ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးပြင်ပဒုတိယမြောက်သေဆုံးမှုအဖြစ် ဟောင်ကောင်တွင်တစ်ဦး သေဆုံး

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၄ တရုတ်နိုင်ငံဟူဘေးပြည်နယ်၊ ဝူဟန်မြို့မှာစတင်တွေ့ရှိပြီး ကူးစက်နေသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးပြင်ပတွင် ဒုတိယမြောက်လူသေဆုံးမှုရှိလာသည်။ အသက် ၃၇ နှစ်အရွယ်အမျိုးသားတစ်ဦး ဗိုင်းရပ်စ်ကူးစက်ပြီးနောက် ဆေးရုံတွင်ကုသမှုခံနေစဉ် ရုတ်တရက်နှလုံးရပ်သေဆုံးခဲ့ကြောင်း ဟောင်ကောင်မီဒီယာများတွင်ဖော်ပြသည်။ ထိုအမျိုးသားမှာ ဟောင်ကောင်တွင် ၁၃ ယောက်မြောက်အတည်ပြုနိုင်သည့်ကူးစက်ခံရသူဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်တွင် ဗိုင်းရပ်စ်ကူးစက်နေကြောင်းတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ အဂ်ါ​နေ့လည်တွင် ​​ဟောင်ကောင်ကျန်းမာရေးနှင့်ဆေးရုံအာဏာပိုင်ဌာနက ပြုလုပ်မည့်သတင်းစာရှင်းလင်းပွဲတွင် အသေးစိတ်အချက်အလက်များကြေညာမည်ဟုလည်း ဟောင်ကောင်မီဒီယာများကဖော်ပြသည်။ တနဂ်နွေနေ့တုန်းကလည်း ဝူဟန်မြို့မှရောက်လာသည့်လူနာတစ်ဦး ဖိလစ်ပိုင်နိုင်ငံတွင်သေဆုံးခဲ့ပြီး တရုတ်ပြည်မကြီးပြင်ပတွင် ဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးမှုဖြစ်သည်။ တရုတ်ပြည်မကြီးမှဟောင်ကောင်သို့ဝင်ပေါက် ၁၃ ပေါက်မှ ၁၀ ပေါက်ကိုပိတ်သိမ်းပြီး ဗိုင်းရပ်စ်ကူးစက်မှုကိုထိန်းချုပ်မည်ဖြစ်ကြောင်း တနလ်ာနေ့တွင် ဟောင်ကောင်ခေါင်းဆောင်ကာရီ လမ်ကကြေညာခဲ့သည်။ ယနေ့အထိ ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၂၅ ယောက်ရှိလာပြီး ကူးစက်ခံရသူ ၂၄၀၀၀ ကျော်ရှိလာသည်။ နောက်ထပ်နိုင်ငံနှင့်ဒေသ ၂၃ ခုတွင်လည်း …

ဝူဟန်ဗိုင်းရပ်စ် နောက်ဆုံးရ အချက်အလက်များကို နေ့စဉ် သတင်းထုတ်ပြန်ပေးရန် စီစဉ်

တာချီလိတ်၊ ဖေဖော်ဝါရီ ၂ ဝူဟန်ဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှု အခြေအနေနှင့် နောက်ဆုံးရ သတင်းအချက်အလက်များကို ပြုစုပြီး နေ့စဉ် နံနက် (၁၀)နာရီ မတိုင်မီ အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက မှာကြားခဲ့ကြောင်း သိရသည်။ဖေဖော်ဝါရီလ ၂ရက် ညနေပိုင်းက ကျင်းပသည့် အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၆/၂၀၂၀)တွင် လမ်းညွှန်မှာကြားခဲ့ခြင်း ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး က လမ်းညွှန်ပြောကြားရာတွင် –• ယခု ဖြစ်ပွားနေသော အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နေ့စဉ်ဆက်လက်မြင့်မားနေသည်ကို တွေ့ရှိရသည့်အတွက် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ “ပထမဦးစားပေးအရေးပေါ်” ကိစ္စရပ် (top priority emergency issue) …

ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံပြင်ပပထမဆုံးသေဆုံးမှု ဖိလစ်ပိုင်တွင်ဖြစ်ပွား

မနီလာ၊ ဖေဖော်ဝါရီ ၂ တရုတ်နိုင်ငံပြင်ပမှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်2019-nCoVကြောင့် လူသေဆုံးတဲ့ပထမဆုံးနိုင်ငံ ဖိလစ်ပိုင်ဖြစ်လာကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O)က တနဂ်နွေနေ့မှာထုတ်ပြန်သည်။ သေဆုံးသူသည် ဗိုင်းရပ်စ်စတင်ပြန့်နှံ့ခဲ့တဲ့ဝူဟန်မြို့မှာနေထိုင်​သောအသက် ၄၄ နှစ်အရွယ်တရုတ်အမျိုးသားဖြစ်သည်။ သေဆုံးသူဟာ ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ ဖိလစ်ပိုင်မှာ ဒုတိယမြောက်အတည်ပြုနိုင်သူဖြစ်ပြီး စနေနေ့တွင်သေဆုံးခဲ့ကြောင်းဖိလစ်ပိုင်နိုင်ငံဆိုင်ရာ W.H.O ကိုယ်စားလှယ် Rabindra Abeyasingheကပြောသည်။ ဖိလစ်ပိုင်ကျန်းမာရေးအရာရှိတစ်ယောက်ကလည်း တနဂ်နွေနေ့သတင်းစာရှင်းလင်းပွဲမှာ သေဆုံးမှုကိုအတည်ပြုသည်။ တနဂ်နွေနေ့မနက်ပိုင်းတရုတ်အစိုးရရဲ့ထုတ်ပြန်ချက်တွေအရ ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာသေဆုံးသူ ၃၀၄ ယောက်ရှိလာပြီး ကူးစက်ခံရသူ ၁၄၃၀၀ ကျော်လာကြောင်းသိရသည်။ Source- AFP#ဥက္ကာ #MeKongNewsPhoto- People’s Daily China

ဝူဟန် ဗိုင်းရပ်စ် သေဆုံး ၃၀၄၊ ကူးစက် ၁၄၀၀၀ကျော်

ဘေကျင်း၊ ဖေဖော်ဝါရီ ၂ ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ ဖေဖော်ဝါရီလ ၁ရက် ညပိုင်းအထိ ၄၃ဦးတိုးလာပြီး သေဆုံးသူ စုစုပေါင်း ၃၀၄ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများက ပြောသည်။ ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း ဟူဘေးခရိုင်တစ်ခုထဲတွင် ၂၀၀၀ခန့်တိုးလာပြီး စုစုပေါင်း ၁၄၃၀၀ ဦး ကူးစက်ခံထားရသည်။ ဗြိတိန်၊ ဆွီဒင်နှင့် ရှရုနိုင်ငံများတွင် ရောဂါကူးစက်ခံထားရသူများတွေ့ရှိလာသည်။ Source-CNA#MeKongNews

တုံ့ပြန်မှုနှေးခဲ့၍ ဗိုင်းရပ်စ်ကပ်ရောဂါပြန့်နှံ့မှု ပိုမြန်ခဲ့ကြောင်း ဝူဟန်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးဝန်ခံ

​ဘေကျင်း၊ ဖေဖော်ဝါရီ ၁ လူအသေအပျောက်များနေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တရုတ်နိုင်ငံတုံ့ပြန်ပုံနှေးခဲ့တာကြောင့် ကူးစက်မှုပို​မြန်ခဲ့ကြောင်း ဝူဟန်မြို့အကြီးဆုံးအရာရှိ ကွန်မြူနစ်ပါတီမြို့တော်အတွင်းရေးမှူးက သောကြာနေ့တွင် ဝန်ခံခဲ့သည်။ ဇန်နဝါရီ ၃၁ ရက်အထိ ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၂၅၉ ယောက်ရှိနေပြီး ကူးစက်ခံထားရသူ ၁၁၇၉၁ ယောက်ရှိနေသည်။ ဇန်နဝါရီ ၃၀ ရက်ထက် သေဆုံးသူ ၄၆ ယောက်ပိုများလာပြီး ချုံကင်းကလူတစ်ယောက်မှအပ ထပ်တိုးသေဆုံးသူအားလုံး ဝူဟန်ကဖြစ်သည်။ ဗိုင်းရပ်စ်စပြန့်တဲ့ဝူဟန်မြို့မှာ ကျန်းမာရေး အရေးပေါ်အခြေအနေကိုင်တွယ်တဲ့ပုံစံကို တရုတ်နိုင်ငံသားတွေက လူမှုကွန်ရက်မှာဝေဖန်နေကြသည်။ သီတင်းပတ်တွေပိုစောပြီး ဗိုင်းရပ်စ်ကူးစက်မှုကိုသိပေမဲ့ ၂၀၁၉ နှစ်ကုန်အထိ ကူးစက်မှုနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုဖုံးဖိထားတယ်ဆိုပြီး ဝူဟန်အာဏာပိုင်တွေကို ဝေဖန်နေကြခြင်းဖြစ်သည်။ လက်ရှိမှာ အပြစ်ရှိသလိုခံစားနေရပြီး ကိုယ့်ကိုယ်ကိုအပြစ်တင်မိတယ်လို့ ပါတီအတွင်းရေးမှုမာဂေါင်ကျွင်းက ပြောပါသည်။ ပိုတင်းကြပ်တဲ့ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေလုပ်ခဲ့ရင် အခုထက်ရလဒ်ပိုကောင်းနေမယ်လို့လည်း တရုတ်အစိုးရပိုင်CCTVရုပ်သံနဲ့တွေ့ဆုံမေးမြန်းချိန်မှာ မာကပြောပါသည်။ ဇန်နဝါရီ ၂၃ ရက်ကစပြီး …

တရုတ်မှ ကမ္ဘာလှည့်ခရီးသွားများကို ဆိုက်ရောက်ဗီဇာထုတ်ပေးမှု ယာယီရပ်ဆိုင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ မြန်မာနိုင်ငံသို့လာရောက်မည့် တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားများအား ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် 2019 CoronaVirus (2019n-CoV) ကြောင့် အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) မှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှ စတင်၍ ကြေညာခဲ့ပြီး မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုရန်နှင့် ကာကွယ်ကုသထိန်းချုပ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ကြရန် ထုတ်ပြန်ခဲ့သည်။ ယင်းသို့ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အထူးစိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာခြင်းကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံ ပြည်သူပြည်သားများ၏ ကျန်းမာရေးအတွက် ယင်းကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်ရန်အတွက် လည်းကောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ …

ဝူဟန်ဗိုင်းရပ်စ်အတွက် နှာခေါင်းစည်းများအသုံးပြုခြင်းကြောင့် လုံခြုံသည်ဟု မှားယွင်းမှတ်ယူနိုင်ကြောင်း W.H.O ကျွမ်းကျင်ဆရာ၀န်အသိပေး

စင်ကာပူ၊ ဇန်နဝါရီ ၃၁ ဗိုင်းရပ်စ်များကာကွယ်ရန် လူများ နှာခေါင်းစည်းများမှားယွင်းအသုံးပြုပါက လုံခြုံသည်ဟုမှားယွင်းခံစားရနိုင်ကြောင်း ဆေးပညာကျွမ်းကျင်သူများက အသိပေးသည်။ ဝူဟန်ဗိုင်းရပ်ဟ်ကမ္ဘာအနှံ့ပြန့်ပွားမှုကြောင့် နှာခေါင်းစည်း၀ယ်ယူအသုံးပြုသူများနေချိန်တွင် အသိပေးခြင်းဖြစ်သည်။ တခြားသူများကို ကာကွယ်ရန် နေမကောင်းသူများနှင့် ချောင်းဆိုးသူများသာ နှာခေါင်းစည်းများတပ်ဆင်အသုံးပြုသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O)၏ မလေးရှား၊ ဘရူနိုင်းနှင့်စင်ကာပူနိုင်ငံများမစ်ရှင်နှင့်ကိုယ်စားပြုခေါင်းဆောင် ဒေါက်တာဂျက်ကလင်း ယင်ယူလိုကပြောသည်။ “နှာခေါင်းစည်း၀တ်တာအပြင် လုပ်နိ်ုင်တာတွေအများကြီးရှိတယ်။ လုပ်ရမယ့်အရာတွေအများကြီးရှိတယ်”ဟု CANသတင်းဌာနကို ဒေါက်တာယင်ကပြောသည်။ “နှာခေါင်းစည်း၀တ်ထားတာကပဲ ကူးစက်မခံရဖို့ အဖြေမဟုတ်ပါဘူး”ဟုလည်းပြောသည်။ “ကျွန်တော်ထင်တာတော့ နှာခေါင်းစည်းတွေက လုံခြုံတယ်ဆိုတဲ့အသိမှားတစ်ခု လူတွေကြားထဲရောက်သွားနိုင်တယ်လို့ ကျွန်တော်တော်တော်တွေးမိပါတယ်” ဟုလည်း W.H.O၏ ကမ္ဘာ့ရောဂါပြန့်ပွားမှုနှင့် နိုးကြားမှုတုံ့ပြန်ရေးကွန်ရက်ဥက္ကဋ္ဌ ပါမောက္ခဒေးလ် ဖစ်ရှာကလည်းပြောသည်။ “ကျန်းမာရေးလုပ်သားတွေကတော့ နှာခေါင်းစည်းဘယ်လိုတပ်ရမလဲ၊ စနစ်တကျဘယ်လိုပစ်ရမလဲ၊ ဘယ်အချိန်မှာသုံးရမလဲဆိုတာ လေ့ကျင့်ထားပြီးသားလေ။ လူတော်တော်များများ နှာခေါင်းစည်းတပ်နေကြတာ ကျွန်တော်တွေ့တယ်။ နဖူးပေါ်ရောက်လို့ရောက်၊ မေးစေ့အောက်ရောက်လို့ရောက်နဲ့။ စနစ်တကျဘယ်လိုတပ်ရမလဲသိကြပုံမရဘူး” ဟုလည်း ပါမောက္ခဖစ်ရှာကပြောသည်။ …

တရုတ်နိုင်ငံမကြာခင်ကသွားခဲ့သည့်ခရီးသည်များကို စင်ကာပူအဝင်ရပ်ဆိုင်းရန်ရှိနေ

စင်ကာပူ၊ ဇန်နဝါရီ ၃၁ မကြာသေးခင်က တရုတ်နိုင်ငံသွားရောက်ခဲ့သည့်မှတ်တမ်းရှိသောခရီးသည်များကို ပြည်ဝင်ခွင့်ရပ်ဆိုင်းရန်နှင့် တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများကို ဗီဇာဆိုင်းငံ့ရန်စီစဥ်နေသည်ဟု စင်ကာပူနိုင်ငံက သောကြာနေ့တွင် ကြေညာသည်။ စနေနေ့တွင်စတင်သက်ရောက်မည့်ပိတ်ဆို့မှုတွင် စင်ကာပူဒေသခံများနှင့် အလုပ်ပါမစ်ကိုင်ထားသူများကို ကင်းလွတ်ခွင့်ပြုမည်ဟုလည်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်သည်။ စင်ကာပူမှလေယာဥ်ပြောင်းစီးသူများလည်း အကြုံးဝင်ကြောင်းပြောသည်။ စနေနေ့ည ၁၁နာရီ ၅၉ မိနစ်တွင် ဗီဇာဆိုင်းငံမှုချက်ချင်းအသက်ဝင်မှုဖြစ်သဖြင့် ခရီးသွားများကို ကြိုတင်သတိပေးထားနိုင်ရန်ထုတ်ပြန်ခြင်းဖြစ်သည်ဟု South China Morning Post သတင်းစာ က ဖော်ပြသည်။ စင်ကာပူ၏အကြီးဆုံးကုန်သွယ်ဖက်မှာ တရုတ်နိုင်ငံဖြစ်ပြီး စင်ကာပူသည် တရုတ်ခရီးသွားများကြားရေပန်းစားသောနေရာတသ်နေရာထြစ်သည်။ စင်ကာပူခရီးသွားဘုတ်အဖွဲ့ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်နိုဝင်လာတွင် စင်ကာပူသို့တရုတ်ပြည်မကြီးမှလာရောက်သူ ၂၄၈၀၀၀ ယောက်ရှိသည်။ သောကြာနေ့အထိ စင်ကာပူတွင် ကိုရိုနာဗိုင်းရပ်စ်သစ်2019-nCoVကူးစက်ခံရသူ ၁၁ ယောက်ရှိပြီး ဝူဟန်မြို့မှ လာရောက်သူများဖြစ်သည်။ လက်ရှိအချိန်အထိ လူထုအကြားကူးစက်မှုမရှိကြောင်း စင်ကာပူကျန်းမာရေးအာဏာပိုင်များအလေးပေးပြောဆိုသည်။ Source- Bangkok Post ဥက္ကာ …

ထိုင်းတွင် ပထမဆုံးလူလူချင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွား

ဘန်ကောက်၊ ဇန်နဝါရီ ၃၁ တရုတ်နိုင်ငံသို့ခရီးသွားခဲ့သည့်မှတ်တမ်းမရှိသူတစ်ယောက်အပါအဝင် လူ ၅ ယောက်ကို စစ်ဆေးခဲ့ရာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်2019-nCoVကူးစက်ခံထားသူတစ်ယောက်တွေ့ရှိခဲ့သည်ဟု ထိုင်းရောဂါထိန်းချုပ်ရေးဌာနကပြောသည်။ ​ထိုင်းနိုင်ငံတွင်း ပထမဆုံးလူလူချင်းကူစက်ခံရသူမှာ ထိုင်းလူမျိုးအငှားယာဉ်မောင်းတစ်ယောက်ဟုအတည်ပြုသော်လည်း အသေးစိတ်များကို ဌာနဒုတိယညွှန်ကြားရေးမှူး တာနာရက် ပီပတ်က ပြောဆိုခဲ့ခြင်းမရှိချေ။ ယခုဖြစ်ရပ်ကြောင့် ထိုင်းနိုင်ငံတွင် ကူးစက်ခံရသူ ၁၉ ယောက်ရှိလာသည်။ ယခုကူးစက်ခံရသည့်အငှားယာဥ်မောင်းမှအပ ကျန်သူများမှာ ဝူဟန်မြို့ရှိသည့်ဟူဘေးပြည်နယ်မှတရုတ်လူမျိုးများဖြစ်သည်။ ထိုယာဉ်မောင်းနှင့်အနီးကပ်ထိတွေ့နေသည့်မိသားစုဝင် ၅ ယောက်နှင့် ခရီးသည် ၈ ယောက်ကိုလည်း ကူးစက်နိုင်ကြောင်းသံသယဖြင့်စောင့်ကြည့်နေသည်။ ယခုတစ်ပတ်အစောပိုင်းက ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်သစ်ကို ရာနှုန်းပြည့်ထိန်းချုပ်မည်ဟုပြောထားသောထိုင်းဝန်ကြီးချုပ်ပရာရွတ် ချန်အိုချာက ယခုဖြစ်ရပ်အတွက် ရုတ်ခြည်းမှတ်ချက်မပြုသေးပေ။ တရုတ်နိုင်ငံပြင်ပတွင် ဂျပန်နှင့်ဂျာမနီပြီးနောက် ထိုင်းသည် တတိယမြောက်လူလူချင်းဗိုင်းရပ်စ်ကူးစက်သည့်နိုင်ငံဖြစ်လာသည်။ Source- Khaosod#ဥက္ကာ  #MeKongNewsPhoto- Khaosod

ရှမ်းမြောက်တွင် ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိကြောင်း အတည်ပြုရှင်းလင်း

လားရှိုး၊ ဇန်နဝါရီ ၃၁ ကောလာဟလများ ထွက်ပေါ်နေသကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဝူဟန်ဗိုင်းရပ်ကူးစက်ခံထားရသူ မရှိကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဇန်နဝါရီလ ၃၁ရက် နံနက်ပိုင်းတွင် မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းသည်။ တရုတ်နိုင်ငံအတွင်း ဝူဟန်ဗိုင်းရပ်စ် စတင်ဖြစ်ပေါ်စဉ်က လားရှိုးမြို့၊ ရပ်ကွက်(၁)မှ အမျိုးသမီးတစ်ဦး ဖျားနာသေဆုံးမှုကို စစ်ဆေးခဲ့ပြီး ဝူဟန်ဗိုင်းရပ်စ်ပိုးမဟုတ်ကြောင်း၊ ရပ်ကွက် (၅)မှ ဖျားနာသူတစ်ဦး၊ ရွှေလီမှ ပြန်လာသူ (၂)ဦး၊ တရုတ်နယ်စပ်မှ ပြန်လာသည့် ရပ်ကွက် (၈)တွင် နေထိုင်သည့် ဖျားနာသူတစ်ဦးတို့ကိုလည်း စစ်ဆေးခဲ့ပြီး ဝူဟန်ဗိုင်းရပ်စ်နှင့် စပ်ဆိုင်ခြင်း မရှိကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာ တင်မောင်ထွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ “ရပ်ကွက် (၈)က လူနာက နမ့်ခမ်းဘက်မှာ ဆေးသုတ်တဲ့အလုပ်သွားလုပ်တာပါ။ ပြန်လာတာ ၄၊ ၅ရက်ရှိပြီ။ …

Design a site like this with WordPress.com
Get started