တာချီလိတ်၊ ဒီဇင်ဘာ ၆

သြဂုတ်လအတွင်းက ခိုလမ်မြို့တွင်ဖမ်းမိသည့် အိုက်စ် ကီလို(၆၀)ခန့်ကို သယ်ဆောင်ရန် နောက်ကွယ်မှ စေခိုင်းသူကို တာချီလိတ်တွင် ဒီဇင်ဘာလ ၅ရက် ညပိုင်းက ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ခိုလမ်မြို့တွင် သြဂုတ်လ ၂၃ရက် နံနက်ပိုင်းက နမ့်စန်မှ ခိုလမ်ဘက်သိုလာသည့် Mark II ကားတစ်စီးအား စစ်ဆေးရာ စိုင်းဟောင်လူဆိုသူကို အိုက်စ် ကီလို (၆၀)ခန့်(ကာလတန်ဖိုး ကျပ်သိန်း ၁၅၀၀၀ခန့်)နှင့် အတူဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ စိုင်းဟောင်လူကို စစ်ဆေးရာ မူးယစ်ဆေးဝါးများကို ပို့ဆောင်ခိုင်းသူမှာ ကာလိမြို့နေ စိုင်းစိန်ညွန့်(ခ) စိုင်းမတ်ဆိုသူဖြစ်ကြောင်း သိရ၍ ၎င်းတို့ နှစ်ဦးစလုံးအား အမှုဖွင့်အရေးယူပြီး တရားခံပြေး စိုင်းစိန်ညွန့်(ခ)စိုင်းမတ်ကို ဖမ်းဆီးနိုင်ရန် အားထုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏မှတ်တမ်းအရ သိရသည်။

အဆိုပါ တရားခံပြေး စိုင်းစိန်ညွန့်(ခ) စိုင်းမတ်ကို ဒီဇင်ဘာလ ၅ရက် ညနေ ၆နာရီခွဲခန့်က တာချီလိတ်မြို့နယ်၊ ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က စစ်ဆေးတွေ့ရှိကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MK – 001

MeKongNews

Leave a comment

Create your own website, free on WordPress.com.Create your own website.
Start free