
ဘန်ကောက်၊ ဒီဇင်ဘာ ၁၃
ကမ္ဘာ့အသိအမှတ်အပြုခံရဆုံးအွန်လိုင်းအပြာကားဝက်ဆိုက်ဖြစ်သည့်Pornhub.com၏ နှစ်ကုန်စာရင်းများအရ ထိုင်းနိုင်ငံသည် ၂၀၁၉ ခုနှစ်၏ အပြာကားအများဆုံးကြည့်သည့်နိုင်ငံအဖြစ်ရပ်တည်နေပြီး ဒုတိယနေရာတွင် ဖိလစ်ပိုင်နိုင်ငံရှိနေသည်။
ထိုင်းနိုင်ငံတွင် Pornhubတရားဝင်မရရှိသော်လည်း ၂၀၁၉ ခုနှစ်တွင် ၂၀၁၈ ခုနှစ်ထက် အဆင့် ၆ နေရာတက်လာပြီး သက်တမ်းတစ်လျှောက်ဗီဒီယိုအကြည့်အများဆုံးအဆင့် ၁၇ နေရာတွင်ရှိနေသည်။
ရုရှားနိုင်ငံက အဆင့် ၁၇ တွင်ရှိနေသည်။
ထို့အပြင် ထိုင်းနိုင်ငံသားများသည် အပြာကားအကြာဆုံးကြည့်သည့်နိုင်ငံလည်းဖြစ်ပြီး တစ်ဦးလျှင် ပျမ်းမျှ ၁၁ မိနစ်၊ ၂၁ စက္ကန့်ကြာကြည့်ရှုခဲ့သဖြင့် ဖိလစ်ပိုင်နိုင်ငံထက်ပိုများနေသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လုပ်ခဲ့သည်များကို နှစ်ကုန်စာရင်းထုတ်ပြန်ရာတွင် Pornhubက ဖော်ပြထားဖြင်းဖြစ်သည်။
ထိုင်းနိုင်ငံသားများ၏အရှာအများဆုံးခေါင်းစဉ်များမှာ ထိုင်း ဖြစ်ပြီး ဒုတိယတွင် ဂျပန်နှင့် တတိယတွင် ကိုရီးယားရှိနေသည်။
အရှာအများဆုံးအပြာသရုပ်ဆောင်မှာ ယခုနှစ်Pornhubဆုပေးပွဲတွင် ၂၀၁၉ ခုနစ်အတွက် တစ်နှစ်တာအကောင်းဆုံး အပြာမင်းသား ဆုရခဲ့သော စပိန်အမျိုးသားသရုပ်ဆောင် Jordi El Nino Pollaဖြစ်သည်။
ဧပရယ်ဖူးနေ့တွင် Jordi၏ပုံကို ကမ္ဘာ့အငယ်ဆုံးသင်္ချာအိုလံပစ်ဆုရှင်ဟုလည်း ထိုင်းနိုင်ငံသားများက Memeများပြုလုပ်ခဲ့ကြသည်။
Source-Coconuts
MeKongNews #ဥက္ကာ
Photo-Coconuts