ဘန်ကောက်မြို့ခံ ၄ သောင်းနီးပါး အသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာများအတွက် ကုသမှုခံယူနေရ

ဘန်ကောက်၊ ဇန်နဝါရီ ၁၄ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာနောက်ပိုင်းတွင် ဘန်ကောက်ရှိအဓိကခရိုင် ၂ ခုတွင် လူ ၄ သောင်းနီးပါး အသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာများအတွက် ကုသမှုခံယူနေရကြောင်း ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဌာနက တနင်္လာနေ့တွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ ထိုခရိုင် ၂ ခရိုင်တွင် လေထုထဲရှိအန္တရာယ်ရှိသောအမှုန် လုံခြုံမှုမရှိသောအဆင့်ရှိနေသည်ဟု ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့၊ ပတ်ဝန်းကျင်ဆိုင်ရာဌာနကလည်း တနင်္လာနေ့တွင် အစီရင်ခံခဲ့သည်။ “ဘန်ကောက်ရဲ့အဓိကခရိုင် ၂ ခုဖြစ်တဲ့ ဖရာနခွန်နဲ့ ဝမ်သောင်လန်တို့မှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လေထုထဲမှာ အန္တရာယ်ရှိတဲ့အမှုန် (PM 2.5)ပါဝင်မှု တစ်ကုဗမီတာကို ၃၁ ကနေ ၅၄ မီလီဂရမ်ပါဝင်နေပြီးတော့ ဘေးကင်းလုံခြုံတဲ့ပမာဏကတော့ တစ်ကုဗမီတာမှာ ၅၀ မိုက်ခရိုမီလီဂရမ်ဖြစ်ပါတယ်”လို့ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့၊ ပတ်ဝန်းကျင်ဆိုင်ရာဌာနက ထုတ်ပြန်သည်။ Source- Khaosod ဥက္ကာ #MeKongNews …

ပြစ်ဒဏ်အရ ဒဏ်ငွေဆောင်ပြီးသည့် ထိုင်းနိုင်ငံသူ (၃)ဦးကို ပြည်နှင်လွှဲပြောင်း

တာချီလိတ်၊ ဇန်နဝါရီ ၁၄ တာချီလိတ်မြို့နယ်အတွင်း တရားဝင် ပြည်ဝင်ခွင့်လက်မှတ် အထောက်အထား တစ်စုံတစ်ရာ မပါဘဲ ဝင်ရောက်နေထိုင်သည့်အတွက် တရားရုံးမှ ထောင်ဒဏ်(၆)လ (သို့မဟုတ်) ဒဏ်ငွေ ကျပ်(၅)သိန်း ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခံရသည့် ထိုင်းနိုင်ငံသူ (၃)ဦးသည် ဒဏ်ငွေ ကျပ်(၅)သိန်းစီ ပေးဆောင်ပြီးသည့်အတွက် ဇန်နဝါရီလ ၁၄ရက်တွင် ထိုင်းနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ ၂၀၁၉ခုနှစ် ဇူလိုင်လ ၂ရက်က မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါလိုင်ကျေးရွာရှိ လယ်စောင့်တဲများတွင် တရားဝင် ထောက်အထား မရှိသည့် ထိုင်းနိုင်ငံသူ (၃)ဦးကို ဖမ်းဆီးရမိခြင်း ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃ရက်တွင် တာချီလိတ်မြို့နယ် တရားရုံးက ဒဏ်ငွေကျပ်(၅)သိန်း (သို့မဟုတ်) ထောင်ဒဏ် (၆)လ ချမှတ်ခဲ့ရာ အဆိုပါ ထိုင်းနိုင်ငံသူ (၃)ဦးက ဒဏ်ငွေဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ …

ရှမ်းအရှေ့တွင် MPT ကြိုးဖုန်းအဆင့်မြှင့်တင်မှုများ လုပ်ဆောင်နေ

တာချီလိတ်၊ ဇနနဝါရီ ၁၄ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ်နှင့်ကျိုင်းတုံမြို့တို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း – MPT ၏ကြိုးဖုန်းများကို အဆင့်မြှင့်တင်မှုများ လုပ်ဆောင်လျှက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ကြိုးဖုန်းများ၏ ယခင်ကြိုးလိုင်းများကို ဖိုက်ဘာကြိုးဖြင့် အစားထိုးတပ်ဆင်ခြင်း ဖြစ်ပြီး အစားထိုတပ်ဆင်ပြီးသည့် ကြိုးဖုန်းများ အနေဖြင့် ဖုန်းပြောရုံသာမက အင်တာနက်ပါ သုံးစွဲရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုဌာနခွဲ၏ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်ရှုအေးက ပြောသည်။ “လုပ်ငန်းက အခုစနေပြီ။ ကြိုးဖုန်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းခေါ်ပါတယ်။ စစချင်းမှာ အင်တာနက်ကို (၂)လ အခမဲ့ ပေးသုံးလိုက်မယ်။ ကြိုက်တယ်ဆိုမှ ထပ်ယူပေါ့” ဟု ၎င်းက ပြောသည်။ ကြိုးဖုန်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ပြီးဆုံးပါက မြို့တွင်းရှိ ဖုန်းကြိုးများကို ဖြုတ်သိမ်းသွားမည် ဖြစ်သည့်အတွက် ရှုပ်နေသည့် လိုင်းကြိုးအဟောင်းများ ရှင်းလင်းသွားမည်ဖြစ်ကြောင်း ဒေါ်ရှုအေးက ပြောသည်။ …

ဆေးခြောက်လျှော် တရားဝင်စိုက်ပျိုး လုပ်ကိုင်နိုင်ရေး လွှတ်တော်တွင် လုပ်ဆောင်မည်

နေပြည်တော်၊ ဇန်နဝါရီ ၁၄ဝေမိုး(နေပြည်တော်) ဆေးခြောက်နွယ်ဝင် စက်မှုလျှော် (Hemp)အား တရားဝင်စိုက်ပျိုးလုပ်ကိုင်နိူင်ရေး ပြည်သူ့လွှတ်တော်မှတဆင့် ပြင်ဆင်ချက် ဥပဒေအား ထုတ်ပြန်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌဖြစ်သူ ဦးရန်လင်းမှ ပြောသည်။ Fall Armyworm (FAW) ငမြှေင်တောင်ပိုးကျရောက်မှုကို အရေးတုံ့ပြန်နိူင်ရန် စောင့်ကြည့်ခြင်း ကြိုတင်သတိပေးခြင်း နည်းပညာစွမ်းရည် မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးကို ဇန်နဝါရီလ ၁၀ရက်က နေပြည်တော် အမရာဟိုတယ်၌ ကျင်းပခဲ့ရာ အထက်ပါအတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရန်လင်းမှ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဥပဒေပြင်ဖို့အတွက် ပြီးခဲ့တဲ့ အစည်းအဝေးမှာ လွှတ်တော်မှာ ကျန်းမာရေးဝန်ကြီးနဲ့လည်း တော်တော် များများပြောခဲ့ပြီးပါပြီ ဝန်ကြီးကလည်း သဘောတူပါတယ်။ ကျနော်တို့ နိုင်ငံမှာ ပိုက်ဆံတွေ အများကြီးရနိုင်တဲ့ အပင်တွေဖြစ်ပါတယ်။ ဆေးဝါးလည်း ထုတ်လို့ရတဲ့ အပင်ဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ သဘောတူပါ …

ထိုင်းတွင် ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ်လူနာ ပထမဆုံးတွေ့ရှိ

ဘန်ကောက်၊ ဇန်နဝါရီ ၁၃ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှပြန်လာသော အသက် ၆၁ နှစ်အရွယ်တရုတ်အမျိုးသမီးတစ်ဦးထံတွင် ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း ပထမဆုံးတွေ့ရှိခဲ့သည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ထိုအမျိုးသမီးအခြေအနေ မစိုးရိမ်ရကြောင်းနှင့် လက်ရှိတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။ ဇန်နဝါရီ ၃ ရက်မှစ၍ ဝူဟန်မြို့မှ လာသောခရီးသည်များကို သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ဖူးကတ်နှင့်ချင်းမိုင်လေဆိပ်များတွင် စောင့်ကြည့်နေကြပြီး အများပိုင်နှင့် ပုဂ္ဂလိကပိုင်ဆေးရုံများတွင်လည်း စောင့်ကြည့်မှုမြှင့်တင်ခဲ့သည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင် ချာဗီရာကူးက တနင်္လာနေ့တွင်ပြောသည်။ ဗိုင်းရပ်စ်ကူးစက်ခံရသည့်လက္ခဏာပြသူ ၁၂ ဆယာက်ရှိနေသော်လည်း အများစုမှာရာသီတုပ်ကွေးသာဖြစ်ပြီး တနင်္ဂနွေနေ့ကစမ်းသပ်ရာတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယနေ့တွင် ကုသမှုပေးပြီး တရုတ်နိုင်ငံပြန်ရန် အဆင်သင့်ရှိနေကြောင်း အနုတင်က အသိပေးသည်။ ဝန်ကြီးဌာနတွင် နိုင်ငံတကာအဆင့်မီ ရောဂါရှာဖွေစစ်ဆေးမှုလုပ်နိုင်စွမ်းရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ လေဆိပ်များရှိဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပြီး …

လမ်းဖြတ်ကူးသည့် ကိုရင်လေး ကားတိုက်ခံရပြီး သေဆုံးပျံလွန်တော်မူ

တာချီလိတ်၊ ဇန်နဝါရီ ၁၃ လမ်းဖြတ်ကူးလာသည့် ကိုရင်လေးတစ်ပါကို တာချီလိတ်-ကျိုင်းတုံသွားလမ်းဆုံမှ လေယာဉ်ကွင်းလမ်းဆုံဘက်သို့ လာသည့် ကားတစ်စီးမှ တိုက်မိရာ ပွဲချင်းပြီး သေဆုံးပျံလွန်တော်မူ သွားကြောင်း သိရသည်။ ဇန်နဝါရီလ ၁၂ရက် ည ၈နာရီခန့်က တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ဝမ်ဟောင်ရွာဘုန်ကြီးကျောင်းရှေ့ တွင် လမ်းဖြတ်ကူးလာသည့် အသက် (၁၁)နှစ် အရွယ် ကိုရင်နာလထကို တာချီလိတ်-ကျိုင်းတုံသွားလမ်းဆုံမှ လေယာဉ်ကွင်းလမ်းဆုံဘက်သို့ မောင်းနှင်လာသည့် ကားတစ်စီးမှ တိုက်မိခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာတွင်ပင် ကိုရင်နာလထမှာ သေဆုံးပျံလွန်တော်မူသွားကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။ တိုက်မိသည့် ကားမှာ မောင်းနှင်ထွက်ပြေးသွားသည့်အတွက် ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ MeKongNews

သြစတြေးလျတောမီးထိန်းနိုင်ပြီဟု မီးသတ်သမားများပြော

ဆစ်ဒနီ၊ ဇန်နဝါရီ ၁၃ တနင်္လာနေ့တွင် သြစတြေးလျနိုင်ငံ၏ ဧရာမမီးတောက်ကို ထိန်းချုပ်နိုင်ပြီဟု သြစတြေးလျမီးသတ်သမားများ ကပြောသည်။ ဂေါ့စပါတောင်တန်းပေါ်တွင် သုံးလနီးနီးလောငိနေသောတောမီးကို အသာစီးရခဲ့ပြီဟု နယူးဆော့သ်ဝေးပြည်နယ် မီးသတ်တပ်ဖွဲ့ကပြောသည်။ မီးလောင်သည့်နေရာတချို့ ကျန်နေသော်လည်း အ​ခြေအနေအသာစီးရနေပြီဟု မီးလောင်ပြင်ထံတနင်္လာနေ့တွင် သွားရောက်ခဲ့သည့် နယူးဆော့သ်ဝေးပြည်နယ်တောမီးသတ်ရေးဌာန မဟာမင်းကြီး ရှိန်း ဖစ်ဇ်ဆိုင်မွန်ကပြောသည်။လာမည့်တစ်ပတ်တွင် မိုးရေချိန် ၅၀ မီလီမီတာခန့်ရွာနိုင်သည်ဟု သြစတြေးလျမိုးလေဝသဌာနက ခန့်မှန်းထားသည်။ နောက်ထပ်နေရာဒါဇင်ချီတွင်တော့ မီးငြိမ်းရန်လိုနေသေးသည်။ ‌ဒေသခံများနှင့် တောရိုင်းတိရစ္ဆာန်များကိုကူညီရန် ကမ္ဘာတစ်ဝန်းမှဝိုင်းဝန်းကူညီပေးနေကြသည်။ Source-AFP ဥက္ကာ#MeKongNews Photo- ABC

သတင်းကိစ္စနှင့် ပတ်သက်ပြီး ငွေကြေးရယူသည့် သတင်းသမားများကို မီဒီယာကောင်စီ သတိပေး

တာချီလိတ်၊ ဇန်နဝါရီ ၁၃ သတင်းမီဒီယာသမားများ အနေဖြင့် သတင်းကိစ္စနှင့် ပတ်သက်ပြီး ငွေကြေးရယူမှုများအပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သတိပေးချက်တစ်ရပ်ကို ဇန်နဝါရီလ ၁၃ရက်တွင် ထုတ်ပြန်လိုက်သည်။ သတင်းမီဒီယာသမားများသည် ပြဌာန်းထား သည့် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နှင့် စည်းကမ်းများကို တိကျစွာလိုက်နာရန်လိုအပ်ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိပါက ခေါ်ယူတွေ့ဆုံသတိပေးခြင်း၊ သတိပေးချက်ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သတင်းမီဒီယာကောင်စီ၏ ထုတ်ပြန်ချက် အပြည့်အစုံမှာ ၁။ သတင်းမီဒီယာသမားအချို့သည် သတင်းရယူသည့်ကိစ္စများတွင် လည်းကောင်း၊ အခမ်းအနားများတွင် လည်းကောင်း၊ သတင်းရယူ ဖော်ပြရန် ငွေကြေးတောင်းခံနေမှုများ ရှိနေကြောင်း သိရှိရပါသည်။.၂။ သတင်းမီဒီယာဥပဒေ ပုဒ်မ ၃ (ခ) အရ ‘သတင်းမီဒီယာ လုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာရပ်တည် နိုင်စေရန်’ ဟု …

ရွှေစက်တော်ဘေးမဲ့တောတွင် အစောင့်ဖြင့်ထိန်းသိမ်းထားသည့် ကြယ်လိပ် အကောင် ၁၅၀ကျော် ခိုးယူခံရ

တာချီလိတ်၊ ဇန်နဝါရီ ၁၃ ရှားပါးမျိုးစိတ်ဖြစ်သည့်အတွက် အစောင့်များချထားကာ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ရွှေစက်တော် ဘေးမဲ့တော့မှ ကြယ်လိတ် ၁၅၇ ကောင်ကို ဇန်နဝါရီလ ၁၃ရက် နံနက်အစောပိုင်းက ခိုးယူခံခဲ့ရကြောင်း ရွှေစက်တော်ဘေးမဲ့တောမှ သိရသည်။ ရှားပါးကြယ်လိပ်များကို ထိန်းသိမ်းထာသည့် နေရာတွင် ညဘက်၌အစောင့် ၂ဦး ပုံမှန်ချထားသော်လည်း အစောင့် တစ်ဦးမှာ နေမကောင်းသဖြင့် ခွင့်ယူထားချိန်တွင် ယခုကဲ့သို့ ခိုးယူခံရခြင်းဖြစ်ကြောင်း ရွှေစက်တော်ဘေးမဲတော့မှ တာဝန်ကျ တောအုပ်တစ်ဦးက မဲခေါင်သတင်းဌာနသို့ပြောသည်။ “အစောင့်တစ်ယောက်ပဲ ကျန်တော့ အဲဒီအစောင့်ကလည်း ည ၁နာရီထိုးလောက်မှာ လိုက်စစ်သေးတယ်။ အဲဒီအချိန်မှာ ဘာမှမဖြစ်သေးဘူး။ ပြီးတော့ သူကအိပ်ပျော်သွားပြီး မနက် ၅နာရီလောက်နိုးတော့ ခြံက ဖျက်ခံထားရတယ်။ အဲဒါနဲ့ အဆင့်ဆင့်ကို အကြောင်းကြားပြီး စစ်လိုက်တော့ အားလုံး ၁၅၇ ကောင်ပျောက်နေတယ်” ဟု …

လက်ရှိအစိုးရ (၄)နှစ်တာ ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှောင့်နှေးခဲ့ဟု RCSS ဆို

တာချီလိတ်၊ ဇန်နဝါရီ ၁၂ လက်ရှိအစိုးရလက်ထက် (၄)နှစ်တာ ကာလအတွင်း တစ်ဆို့မှုတွေရှိခဲ့သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တော်တော်လေး နှောင့်နှေးခဲ့ကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီးစိုင်းမိဏ်းက ပြောသည်။ နေပြည်တော်တွင် ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် JICM အစည်းအဝေးသို့ တက်ရောက်ပြီး အပြန် တာချီလိတ်လေဆိပ်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး မည်သည့်အစိုးရလက်ထက်တွင် ရှေ့ပိုမိုရောက်ရှိသလဲဆိုသည့် မဲခေါင်သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားရာတွင် “ဘယ်အစိုးရလက်ထက်မှာရယ်လိုတော့ မပြောလိုဘူးပေါ့လေ။ ဒီ (၄)နှစ်တာကာလအတော်တွင်းမှာတော့ တော်တော်လေးကို နှောင့်နှေးသွားပါတယ်။ တစ်ဆို့မှုတွေ ရှိခဲ့လို့ပေါ့နော်”ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်က ပြောသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့မှု ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းမှာ NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခြင်းမရှိသည့် ‘တစ်ခုတည်းသောတပ်မတော်’ နှင့် ‘ခွဲမထွက်ခွင့်’ …

Design a site like this with WordPress.com
Get started