အယုဒ္ဓယကျောင်းတွင် ဆန်တာကလော့စ်ပုံစံ ဝတ်ထားသောဆင်များက လက်ဆောင်ဝေငှ

ဒီဇင်ဘာ ၂၃၊ အယုဒ္ဓယ

ဗုဒ္ဓဘာသာအများစုရှိသော ထိုင်းနိုင်ငံတွင် နှစ်စဉ်ခရစ္စမတ်ရိုးရာကာလတွင် ဆန်တာကလော့စ်ပုံစံ ဝတ်ဆင်ထားသောဆင်များက လက်ဆောင်များနှင့်သကြားလုံးများ အယုဒ္ဓယရှိကျောင်းသားများကို ဝေငှခဲ့သည်။

အယုဒ္ဓယမြို့ရှိ ဂျီရာဆာ့တ်ဝတ်သရာကျောင်းတွင် ခရစ္စမတ်ပွဲတော်ကျင်းပခဲ့သည်မှာ ၁၅ နှစ်ရှိနေပြီး ယခုနှစ်တွင် ဆင် ၄ ကောင်နှင့် ဆန်တာကလော့စ်ဦးထုပ်များဆောင်းထားသောဆင်ထိန်းများက ကျောင်းသို့လာရောက်ပြီး ကျောင်းသားများကို လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု အယုဒ္ဓယဆင်နန်းတော်ဆင်စခန်းပိုင်ရှင်ကပြောသည်။

ဆင်များကခဲ့သည့်အပြင် လေ့ကျင့်ထားသောအကွက်များဖြင့်လည်း ကျောင်းသားများကို ဖျော်ဖြေခဲ့သည်။

ဆင်သည် ထိုင်းနိုင်ငံ၏သင်္ကေတဖြစ်ပြီး သမိုင်းနှင့်ရသစာပေများတွင် ပေါ်ပေါက်ခဲ့သည်။

ထိုင်းနိုင်ငံ၏ ၉၈ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာဝင်များဖြစ်သော်လည်း ခရစ္စမတ်ပွဲတော်ကို နှစ်ကုန်အားလပ်ရက်ရာသီ၏တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ဆင်နွှဲကြသည်။

Source-Bangkok Post

ဥက္ကာ

Photo-Bangkok Post

Leave a comment

Design a site like this with WordPress.com
Get started