စတင်ပြန့်နှံ့ချိန် နောက်ပိုင်း ဗိုင်းရပ်စ်ကိုရင်ဆိုင်ရန် တရုတ်အစိုးရနှင့် ပြည်သူများ ပူးပေါင်းအားထုတ်ထားပြီး တဖြည်းဖြည်းချင်း တက်ရိပ်ပြနေကြောင်းလည်း ရှီကပြောသည်။ ရေရှည်စီးပွားရေး တိုးတက်မှုထိန်းသိမ်းရန် တရုတ်နိုင်ငံ၏လမ်းကြောင်းလည်း ပြောင်းလဲမည်မဟုတ်ကြောင်း ရှီကပြောသည်။ ရှီ၏ဦးဆောင်မှုဖြင့် ရောဂါထိန်းချုပ်ရေးအောင်မြင်မည်ဟု မျှော်လင့်သည့်အပြင် အမေရိကန်မှ ကျွမ်းကျင်သူများ စေလွှတ်ရန်ရှိနေကြောင်း ထရမ့်က ရှီ့ကိုတုံ့ပြန်သည်။ စနေနေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင် သေဆုံးသူ ၇၂၄ ယောက်ရှိပြီး ကူးစက်ခံရသူ ၃၄၀၀၀ ကျော်နေပြီဖြစ်သည်။ Source- Xinhua ဥက္ကာ #MeKongNews Photo- People’s Daily China

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ပရာတူနမ်လမ်းဘေးစျေးသည်များ အကြီးအကျယ်ထိခိုက်နေ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၇ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ခရီးသွားလုပ်ငန်းအကျရိပ်ပြနေကြောင်း ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်ရှိ လူအများစည်ကားသော ပရာတူနမ်စျေးမှ ဆိုင်ပိုင်ရှင်များနှင့် လမ်းဘေးစျေးသည်များပြောသည်။ ခရီးသွားများနှင့် ထိုင်းလူမျိုးများကြား စျေးဆစ်ရခြင်း၊ အထည်အလိပ်များနှင့် လက်ဆောင်များကြောင့် လူသိများသောစျေးမှာ ကြာသပတေးနေ့နေ့လည်ပိုင်းတွင် ခြောက်ကပ်နေသည်။ ထိုင်းအစိုးရဝင်ရောက်ကူညီရန် အချို့ကုန်သည်များက တိုက်တွန်းနေသည်။ “ဗိုင်းရပ်စ်မတိုင်ခင်ထဲက ဆိုးနေတာ။ အခုကျပိုဆိုးသွားတယ်။ တရုတ်တွေ၊ ဗီယက်နမ်တွေ၊ စင်ကာပူတွေလည်း ကြောက်ကုန်ပြီ။ ထိုင်းတွေလည်း ထွက်မလာတော့ဘူး”ဟု အသက် ၄၃ နှစ်အရွယ်ပျံကျစျေးသည် ဆာဆီဝမ် ဆက်ချူအန်ရူထိုင်းက ပြောသည်။ ဗုဒ္ဓရုပ်ပွားတော်များမှ တီရှပ်များနှင့် မွေ့ထိုင်းလက်ဝှေ့ ဘောင်းဘီတိုများအထိ ရောင်းချသောအသက် ၅၂ နှစ်အရွယ် လက်ဆောင်ပစ္စည်းတိုင်ပိုင်ရှင် အေး ကလည်း “ဘာမှကောင်းကောင်းမရောင်းရပါဘူးဗျာ”ဟု ပြောသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းစီးပွားရေးတွင် အဓိကလုပ်ငန်းကဏ္ဍဖြစ်သည့် ခရီးသွားလုပ်ငန်းကို ပြင်းပြင်းထန်ထန် ထိုးနှက်လိမ့်မည်ဟု ခန့်မှန်းနေကြပြီး …

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ပူးပေါင်းလက်တွဲဖို့ ရှမ်းပြည်နယ်နေ့ သဝဏ်လွှာတွင် သမ္မတထည့်သွင်း တိုက်တွန်း

တာချီလိတ်၊ ဖေဖော်ဝါရီ ၇ တောင်တန်းပြည်မ မခွဲခြားဘဲ တိုင်းရင်းသားပြည်သူအားလုံး သာတူညီမျှအခွင့်အရေး ရရှိနိုင်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားရန် သမ္မတ ဦးဝင်းမြင့်က (၇၃)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြသည်။ ဖေဖော်ဝါရီလ ၇ရက်တွင် ကျရောက်သည့် (၇၃)ကြိမ်မြောက်ရှမ်းပြည်နယ်နေ့ အခမ်းအနားကို တာချီလိတ်မြို့တွင် နံနက် ၇နာရီက ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့်သဝဏ်လွှာအား ဒု-ခရိုင်အုပ်ချုပ်ရေးမှူးဦးမောင်မောင်နိုင်မှဖတ်ကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ထံမှပေးပို့သည့် သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ဖတ်ကြားခဲ့သည်။ နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် တိုင်းရင်းသား ညီအကိုမောင်နှမများကြား အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှုတို့ကို အခြေခံကာ သံသယများကို ဖယ်ရှားပြီး ပြည်ထောင်စု စိတ်ဓာတ်ကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ …

စင်ကာပူညီလာခံကြောင့် နိုင်ငံခြားသို့ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုရှိ၊ မရှိ W.H.O စစ်ဆေးနေ

စင်ကာပူ၊ ဖေ​ဖော်ဝါရီ ၆ နိုင်ငံ ၁၀၀ ကျော်မှဝန်ထမ်းများပါဝင်ခဲ့သည့် နိုင်ငံစုံပါဝင်သည့်ကုမ္ပဏီကြီးတစ်ခု၏ စင်ကာပူမှဝန်ထမ်း ၃ ယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့W.H.Oက ထိုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေသည်။ ဇန်နဝါရီလလယ်က Grand Hyattဟိုတယ်တွင် ပြုလုပ်ခဲ့သည့်ကုမ္ပဏီညီလာခံနှင့် ဆက်စပ်နေသောဗိုင်းရပ်စ်ကူးစက်မှု ၃ မှု မလေးရှားနှင့်တောင်ကိုရီးယားတို့တွင်တွေ့ရှိခဲ့ပြီး နောက်ထပ်တက်ရောက်သူ ၄ ယောက်တွင်လည်း လက္ခဏာများပြနေသည်ဟု စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးညတွင်ထုတ်ပြန်သည်။ တရုတ်နိုင်ငံမှတက်ရောက်သူများထဲတွင် ဝူဟန်မြို့မှလူတစ်ယောက်လည်းပါဝင်ကြောင်း မလေးရှားအာဏာပိုင်များကပြောသည်။ အဆိုပါညီလာခံနှင့်ဆက်စပ်ပြီး သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း W.H.Oပြောခွင့်ရသူ Olivia Lawe-Davies ကပြောသည်။ နိုင်ငံတော်တော်များမျာ းတိုးမြှင့်စောင့်ကြည့်ထောက်လှမ်းနေသဖြင့် နိုင်ငံအတွင်း ကူးစက်မှုများပိုတွေ့လာနိုင်ကြောင်းလည်း ပြောသည်။ စင်ကာပူတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၂၈ မှုရှိနေပြီး လူလူချင်းကူးစက်သည့်ဖြစ်ရပ်တချို့လည်း ရှိနေသည်။ စင်ကာပူ စီးပွား​​ရေးအစည်းအဝေးနှင့် ဆက်စပ်နေသည့် ဖြစ်ရပ်များက တရုတ်နိုင်ငံပြင်ပတွင် လူလူချင်းထိတွေ့ဆက်ဆံမှုဖြင့်ပြန့်နှံ့နေကြောင်းဖော်ပြနေသည်။ …

ဝူဟန်ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် နိုင်ငံခြားသားခရီးသွားများထံကို ကျန်းမာရေးစစ်တမ်း တံတား (၁)တွင် စတင်ကောက်ခံ

တာချီလိတ်၊ ဖေဖော်ဝါရီ ၆ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တာချီလိတ်မြို့၊ မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား (၁)ပေါ်မှ ဖြတ်သန်းသွားလာသည့် နိုင်ငံခြားသား ခရီးသွားများကို ကျန်းမာရေးစစ်တမ်းကို ဖေဖော်ဝါရီလ (၅)ရက်မှ စတင်ကာ ကောက်ခံနေပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ သိရသည်။ ကျန်းမာရေစစ်တမ်း – Health Declaration Form တွင် လူပုဂ္ဂိုလ် အချက်အလက်အချို့နှင့် ခရီးသွားလာမှုမှတ်တမ်းများကို ဖြည့်စွက်ရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ အသိပေးချက်များကိုလည်း မြန်မာ၊ အင်္ဂလိပ်၊ တရုတ်ဘာသာ (၃)မျိုးဖြင့် ရေးသားဖြန့်ဝေပေးနေကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က ပြောသည်။ “ဖြည့်ခိုင်းတယ်ဆိုရင် သူတို့ ဒီကို ဘယ်လေယာဉ်နဲ့ လာခဲ့လဲ။ ဘယ်ကားနဲ့ လာခဲ့လဲ။ ဘယ်နိုင်ငံက လာလဲ။ မြန်မာနိုင်ငံတွင်းမှာနေမယ့် …

တာချီလိတ်မှ လောင်းကစားရုံများကိစ္စ သမ္မတ သတိပေးပြီး နာရီပိုင်းအတွင်း လောင်းကစားရုံများကို ဝင်ရောက်ဖမ်းဆီး

တာချီလိတ်၊ ဖေဖော်ဝါရီ ၆ တာချီလိတ်မြို့တွင် လောင်းကစားဂိမ်းခုံများနှင့် ကာစီနိုရုံများ ဖွင့်လှစ်နေမှုအပေါ် မျက်ကွယ်ပြုထားသည့် ကိစ္စနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၆ရက် နံနက်ပိုင်းက တောင်ကြီးမြို့တွင် ပြုလုပ်သည့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အုပ်ချုပ်ရေးတာဝန်ရှိသူများကို သတိပေးပြောကြားလိုက်သည်။ ဟိုတယ်တွင် ကာစီနိုရုံထည့်သွင်းဖွင့်လှစ်ထားသည့် အချက်အလက်များ အတိအကျရထားပြီး ဟိုတယ်စာရင်းကိုလည်း ရရှိထားကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောသည်။ “တာချီလိတ်၊ Gambling(လောင်းကစား) အရမ်းများတယ်။ ကျွန်တော်သိတယ်။ ရွှီးပြီး ပြောနေတာမဟုတ်ဘူး။ ဟိုတယ်တွေမှာ။ ဟိုတယ်နာမည်စာရင်းနဲ့ တကွကျွန်တော်သိတယ်။ အဲဒီဟိုတယ် ဆယ့်လေးငါးခြောက်လုံး ကျွန်တော်နာမည်နဲ့တကွ သိတယ်” ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ယင်းသို့ ပြောဆိုပြီး နာရီပိုင်းအတွင်း တာချီလိတ်မြို့ရှိ လောင်းကစားဂိမ်းခုံများကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဝိန်းကျောက်ရပ်ကွက် အတွင်းရှိ …

မြန်မာ-ထိုင်း နယ်စပ်အနီး စိတ်ကြွဆေးပြား သန်းနှင့်ချီ ထပ်မိ

ချင်းမိုင်၊ ဖေဖော်ဝါရီ ၅ ထိုင်းစစ်တပ်နှင့် မူးယစ်မှောင်ခိုအဖွဲ့တို့ တနင်္လာနေ့က ထိပ်တိုက်တွေ့ခဲ့သည့် နေရာနှင့် ကီလိုမီတာ အနည်းငယ်အကွာတွင် စိတ်ကြွဆေးပြား (၂)သန်းကို ထပ်မံဖမ်းဆီးရမိကြောင်း ထိုင်းတပ်မတော် ပြန်ကြားရေးစင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။ တနင်္လာနေ့က စစ်တပ်နှင့် မူးယစ်မှောင်ခိုအဖွဲ့တို့ ထိပ်တိုက်တွေ့ပြီး စိတ်ကြွဆေးပြား ၂ ဒဿမ ၉သန်းနှင့် ဘိန်းဖြူ ၂၇ ကီလိုကျော် ဖမ်းမိသည့် နေရာနှင့် အနည်းငယ်အကွာရှိ ချင်းဒါခရိုင်အတွင်းမှ တောအုပ်ထဲတွင် စိတ်ကြွဆေးပြား ၂သန်းကို ထပ်မံဖမ်းဆီးရမိခြင်း ဖြစ်သည်။ မောင်နဒေသ၊ ပါဘွန်ငါန်းကျေးရွာအတွင်းရှိ တောင်များအနီးမှ တောအုပ်အတွင်း ဖမောင်းအခြေစိုက်တပ်မှ စစ်သားများနှင့် အခြားအဖွဲ့များမှာ အရာရှိများက အင်္ဂါနေ့က ပူးပေါင်းရှာဖွေကြခြင်း ဖြစ်သည်။ ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ အဆိုပါနေရာနှင့် မီတာ ၃၀၀ခန့်အကွာတွင် တစ်အိတ်လျှင် စိတ်ကြွဆေးပြား …

တရားမဝင် ဘိန်းစိုက်ပျိုးမှု သတ်မှတ်ချက်တွင် မြန်မာရလဒ်ကောင်းလာဟု ပြည်ထဲရေးဒုဝန်ကြီးပြော

နေပြည်တော်၊ ဖေဖော်ဝါရီ ၄ဝေမိုး(နေပြည်တော်) မြန်မာနိုင်ငံ၏ တရားမဝင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၁၄ခုနှစ်မှစတင်၍ ကျဆင်းလာရာ ၂၀၁၉ခုနှစ်တွင် ကမ္ဘာပေါ်၌ ဒုတိယအဆင့်မှ တတိယအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။ ဖေဖော်ဝါရီ(၄)ရက် နေပြည်တော် Horizon Lake View Resort Hotel ၌ ပြုလုပ်ခဲ့သည့် မြန်မာနိူင်ငံ၏ ဘိန်းစိုက်ပျိုးမှုစစ်တမ်းနှင့် ဘိန်းစိုက်ပျိုးရာဒေသရှိ ပြည်သူများ၏ လူမှုစီးပွားစစ်တမ်း ကောက်ယူခြင်း အစီရင်ခံစာ မိတ်ဆက်ပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “၂၀၁၇ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှုဟက်တာ (၄၁၀ဝ၀)ရှိခဲ့ရာက ၂၀၁၈ခုနှစ်မှာ ဟက်တာ(၃၇၃၀ဝ)သို့ လည်းကောင်း၊ ၂၀၁၉ခုနှစ်မှာ ဟက်တာ(၃၃၁၀ဝ)အထိ နှစ်အလိုက် ကျဆင်းခဲ့ပါတယ်။ ဘိန်းစိုက်ပျိုးမှု လျော့ကျသလို ဘိန်းထုတ်လုပ်မှုကလည်း လျော့ကျခဲ့ပြီး ၂၀၁၇ခုနှစ်မှ မက်ထရစ်တန်(၅၅၀)နဲ့ ၂၀၁၈ခုနှစ်မှာ မက်ထရစ်တန် (၅၂၀)နဲ့၂၀၁၉မှာ …

မြန်မာ့တပ်မတော်၏ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု သက်သေများကို နိုင်ငံတကာအဖွဲ့များထံ ပေးပို့သွားမည်ဟု AA တုံ့ပြန်

တာချီလိတ်၊ ဖေဖော်ဝါရီ ၄ မူစလင်အမျိုးသမီးကြီးတစ်ဦးကို AA တပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်သည်ဟု တပ်မတော်၏ စွပ်စွဲချက်ကို AA က ငြင်းဆိုလိုက်ပြီး မြန်မာ့တပ်မတော်၏ ‘နယ်မြေရှင်လင်းရေး’ ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်း မူစလင်ဘာသာဝင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် သက်သေအထောက်အထားများကို အမှန်တရားဖော်ထုတ်ရန် ကြိုးပမ်းနေသည့် နိုင်ငံတကာအဖွဲ့များထံ အမြန်ဆုံး ပေးပို့သွားမည်ဟု ဖေဖော်ဝါရီလ ၄ရက်က တုံ့ပြန်လိုက်သည်။ ဖေဖော်ဝါရီလ ၃ရက်က မြန်မာ့တပ်မတော်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကင်တောင်ကျေးရွာအား AA က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး သိန်းတန်ကျေးရွာမှ သက်ကြီးပိုင်း မူစလင်အမျိုးသမီးကြီး တစ်ဦးကို AA တပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်သည်ဟု စွပ်စွဲပြောဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စွပ်စွဲပြောဆိုချက်မှာ AA အပေါ် မဟုတ်မမှန် စွပ်စွဲချင်ဖြစ်ပြီး အပြစ်ပုံချရန် …

ဖိလစ်ပိုင်တွင် အရက်မူးပြီးလမ်းဘေးလဲကျနေသည့် ကိုရီးယားနိုင်ငံသားကြောင့် အထိတ်တလန့်ဖြစ်

မနီလာ၊ ဖေဖော်ဝါရီ ၄ ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာတွင် ဖေဖော်ဝါရီ ၁ ရက်က တရုတ်လူမျိုးတစ်ယောက် လမ်းဘေးတွင်လဲကျနေပြီး ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ကောလဟာလများထွက်ပေါ်ခဲ့သော်လည်း လဲကျနေသူမှာ တောင်ကိုရီးယားနိုင်ငံသားဖြစ်ပြီး အရက်မူးလဲနေခြင်းသာဖြစ်ကြောင်း မနီလာမြို့တော် ပြည်သူ့သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ လမ်းထောင့်တွင်လဲကျနေသော ထိုလူကိုရိုက်ကူးသည့် ဗီဒီယို အင်တာနက်တွင်ပြန့်နှံ့ပြီး မနီလာမြို့ခံများ စိုးရိမ်နေကြချိန်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။ ဆေးပညာဆိုင်ရာ ဝန်ထမ်းတစ်ဦးဖြစ်သည့် ဗီဒီယိုရိုက်ကူးသူကနီးစပ်ရာဆေးရုံနှင့် ကြက်ခြေနီအဖွဲ့ကို အကြောင်းကြားသော်လည်း ထိုအဖွဲ့များက နိုင်ငံခြားတစ်ယောက်ကို မကူညီနိုင်ကြောင်း အမျိုးမျိုး အကြောင်းပြကြသည်ဟုလည်း ရိုက်ကူးသူကပြောသည်။ ရဲကိုအကြောင်းကြားသော်လည်း အကူအညီပေးရန် မည်သူ့ကိုမျှမလွှတ်ပေးခဲ့ကြောင်းလည်း ပြောသည်။ အချိန်ခဏအတွင်း ထိုနိုင်ငံခြားသား လဲနေရာမှထထွက်သွားသော်လည်း သူ့ပစ္စည်းများကျန်ခဲ့ကြောင်းလည်း ရှင်းပြသည်။ ထိုကိုရီးယားလူမျိုး နောက်ပိုင်းတွင် ရဲစခန်းရောက်လာပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူဟု အမည်တပ်ထားသောသူ့ပုံနှင့် ဗီဒီယိုများပြန့်နေ့ခြင်းအတွက် အံ့သြမိကြောင်း ပြောခဲ့သည်ဟု မနီလာရဲတပ်ဖွဲ့ကပြောသည်။ သတင်းမှားတင်ခဲ့သူက …

Design a site like this with WordPress.com
Get started