ကျော်သူမြင့် ဆက်သွယ်မေးမြန်သည်။

`NLD ရဲ့အပြင်ထွက်ပြီးမှ အလုပ်လုပ်ရင်တော့ ပိုပြီးတော့ မှ လွတ်လွတ်လပ်လပ်နဲ့ အလုပ်တွေပိုပြီး လုပ်နိုင်မယ် ပိုလုပ်လို့ရအုံးမယ်လို့ ယူဆတဲ့အတွက် ထွက်တာဖြစ်ပါတယ်´
– Daw Thet Thet Khine
FWN – ပါတီကနုတ်ထွက်လိုက်ပြီလို့ ကြားပါတယ်။ ဘာကြောင့်နုတ်ထွက်ဖြစ်တာလဲ။
Dr.TTK – ဟုတ်တယ်ရှင့် ပါတီထဲက နုတ်ထွက်ခြင်းကတော့လေ ကျွန်မပါတီကိုဝင်တုန်းကတော့ ယုံကြည်လို့ဝင်တာလေ ဒါပေမယ့် ပါတီထဲရောက်တော့ ကျွန်မတို့ ကိုယ်စားလှယ်တစ်ယောက်အ နေနဲ့ ကိုယ်စားလှယ်တစ်ယောက် အခွင့်အရေး အပြည့်အဝမရှိဘူးပေါ့။ ပါတီကို အဆိုတစ်ခုတင် တယ်။ နောက်ဆုံးတင်တဲ့ အဆိုပေါ့နော် ၂၀၁၉ ထဲမှာ ၂၀၁၈ မှာအဆိုတစ်ခုတင်တယ်။ အဲ့ဒါ လည်း ရှောရှောရှုရှုဖြစ်တယ်။ အဆိုနှစ်ခုလုံးလဲ အောင်တယ်။ ဒါပေမယ့် ၂၀၁၉ မှာတတိယအကြိမ် အဆိုတင်တော့ ပါတီက ကျွန်မကို အခက်တွေ့အောင်လုပ်တယ်ပေါ့။ အဓိကကတော့ ကျွန်မကို ပြင်ခိုင်းတာ ပါတီကိုတင်တယ် ပါတီကပြင်ခိုင်းတာလည်း ကျွန်မပြင်ပါတယ် ပါတီကပြင်ခိုင်းတာ ကောင်းပါတယ် ပြင်သင့်တာလေးပြင်လိုက်တော့ ပိုကောင်းသွားတယ်လို့ ကျွန်မယူဆပါတယ်။ ပြီးတော့ ကျွန်မအဆိုကို ထောက်ခံဖို့ အခြားကိုယ်စားလှယ်တစ်ယောက်ကို အကူအညီတောင်းတဲ့ အချိန်မှာ အဲ့ကိုယ်စားလှယ်ကို ကျွန်မအဆိုကိုထောက်ခံရင် ပါတီကထုတ်မယ်လို့ ဖုန်းဆက်ပြောပါ တယ်ရှင့် အဲ့တာတော့ ကျွန်မမကြားဘူးပေါ့နော်။ အဲ့ဒါနဲ့ ကျွန်မကို NLD ထဲမှာထောက်ခံမယ့်သူ မရှိဘူး။ အဲ့ဒါနဲ့ SNLD ကိုပြောပါတယ်။ SNLD ကို အကူအညီတောင်းတော့ SNLD ကထောက်ခံ ပေးမယ်လို့ ပြောပါတယ်ရှင့်။ ထောက်ခံပေးမယ်ပြောပြီးတော့ ထောက်ခံမယ့်သူရှိပြီဆိုတော့ လွှတ်တော်ကိုလည်း ဒုတိယအကြိမ် တင်ပါတယ်။ တင်တော့ လွှတ်တော်ကလက်ခံသွားပြီးမှ ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီခေါင်းစဉ်ကတော့ဖြင့် လွှတ်တော်ထဲမှာဆွေးနွေးရန် Public Debate လုပ်ဖို့ မဆီလျော်တဲ့အတွက် ကျွန်မကိုစာနဲ့ပဲအကြောင်းပြန်ပါတယ်။ တကယ်တမ်းကြ တော့ စာနဲ့ဖြေကြားတယ်ဆိုတာ မေးခွန်းတွေအကုန်လုံးက ကြယ်ပွင့်ပြမေးခွန်းဆိုရင်တောင်မှ လွှတ်တော်မှာ ဖြေကြားရပါတယ် ကြယ်ပွင့်မပြမေးခွန်းဆိုရင် စာနဲ့ဖြေကြားရပါတယ်။ အဆိုဆိုရင် တော့ စာနဲ့ဖြေကြားရတာ ဥပဒေထဲမှာ မရှိပါဘူး လွှတ်တော်ဥပဒေထဲမှာ မရှိပါဘူး အဓိကကတော့ ကျွန်မကို လွှတ်တော်ထဲမှာ လုပ်ရကိုင်ရအနှောက်အယှက်ဖြစ်တယ်လို့ ကျွန်မယူဆပါတယ်ရှင့်။ ဘာဖြစ်လို့လဲဆိုတော့လေ ကျွန်မလွှတ်တော်ထဲမှာ ဆွေးနွေးတာကို အနှောက်အယှက်လုပ်တယ် လို့ ယူဆပါတယ်ရှင့်။ စာနဲ့ပဲ ဝန်ကြီးဌာနက ရေးဖြေပါတယ်။

FWN – နိုင်ငံခြားရေးဝန်ကြီးဌာနက စာနဲ့ပဲအကြောင်းပြန်တယ်ဆိုတော့ အဆိုတင်ခဲ့တဲ့ အကြောင်း ကိုရှင်းပြပေးပါ။
Dr.TTK – ကျွန်မမမှားဘူးဆိုရင် ၂၀၁၃ ခုနှစ်စပြီးတော့ EU(ဥရောပသမဂ္ဂ) ကနေပြီးကျွန်မတို့ကို ကုန်သွယ်ရေးနဲ့ ပတ်သတ်ပြီး အထူးအခွင့်အရေးပေးထားပါတယ်။ မြန်မာပြည်က တင်ပို့တဲ့ပစ္စည်းတွေဆိုရင် duty free(အခွန်ကင်းလွတ်ခွင့်)၊ Quota free(ခွဲတမ်းအခမဲ့) ပေးထားပါတယ်။ dutyလည်းဆောင်စရာမလိုဘူး Quota လည်းဆောင်စရာမ လိုဘူး ကြိုက်သလောက်တင်သွင်းလို့ ရတယ်ဆိုပြီး ကုန်သွယ်မှုအထူးအခွင့်အရေး ရထားတာရှင့်။ အဲ့ရထားတာလေးကို ခုနောက်ပိုင်းမှာ ကမ္ဘောဒီးယားမှာလည်း ရုတ်သွားတယ်လေ သူတို့က ရုတ် လိုက်တယ် ကျွန်မတို့ကိုလည်း သူတို့က သတိပေးနေတာပေါ့နော် ဒီမှာက အထည်ချုပ်နဲ့ အလုပ် သမားတွေက အများကြီးပဲ အလုပ်ရနေတာလေ ပြီးလို့ရှိရင် ငါးပုဇွန်တင်ပို့တာတွေ အကုန်လုံးအ ဆင်ပြေနေတာပေါ့ အဲ့တာလည်း EU ကုန်သွယ်ရေးအထူးအခွင့်အရေးပေးထားလို့ပေါ့။ အဲ့တာက လည်း EU ကလည်း mission ကလည်းနှစ်ခါရှိပြီလာတာ ပြီးလို့ရှိရင် အဲ့ကိစ္စကို သတိပေးပေးသွား တယ်ဆိုတော့ ကျွန်မကအလုပ်ရှင်နဲ့ အလုပ်သမားနဲ့ အစိုးရနဲ့ သုံးပွင့်ဆိုင်ပူးပေါင်းပြီးတော့ EU နဲ့ စေ့စပ်ညှိနှိုင်းဖို့ တိုက်တွန်းကြောင်းစာလေးပါရှင့်။ အဲ့တာကို အဲ့ဒီမှာ အနှောက်အယှက်ဝင်တာပါ ရှင့်။ ကျွန်မဆိုလိုချင်တာက အလုပ်ရှင်ရယ် အလုပ်သမားရယ် အစိုးရရယ်ဆိုတာ အလုပ်သမား ဝန်ကြီးဌာနကိုဆိုလိုချင်တာ ဒါပေမယ့်အဲ့စာက နိုင်ငံခြားရေးကို ရောက်သွားတယ် ဒါပေမယ့် ဘယ် ဝန်ကြီးဌာနကို ပို့ပါလို့တော့ ပြောခွင့်မရှိဘူးပေါ့။ လွှတ်တော်ကနေစီစဉ်ပြီးတော့မှ အဲ့အဆိုတင် တုန်းကဆို ပါတီထဲကလူတွေက ပြာယာခတ်ပြီးတော့မှ တအားပဲပြင်ကြတာ တော်တော်လေးကို ပြင်ကြတာ။ နိုင်ငံခြားရေးဝန်ကြီးရုံးကို တင်ဖို့မရည်ရွယ်ပါဘူး ကျွန်မရည်ရွယ်တာက အလုပ်ရှင် အလုပ်သမားရယ် အစိုးရရယ်ကိုတော့ သုံးပွင့်ဆိုင်ကို အမြဲတမ်းကတော့ အလုပ်သမားဝန်ကြီးဌာန နဲ့ပဲလုပ်ကျတာရှင့်။ ဒါပေမယ့်စာပြန်လာတော့ နိုင်ငံခြားရေးဝန်ကြီးကလာတယ်။ နိုင်ငံခြားရေးကို ပြောတယ်လို့ သူတို့ကယူဆပြီးတော့မှ လုပ်တာလားမသိဘူး။
FWN – ပါတီက နုတ်ထွက်ရတဲ့ အကြောင်းကဒီတစ်ခုထဲပဲလား။ အခြားအကြောင်းအရာတွေ ရှိပါ သေးသလား။
Dr.TTK – ဒီတစ်ခုထဲတော့မဟုတ်ဘူး တောက်လျောက်တော့ ကျွန်မ ၂၀၁၈ စက်တင်ဘာလထဲက လည်း ကျွန်မကို ပါတီတာဝန်တွေရပ်စဲတယ်။ ပါတီတာဝန်ကရပ်စဲတယ်ဆိုတာ ကျွန်မတို့ကို ခေါ်လဲမမေးဘူး အကြောင်းလဲမကြားဘူး ပြီးတော့အကြောင်းပြချက်လဲ မရှိပဲနဲ့ စာပဲထုတ်ပြီးတော့ ကျွန်မတို့ကို ပါတီတာဝန်ကရပ်စဲတယ်ဆိုတာ ပါတီတွင်းမှာ ဥပဒေမဲ့ပြုတာပေါ့ အဲ့လိုလုပ်ထားတာ ရှိပါတယ်ရှင့်။ အဲ့ကြတော့ ကျွန်မကတော့ NLD ရဲ့အပြင်ထွက်ပြီးမှ အလုပ်လုပ်ရင်တော့ ပိုပြီးတော့ မှ လွတ်လွတ်လပ်လပ်နဲ့ အလုပ်တွေပိုပြီး လုပ်နိုင်မယ် ပိုလုပ်လို့ရအုံးမယ်လို့ ယူဆတဲ့အတွက် ထွက်တာဖြစ်ပါတယ်။
FWN – မကြာသေးခင်က မှတ်ပုံတင်လိုက်တဲ့ ပါတီသစ်တစ်ခုမှာ ပါဝင်နေတယ်လို့လဲ ကြားရပါတယ် ဟုတ်ပါသလား။
Dr.TTK – ဟုတ်ပါတယ် ကျွန်မတို့ ၂၀၁၉ အောက်တိုဘာ ၂၃ ရက်မှာ ပြည်သူ့ရှေ့ဆောင်ပါတီ ဆိုပြီးတော့မှ မှတ်ပုံတင်ကျပါတယ် မှတ်ပုံတင်နံပါတ်က ၁၂၂ ပါ ကျွန်မအဲ့ဒီမှာ ကျွန်မတစ်ဦးထဲ တော့မဟုတ်ဘူး စီးပွားရေးပညာရှင်တွေ စီးပွားရေးလုပ်ငန်းရှင်တွေ လူငယ်ပညာရှင်တွေ ပညာ တက်တွေပေါ့နော် ပေါင်းပြီးတော့မှ အလုပ်လုပ်နေကြပါတယ်။ ကျွန်မလည်း အများထဲက တစ် ယောက်အပါဖြစ်ပါတယ်။
FWN – ပထမဆုံး ပြောခဲ့တာက ပါတီကိုယုံကြည်ခဲ့လို့ ဝင်တယ်လို့ပြောခဲ့ပါတယ် ကိုယ်စားလှယ် အခွင့်အရေးကိစ္စမရှိဘူးဆိုတော့ ဒေါက်တာသက်သက်ခိုင်တစ်ယောက်ထဲပဲလား အခြားကိုယ်စား လှယ်တွေမှာရော အဲ့လိုအဖြစ်အပျက်မျိုးရှိလားခင်ဗျ။
Dr.TTK – တခြားကိုယ်စားလှယ်ကိစ္စကတော့ ကျွန်မပြောလို့မရပါဘူးရှင့်။ ကျွန်မနဲ့ ပတ်သတ်တဲ့ ကိစ္စပဲ ဖြေလို့ရပါတယ်။ NLD ကို ယုံကြည်ခြင်းမယုံကြည်ခြင်းကို မပြောတော့ဘူးလေ နိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်မနိုင်ငံရေးကို ဆက်လုပ်မယ်ဆိုရင် ကျွန်မအခုရွေးချယ်တဲ့ လမ်းကြောင်း ကိုအများကြီးပိုလုပ်နိုင်သေးတယ်လို့ ယူဆတဲ့အတွက်ကို နိုင်ငံတည်ဆောက်ရေးလမ်းကြောင်းမှာ ကျွန်မဒီလမ်းကြောင်းနဲ့ သွားရင် အများကြီးပိုလုပ်နိုင်မယ်လို့ ယူဆတဲ့အတွက် NLD ကထွက်တာ ဖြစ်ပါတယ်။
FWN – နုတ်ထွက်ခဲ့တဲ့ ပါတီနဲ့အပေါ် မှတ်ချက်တစုံတရာပေးခြင်တာမျိုးရှိလား။
Dr.TTK – ကျွန်မဖြည့်စွက်ပြောချင်တာရှိပါတယ် ကျွန်မ NLDကို ၁၉၈၈ ခုနှစ် ပါတီစထောင်တုန်း ကရယ် မိုးကုတ်မြို့နယ်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကျွန်မတို့က အဖွဲ့ဝင်တွေဖြစ်ပါတယ် ကျွန်မဆေးတက္ကသိုလ်ကျောင်းသူဘဝပေါ့နော်။ ပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲဝင်တာလည်း ကျွန် မတို့ လူငယ်တွေအနေနဲ့ မိုးကုတ်မြို့နယ်က ကျောင်းသူကျောင်းသားတွေအနေနဲ့ မဲရေတွက်တာ တို့ စသဖြင့်ဒါတွေဝိုင်းကူခဲ့ကြပါတယ်။ နောက်ပိုင်းတော့ တက္ကသိုလ်တွေပြန်ဖွင့်တော့ ကျွန်မလည်း ပညာရေးတပိုင်းတစနဲ့ ကျောင်းပြန်တက်ပါတယ်။ ၂၀၁၄ ကြတော့ နိုင်ငံရေးလုပ်ချင်တယ် နိုင်ငံ ရေးလုပ်ရင်လဲ NLD ကနေပဲလုပ်မယ်ဆိုပြီးတော့မှ နိုင်ငံရေးထဲပြန်ဝင်တဲ့ အချိန်မှာ ၂၀၁၄ နိုဝင် ဘာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်ဝင်ပါတယ်။ NLD လို့ပြောလို့ရှိရင် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ပါတီဆိုပြီးတော့မှ ကျွန်မတို့ကိုယ်တိုင်လည်း ၁၉၈၈ ခုနှစ်ကတည်းက မိုးကုတ် မြို့နယ်ကပါခဲ့တဲ့အတွက်ကို NLD ကိုပဲ ပြန်ဝင်ခဲ့တာဖြစ်ပါတယ်။ အခုထွက်တာကတော့ NLD ထဲ မှာ လုပ်ရကိုင်ရတာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အခွင့်အရေးတွေကို ထိန်းချုပ် ခံရတာတွေရှိတယ် ပါတီဘက်ကနေပေါ့နော် ကျွန်မအနေနဲ့တော့ NLD ကထွက်ပြီး အလုပ်လုပ်ရင် တော့ ဒီထက်ပိုပြီး အလုပ်လုပ်နိုင်အုံးလိမ့်မယ်လို့ ယူဆတဲ့အတွက် ထွက်လိုက်တာဖြစ်ပါတယ်။
FWN – ဒေါက်တာဒေါ်သက်သက်ခိုင်အနေနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ဆက်လက်လက်တွဲသွား မယ့် သဘောပေါ့။
Dr.TTK – ကျွန်မလက်တလောတော့ တသီးပုဂ္ဂလဖြစ်နေတာပေါ့။ ဒီတစ်ခါလွှတ်တော်ဖွင့်ရင် တသီးပုဂ္ဂလအနေနဲ့ လွှတ်တော်တက်မယ်။ ဒါပေမယ့် ပါတီထဲဝင်ရအုံးမယ် အခုကပါတီဝင်တွေ စုဆောင်တဲ့အချိန်ပေါ့နော် ပါတီလည်းမဝင်ရသေးပါဘူး။ ဒီ PPP ပါတီကို ဝင်ပါမယ်ရှင့်။
FWN – ကျေးဇူးတင်ပါတယ်။
Photo : Thet Thet Khine FB

















