Photo-Bangkok Post

နိုဝင်ဘာ ၁၁ ၊ ဘန်ကောက်

ထိုင်းအမျိုးသားစီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကောင်စီ (NESDC) ကတင်သွင်းထားသည့် အခြေခံအဆောက်အဦဖွံ့ဖြိုးမှုစည်းမျဉ်းများကို ထိုင်းအစိုးရအဖွဲ့က လက်ခံကျင့်သုံးရန်ရှိ၊ မရှိ အင်္ဂါနေ့တွင် မေးမြန်းရန်ရှိသည်။

ကြာရှည်စောင့်နေရပြီး မြန်မာနိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ထိုင်းအရှေ့ဘက်စီးပွားရေးကော်ရစ်ဒါ(EEC)တို့ချိတ်ဆက်ပေးမည့် လမ်းကြောင်းကို ထိုင်းအစိုးရက စတင်အကောင်အထည်ဖော်ဖို့စီစဉ်နေချိန်တွင် မေးမြန်းရန်စီစဉ်နေခြင်းဖြစ်သည်။

မြန်မာ၊ ထိုင်းနိုင်ငံအလယ်ပိုင်းလွင်ပြင်ဒေသနှင့် အရှေ့ဘက်ကမ်းရိုးတန်းဒေသများကိုချိတ်ဆက်မည့်စီမံကိန်းများနှင့် ရသုံးငွေများခွင့်ပြုရာတွင် ဆက်စပ်ဝန်ကြီးများအနေနှင့် လမ်းညွှန်ချက်များအတိုင်းလိုက်နာရန် NESDCကဖြစ်စေချင်နေသည်ဟု သတင်းရင်းမြစ်တစ်ယောက်ကပြောသည်။

သတင်းရင်းမြစ်၏အပြောအရ NESDCရဲ့လမ်းညွှန်ချက်များက အခြေခံအဆောက်အဦဆိုင်ရာစီမံကိန်းများအတွက် အရည်အသွေးပြည့်မီစေပြီး နေရာ ၃ ခုကို နယ်စပ်ကုန်သွယ်ရေး၊ စိုက်ပျိုးရေးထုတ်လုပ်မှု၊ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့စက်မှုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသော ခရီးသွားလုပ်ငန်းများအတွက် အချက်အချာနေရာတစ်ခုဖြစ်လာရန် ရည်ရွယ်ထားသည်ဟုသိရသည်။

“ရထားလမ်းနဲ့ကားလမ်းတည်ဆောက်ရာမှာတော့ NESDCရဲ့ညွှန်ကြားချက်တွေက အဓိကကျနေတယ်။ လမ်းပြီးတာနဲ့ ထားဝယ်ကနေ EECကို ကုန်တွေ၊ လူတွေပို့ဆောင်ပေးရင် အဓိကအခန်းကဏ္ဍကနေပါဝင်နေမှာမို့လို့ပါ။” ဟုလည်းပြောသည်။

ကန်ချာနာဘူရီခရိုင်မှ နယ်စပ်မြို့ဖြစ်သော ဘန်နမ်ဖုန်ရွန်မြို့တွင်ရှိပြီး မြန်မာနိုင်ငံကိုဝင်နိုင်မည့်တံခါးပေါက်အဖြစ်ဆောင်ရွက်ပေးမည့် အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေးအရှိန်မြှင့်တင်ရန်လည်း ထိုင်းအစိုးရကိုတောင်းဆိုသွားရန်ရှိကြောင်း NESDCကစီစဉ်ထားသည်ဟုလည်းပြောသည်။

ယနေ့ညနေပိုင်းတွင်စတင်ကျင်းပရန်ရှိပြီး ဝန်ကြီးချုပ်ပရာရွတ် ချန်အိုချာဦးဆောင်ကျင်းပသော ထိုင်းအစိုးရအစည်းအဝေးတွင် လမ်းညွှန်ချက်များလက်ခံကျင့်သုံးသွားရန် NESDCက စီစဉ်ထားကြောင်းလည်း ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေးကုမ္ပဏီအဖြစ် ထိုင်းနှင့်မြန်မာအစိုးရပူးပေါင်းတည်ထောင်ပြီး ဆိပ်ကမ်း၊ လမ်းနှင့်ရထားလမ်း၊ ဓာတ်အားပေးစက်ရုံ၊ ရေပေးဝေမှုစက်ရုံ၊ စက်မှုလုပ်ငန်းသုံးမြေ၊ ဆက်သွယ်ရေးတာဝါတိုင်များနှင့် မြို့နယ်တစ်မြို့နယ်ပါဝင်မည့် ထားဝယ်ကအဆောက်အအုံများကို အထူးရည်ရွယ်ချက်နဲ့မောင်းနှင်မည့်ယန္တရားများသုံးပြီး စီမံခန့်ခွဲရန်စီစဉ်ထားသော်လည်း ထားဝယ်တွင် ပင်လယ်ရေနက်ဆိပ်ကမ်းနဲ့အထူးစီးပွားရေးဇုန်တည်ဆောက်မှုနှင့်ဖွံ့ဖြိုးမှုများမှာ အကန့်အသတ်နှင့်တိုးတက်မှုရှိနေသည်။

Source-Bangkok Post

Photo-Bangkok Post

Leave a comment

Design a site like this with WordPress.com
Get started