Photo-WashintonExaminer

ဘန်ကောက်၊ နိုဝင်ဘာ ၂၅

ထိုင်းအသက်ကြီးပိုင်း မျိုးဆက်များသည် သတင်းနှင့်အချက်အလက်များ ရရှိနိုင်ရန်အတွက် သမာရိုးကျ မီဒီယာ ပလက်ဖောင်းများကိုသာ ဖက်တွယ်နေဆဲဖြစ်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

ထိုသို့ သမာရိုးကျ မီဒီယာပလက်ဖောင်းများကို ဖက်တွယ်ထားမှုကြောင့် နိုင်ငံ၏ ဒီဂျစ်တယ်ပြောင်းလဲရေး အရွေ့ကိုနှေးကွေးစေကြောင်း စစ်တမ်းကဆိုသည်။

လူထု၏ မီဒီယာရယူမှုကို လေ့လာသည့် ယင်းလေ့လာမှုစစ်တမ်းကို ထိုင်းနိုင်ငံ National Broadcasting and Telecommunications Comission နှင့် သမ္မားဆပ်တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းစစ်တမ်းကို နိုင်ငံအနှံ့က ခရိုင် ၂၆ခရိုင်ရှိ အိမ်ထောင်စုပေါင်း တစ်သောင်းကို မေးမြန်းမှုအပေါ် အခြေခံခဲ့ကြောင်း သမ္မားဆပ်တက္ကသိုလ်၏ စီးပွားရေးပညာရှင် ဆူဖတ်ဆူဖာချာလာစိုင်က ဆိုသည်။

မျိုးဆက်အရသာမဟုတ်ဘဲ ပညာရေးအနိမ့်အမြင့်အရလည်း ဒီဂျစ်တယ်အသုံးပြုမှု ကွဲပြားနေသည်ကို အဓိက တွေ့ရှိခဲ့တယ်ကြောင်း မစ္စတာဆူဖတ်ကပြောသည်။

ယင်းစစ်တမ်းလေ့လာမှုမှာ ရုပ်မြင်သံကြား၊ ရေဒီယို၊ အွန်လိုင်း၊ ပုံနှိပ်၊ ရုပ်ရှင်နှင့် အိမ်ပြင်ပမီဒီယာတွေ အားလုံး ပါဝင်ခဲ့ကြောင်း သိရသည်။

မျိုးဆက်ကွာခြားမှုတင်မကဘဲ အဆိုပါမျိုးဆက်များ၏ ဝင်ငွေနှင့် ပညာရေးနောက်ခံအခြေအနေကပါ မီဒီယာ ရယူမှုပုံစံအပေါ်လွှမ်းမိုးမှု ရှိကြောင်း မစ္စတာဆူဖတ်က ပြောသည်။

နောက်ထပ် တွေ့ရှိမှုတစ်ခုမှာ ပုံနှိပ်မီဒီယာကျဆုံးခြင်းမှာ ဒီဂျစ်တယ်မီဒီယာ၏ ရိုက်ခတ်မှုဖြစ်သည်ကို ရှင်းလင်းစွာ သိခဲ့ရခြင်းပင် ဖြစ်ကြောင်း စစ်တမ်းကဆိုသည်။

“ပုံနှိပ်မီဒီယာအပေါ် ဒီဂျစ်တယ်ရဲ့ ရိုက်ခတ်မှုကို ရှင်းရှင်းလင်းလင်းတွေ့ခဲ့ရပါတယ်” ဟု မစ္စတာဆူဖတ်က ပြောသည်။

ယခုလေ့လာမှုစစ်တမ်းက လူထု၏မီဒီယာရယူမှုရေစီးနှင့် ပတ်သက်ပြီး ပိုမိုတိကျသည့် အချက်အလက်များကို မီဒီယာစီးပွားရေးလုပ်ငန်းများထံ ပေးနိုင်ရန်ရည်ရွယ်ကြောင်း သူက ထပ်လောင်းပြောဆိုသည်။

Ref: Bangkok Post
NNN

MeKongNews

Leave a comment

Create your own website, free on WordPress.com.Create your own website.
Start free