
တာချီလိတ်၊ ဒီဇင်ဘာ ၃၀
၂၀၂၀ မြန်မာနိုင်ငံ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ခံရန်အတွက် တာချီလိတ် ခရိုင်အတွင် ကောက်ကွက် (၄၅)ကွက်လျာထားကြောင်း တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ သိရသည်။
တာချီလိတ်မြို့နယ်အတွင်း ကောက်ကွက် (၃၂)ကွက်၊ မိုင်းယောင်းမြို့နယ်အတွင် ကောက်ကွက်(၇)ကွက်နှင့် မိုင်းဖြတ်မြို့နယ်အတွင်း ကောက်ကွက် (၆)ကွက်သတ်မှတ်ကာ ကောက်ခံသွားမည် ဖြစ်ပြီး လူဦးရေသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို ဇန်နဝါရီလအတွင်း (၁၀)ရက်ကြာ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ခရိုင်လဝက ရုံးမှာ စာရင်းစစ်၊ စာရင်းကောက် (၂၉)ယောက်ကို မိုဘိုင်းတက်ဘလက်နဲ့ စာရင်းကောက်နည်း နည်းပညာကို ပို့ချပေးမယ်။ သင်တန်းက (၂)ရက်ကနေ (၁၂)ရက်အထိ”ဟု၎င်းက ပြောသည်။
အဆိုပါသင်တန်းပြီးဆုံးပါက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက်မှ ၂၈ရက်အထိ သန်းခေါင်စာရင်း ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း ၈၀၀၀၀ ကျော်ရှိပြီး အဆိုပါကောက်ကွက်များကို ခရိုင်အဆင့်ကောက်ကွက် ၄၀၀၀ကျော် ပြန်လည်သတ်မှတ်ကာ အဆင့် (၄)ဆင့်ဖြင့် ကောက်ခံနေခြင်းဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၁သန်းကျော်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ သန်း ၆၀ ရှိလာမည်ဟု ပြည်သူ့အင်အားဦးစီးဌာနက ခန့်မှန်းထားသည်။
MK – 001
MeKongNews
Photo – Department of Population