လာရောက်တည်းခိုသူ၏ဆိုင်ကယ်ထဲမှ စိတ်ကြွဆေးပြား ၁၅၀ဝ၀ ကျော်ဖမ်းမိ

စိတ်ကြွဆေးပြားတွေ့ရှိသည့် ဆိုင်ကယ်

တာချီလိတ်၊ နိုဝင်ဘာ ၂၆

တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့က တည်းခိုခန်းတစ်ခုကို လာရောက်တည်းခိုသူ (၂)ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရာကနေ စိတ်ကြွဆေးပြား ၁၅၆၀ဝ ပြားကို နိုဝင်ဘာလ ၂၆ရက်၊ နံနက်အစော (၁)နာရီခန့်က ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရသိရသည်။

ကျိုင်းလပ်မြို့၊ ဝမ်လုံ(၁)ရပ်ကွက်ရှိ ‘စိန်တည်းခိုခန်း’ သို့ နိုဝင်ဘာလ ၂၆ရက်၊ နံနက်အစော (၁)နာရီခန့်က ကျဘားနှင့်ကျအိ ဆိုသူ အမျိုးသား(၂)ဦး လာရောက် တည်းခိုရာ မှတ်ပုံတင်မပါသည့်အတွက် မသင်္ကာ၍ တည်းခိုခန်းပိုင်ရှင်မှ ရဲတပ်ဖွဲ့ထံ ဖုန်းဆက်တိုင်ကြားခဲ့ရာ အဆိုပါတည်းခိုသူ (၂)ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း ကျိုင်းလပ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် ၎င်းတို့မောင်းနှင်လာသည့် ဆိုင်ကယ်ဖင်ထိုင်ခုံအောက်ကို ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရာ WY စာတမ်းပါ စိတ်ကြွဆေးပြား (၁၅၆၀ဝ)ပြား (ကာလတန်ဖိုး ကျပ် ၁၅၆သိန်း)ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့် ပတ်သက်၍ ထွက်ပြေးသွားသူ ကျဘားနှင့် ကျအိတို့ကို ဖမ်းဆီးရမိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MK-001

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started