
တာချီလိတ်၊ ဒီဇင်ဘာ ၈
ကျွန်းပန်းပုရုပ်တစ်ရုပ် အပါအဝင် ပန်းပုရုပ် (၇)ရုပ်ကို တိုယိုတာကားတစ်စီးပေါ်မှ ဒီဇင်ဘာလ ၇ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိကြောင်း သိရသည်။

ပိတောက်ဆွမ်းအုပ် တစ်အုပ်၊ ပိတောက်ယောင်ခြမ်း တစ်ခြမ်း၊ ကျွန်းပန်းပုတစ်လုံး၊ တည်သစ်တိုင်ပန်းပု (၂)လုံးနှင့် သစ်မြစ်ဆုံပန်းပု (၂)ခုတို့ကို ကျိုင်းတုံမြို့နေ ဦးစိုင်းတစ်ဆိုသူ မောင်းနှင်လာသည့် ယာဉ်ပေါ်မှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
တရားမဝင်သစ်မြစ်နှင့် ပန်းပုရုပ်များ သယ်ဆောင်လာသည့် ကျိုင်းတုံမြို့နေ ဦးစိုင်းတစ်နှင့် ယာဉ်နောက်လိုက် ဦးသိန်းမျိုးအောင်တို့ကို သစ်တောဥပဒေပုဒ်မ ၄၂(က)အရ အမှုဖွင့် အရေးယူပေးပါရန် တိုင်ကြားထားကြောင်း သိရသည်။
MK – 001

