အမြင့်ဆုံးပြစ်ဒဏ်မှ သေဒဏ်ဖြစ်
တာချီလိတ်၊ နိုဝင်ဘာ ၂၆
လူရာချီအသတ်ခံရသည်ဟု စွတ်စွဲနေသော ဂူတာပြင်ရွာကိစ္စ ပြစ်မှုကျူးလွန်သည်ဟု ကနဦးတွေ့ရှိသည့် တပ်မတော်သားများအပေါ် သေဒဏ်အထိချမှတ်နိုင်သော စစ်တရားရုံးဖြင့် စတင်စစ်ဆေးစီရင်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်သည်။
ရခိုင်ပြည်နယ် ၊ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာဖြစ်စဉ်အချို့တွင် တပ်မတော်အက်ဥပဒေ(The Defence Services Act ) ၊ တပ်မတော်နည်းဥပဒေများ(The Defence Services Rules )နှင့် အညီဖွဲ့စည်းခဲ့သည့် ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌဌအဖြစ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးခုံရုံး ( Court of Inquiry )က စစ်တရားရုံးဖြင့် စစ်ဆေးစီရင်သင့်သည်ဟု တင်ပြခဲ့သည့် ထင်မြင်ယူဆချက်အရ စစ်ဘက်တရားစီရင်ရေး၏ လုပ်ငန်းစဉ်များ ( Process of Military Justice)အတိုင်း ဆောင်ရွက်လျက်ရှိရာ ပြစ်မှုကျူးလွန်သည်ဟု ကနဦးတွေ့ရှိရသူများအပေါ် အကျဉ်း စစ်တရားရုံးချုပ် ( Summary General Court-Martial) ဖြင့် ရုံးထိုင်စစ်ဆေးခြင်းအား နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဘူးသီးတောင်မြို့၊ နယ်မြေခံတပ်၌ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
” အကျဉ်းစစ်တရားရုံးချုပ်က တပ်မတော်အက်ဥပဒေပုဒ်မ ၁၁၇၊၁၂၁ အရ စစ်တရားရုံးဥက္ကဋ္ဌဌအပါအဝင် သုံးဦးက ရုံးထိုင်မှာဖြစ်ပါတယ်။ အမြင့် ဆုံးချမှတ်နိုင်တဲ့ပြစ်ဒဏ်က သေဒဏ်အထိဖြစ်ပါတယ်။” ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့အပြင်တပ်မတော်အနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်( Independent Commission of Enquiry- ICOE) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ICOE ၏ အစီရင်ခံစာ ထွက်ရှိလာသည့်အချိန်တွင်လည်း အစီရင်ခံစာ၌ တပ်မတော်သားများကပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက် မှုရှိပါက ဥပဒေနှင့်အညီ ဆက်လက် စုံစမ်းစစ်ဆေး၍အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ဥပဒေချုပ်ရုံးထံမှသိရသည်။
ဂူတာပြင်ကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက မွတ်ဆလင်၄၀ဝ ခန့်ကို သတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု နိုင်ငံတကာ သတင်းဌာနအချို့က စွပ်စွဲပြောဆိုနေကြပြီး ဗိုလ်ချုပ်မြတ်ကျော်ဦးဆောင်သော စုံစမ်းစစ်ဆေးရေးခုံရုံးကို ၂၀၁၉ခုနှစ် မတ်လအတွင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
စုံစမ်းရရှိသော သက်သေ အထောက်အထား အချက်အလက်များ ခိုင်မာမှုကြောင့် တရားစီရင်ရေးဖြစ်စဉ် ကြန့်ကြာမည်မဟုတ်ဘဲ အခက်အခဲမရှိပါက မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဆိုသည်။
ဗိုလ်ချုပ် မြတ်ကျော် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးခုံရုံး က ဘူးသီးတောင်နဲ့ မောင်တောနယ်မြေတွေကို ပြီးခဲ့တဲ့ ဇူလိုင်လမှာ သွားရောက် စစ်ဆေးခဲ့ပြီး နှစ်ကြိမ် စစ်ဆေးတွေ့ရှိချက်တွေအရ ဂူတာပြင်ကျေးရွာ ဖြစ်ရပ်တချို့တွင် ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် အားနည်းခြင်း တွေ့ရှိရပြီး ကျူးလွန်ခဲ့သူများ စစ်ဆေးပေါ်ပေါက်ခဲ့လျှင် စစ်စည်းကမ်းအရ အရေးယူမည်ဟူ၍ တပ်မတော်က ပြီးခဲ့သော သြဂုတ်တွင် ထုတ်ပြန်ကြေညာထားသည်။
ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီး လူသေအလောင်းများကို မြှုပ်နှံထားသော ကျင်း ငါးကျင်းအနက် သုံးကျင်းမှာ ရွာမြောက်ဘက်အဝင် လမ်းမကြီး၏ အနီးတွင်ရှိပြီး နောက်ထပ် ကျင်းအကြီး နှစ်ခုမှာ ရွာသုသာန် နားတွင်မြှုပ်နှံထားကြောင်း၊ အလောင်းများတွင် မျက်နှာကို အက်စစ်ငရဲမီးဖြင့် ဖျက်ဆီးခဲ့သောလက္ခဏာများ တွေ့ရပြီး ရွာကို တောင်နှင့် မြောက် နှစ်ဘက်ညှပ်ပြီး လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း AP သတင်းဌာနက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ သတင်းတပုဒ်တွင် ရေးသားခဲ့သည်။
အစိုးရကမုူ အာဆာ အကြမ်းဖက်သမားများ အပါအဝင် ရွာသား ၅၀ဝခန့်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားရာတွင် အကြမ်းဖက်သမား အလောင်း ၁၉ လောင်းရရှိခဲ့ပြီး စနစ်တကျမြှုပ်နှံသဂြိ င်ု္လ်ခဲ့ ကြောင်း ပြောကြားထားသည်။
ဂူတာပြင် ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Source – People Power Myanmar
MeKongNews