
မနီလာ၊ ဖေဖော်ဝါရီ ၂
တရုတ်နိုင်ငံပြင်ပမှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်2019-nCoVကြောင့် လူသေဆုံးတဲ့ပထမဆုံးနိုင်ငံ ဖိလစ်ပိုင်ဖြစ်လာကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O)က တနဂ်နွေနေ့မှာထုတ်ပြန်သည်။
သေဆုံးသူသည် ဗိုင်းရပ်စ်စတင်ပြန့်နှံ့ခဲ့တဲ့ဝူဟန်မြို့မှာနေထိုင်သောအသက် ၄၄ နှစ်အရွယ်တရုတ်အမျိုးသားဖြစ်သည်။
သေဆုံးသူဟာ ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ ဖိလစ်ပိုင်မှာ ဒုတိယမြောက်အတည်ပြုနိုင်သူဖြစ်ပြီး စနေနေ့တွင်သေဆုံးခဲ့ကြောင်းဖိလစ်ပိုင်နိုင်ငံဆိုင်ရာ W.H.O ကိုယ်စားလှယ် Rabindra Abeyasingheကပြောသည်။
ဖိလစ်ပိုင်ကျန်းမာရေးအရာရှိတစ်ယောက်ကလည်း တနဂ်နွေနေ့သတင်းစာရှင်းလင်းပွဲမှာ သေဆုံးမှုကိုအတည်ပြုသည်။
တနဂ်နွေနေ့မနက်ပိုင်းတရုတ်အစိုးရရဲ့ထုတ်ပြန်ချက်တွေအရ ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာသေဆုံးသူ ၃၀၄ ယောက်ရှိလာပြီး ကူးစက်ခံရသူ ၁၄၃၀၀ ကျော်လာကြောင်းသိရသည်။
Source- AFP
#ဥက္ကာ #MeKongNews
Photo- People’s Daily China