ဒီဇင်ဘာ ၂၇ ရက်က မုန်ရိုးရာနှစ်သစ်ကူးပွဲတော်တွင် သာနာသွန်း(အလယ်)ပါဝင်ဆင်နွှဲစဉ်

ဘန်ကောက်၊ ဇန်နဝါရီ ၁

အမျိုးသားရေးစွန်းပြီး လူမျိုးရေးခွဲခြားမှုများပါဝင်နေသည့် ဆောင်းပါးတစ်ပုဒ်ကို ထိုင်းစစ်တပ်နှင့်နီးစပ်သည့် ဘန်ကောက်ပို့သတင်းစာမှ သတင်းထောက်တစ်ယောက်က ဖေ့ဘွတ်တွင်ရေးသားခဲ့ပြီးနောက် ထိုင်းနိုင်ငံသားအင်တာနက်သုံးစွဲသူများ ကဝေဖန်နေကြသည်။

ကိုယ်ပိုင်ပုံစံဖြင့် ဘန်ကောက်ပို့စ်၏ စစ်သတင်းထောက်ဝါဆာနာ နာနောင်ရေးသားခဲ့သည့် ဆောင်းပါးနှစ်ပုဒ်ကိုဝေဖန်သူများတွင် လူနည်းစုအခွင့်အရေးလုပ်ဆောင်နေသူတစ်ယောက်နှင့် ထိုင်းလူမျိုးကြီးဝါဒရန်စကားပြောနေသည်ဟု စွပ်စွဲခဲ့သည့် အတိုက်အခံအမတ်တစ်ယောက်လည်း ပါဝင်နေသည်။

အမည်မဖော်လိုသူ ရေတပ်ဗိုလ်ချုပ်ကြီးတစ်ယောက် ရေးသားခဲ့သည့်ဟု ဝါဆာနာပြောသောဆောင်းပါးတွင် အတိုက်အခံFFပါတီခေါင်းဆောင် သာနာသွန်း ဂျွမ်ဂရွန်ဂရောင်ကစ်၏ မုန်တိုင်းရင်းသားလူမျိုးစုဝင်များကို မြေယာအခွင့်အရေးနှင့် တရားဥပဒေအရကာကွယ်မှုပေးမည်ဟုပြောခဲ့သည်များကို ပုတ်ခတ်ပြောဆိုထားသည်။

ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ဝေခဲ့သောပထမဆုံးပို့စ်တွင် မုန်များကိုအမိမြေပြန်ပို့ခြင်းအားဖြင့် ထိုင်းလူမျိုးများအတွက် ဝန်မပိစေလိုဟု သာနာသွန်းကို တိုက်တွန်းထားသည်။

တနင်္ဂနွေနေ့တွင် ဝါဆာနာတင်ခဲ့သောဒုတိယဆောင်းပါးတွင်လည်း ထိုစာရေးဆရာက ပိုပြင်းထန်သော အသုံးအနှုန်းများသုံးခဲ့သည်။

မုန်၊ ရိုဟင်ဂျာ၊ လူဖြူ ခက်များ၊ အာရပ်များ၊ မွတ်ဆလင်များနှင့် နီဂရိုးသန်းထောင်ချီကို အကူအညီမပေးခင် ထိုင်းလူမျိုးများကို ဂရုစိုက်သင့်သည်ဟုလည်း သုံးနှုန်းထားသည်။

ဆောင်းပါးရှင်သည် ထိုင်းနိုင်ငံတွင်နေသော်လည်း တိုင်းရင်းသားမျိုးနွယ်စုများကို နိုင်ငံသားအဖြစ်အသိအမှတ်မပြုသည့် လူမျိုးကြီးဝါဒအမြင်များကို ဖြန့်ဝေနေသည်ဟု FFပါတီဝင်အမတ် မာနွတ် ကီရီဖူဝါဒေါကတုံ့ပြန်သည်။

ဝါဆာနာနှင့် ဘန်ကောက်ပို့စ်တို့က ဝေဖန်မှုများကို မတုံ့ပြန်သေးချေ။

Source- Khaosod

ဥက္ကာ #MekongNews

Photo-Khaosod
ပုံစာ- ဒီဇင်ဘာ ၂၇ ရက်က မုန်ရိုးရာနှစ်သစ်ကူးပွဲတော်တွင် သာနာသွန်း(အလယ်)ပါဝင်ဆင်နွှဲစဉ်

Leave a comment

Design a site like this with WordPress.com
Get started