မုန်လူမျိုးများကို လူမျိုးရေးခွဲခြားရေးသားသည်ဟုဆိုကာ ဘန်ကောက်ပို့စ်သတင်းထောက် ဝေဖန်ခံနေရ

ဘန်ကောက်၊ ဇန်နဝါရီ ၁ အမျိုးသားရေးစွန်းပြီး လူမျိုးရေးခွဲခြားမှုများပါဝင်နေသည့် ဆောင်းပါးတစ်ပုဒ်ကို ထိုင်းစစ်တပ်နှင့်နီးစပ်သည့် ဘန်ကောက်ပို့သတင်းစာမှ သတင်းထောက်တစ်ယောက်က ဖေ့ဘွတ်တွင်ရေးသားခဲ့ပြီးနောက် ထိုင်းနိုင်ငံသားအင်တာနက်သုံးစွဲသူများ ကဝေဖန်နေကြသည်။ ကိုယ်ပိုင်ပုံစံဖြင့် ဘန်ကောက်ပို့စ်၏ စစ်သတင်းထောက်ဝါဆာနာ နာနောင်ရေးသားခဲ့သည့် ဆောင်းပါးနှစ်ပုဒ်ကိုဝေဖန်သူများတွင် လူနည်းစုအခွင့်အရေးလုပ်ဆောင်နေသူတစ်ယောက်နှင့် ထိုင်းလူမျိုးကြီးဝါဒရန်စကားပြောနေသည်ဟု စွပ်စွဲခဲ့သည့် အတိုက်အခံအမတ်တစ်ယောက်လည်း ပါဝင်နေသည်။ အမည်မဖော်လိုသူ ရေတပ်ဗိုလ်ချုပ်ကြီးတစ်ယောက် ရေးသားခဲ့သည့်ဟု ဝါဆာနာပြောသောဆောင်းပါးတွင် အတိုက်အခံFFပါတီခေါင်းဆောင် သာနာသွန်း ဂျွမ်ဂရွန်ဂရောင်ကစ်၏ မုန်တိုင်းရင်းသားလူမျိုးစုဝင်များကို မြေယာအခွင့်အရေးနှင့် တရားဥပဒေအရကာကွယ်မှုပေးမည်ဟုပြောခဲ့သည်များကို ပုတ်ခတ်ပြောဆိုထားသည်။ ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ဝေခဲ့သောပထမဆုံးပို့စ်တွင် မုန်များကိုအမိမြေပြန်ပို့ခြင်းအားဖြင့် ထိုင်းလူမျိုးများအတွက် ဝန်မပိစေလိုဟု သာနာသွန်းကို တိုက်တွန်းထားသည်။ တနင်္ဂနွေနေ့တွင် ဝါဆာနာတင်ခဲ့သောဒုတိယဆောင်းပါးတွင်လည်း ထိုစာရေးဆရာက ပိုပြင်းထန်သော အသုံးအနှုန်းများသုံးခဲ့သည်။ မုန်၊ ရိုဟင်ဂျာ၊ လူဖြူ ခက်များ၊ အာရပ်များ၊ မွတ်ဆလင်များနှင့် နီဂရိုးသန်းထောင်ချီကို အကူအညီမပေးခင် …

၂၀၂၀ ကြားဖြတ်သန်းခေါင်စာရင်းအတွက် တာချီလိတ်ခရိုင်တွင် ကောက်ကွက် (၄၅)ကွက် လျာထား

တာချီလိတ်၊ ဒီဇင်ဘာ ၃၀ ၂၀၂၀ မြန်မာနိုင်ငံ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ခံရန်အတွက် တာချီလိတ် ခရိုင်အတွင် ကောက်ကွက် (၄၅)ကွက်လျာထားကြောင်း တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ သိရသည်။ တာချီလိတ်မြို့နယ်အတွင်း ကောက်ကွက် (၃၂)ကွက်၊ မိုင်းယောင်းမြို့နယ်အတွင် ကောက်ကွက်(၇)ကွက်နှင့် မိုင်းဖြတ်မြို့နယ်အတွင်း ကောက်ကွက် (၆)ကွက်သတ်မှတ်ကာ ကောက်ခံသွားမည် ဖြစ်ပြီး လူဦးရေသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို ဇန်နဝါရီလအတွင်း (၁၀)ရက်ကြာ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ခရိုင်လဝက ရုံးမှာ စာရင်းစစ်၊ စာရင်းကောက် (၂၉)ယောက်ကို မိုဘိုင်းတက်ဘလက်နဲ့ စာရင်းကောက်နည်း နည်းပညာကို ပို့ချပေးမယ်။ သင်တန်းက (၂)ရက်ကနေ (၁၂)ရက်အထိ”ဟု၎င်းက ပြောသည်။ အဆိုပါသင်တန်းပြီးဆုံးပါက ၂၀၂၀ ခုနှစ်၊ …

ခိုတောင်ကျွန်းလူသတ်မှုရင်ခွဲစစ်ဆေးချက် အပေါ် နိုင်ငံတကာမီဒီယာဝေဖန်မှု ထိုင်းရဲငြင်းဆို

ဘန်ကောက်၊ ဒီဇင်ဘာ ၃၀ ၂၀၁၄ ခုနှစ်၊ ခိုတောင်(လိပ်)ကျွန်းလူသတ်မှုတွင် ထိုင်းရဲတပ်ဖွဲ့၏ရင်ခွဲစစ်ဆေးခြင်းကို နိုင်ငံတကာမီဒီယာများဝေဖန်နေခြင်းအပေါ် ထိုင်းရဲတပ်ဖွဲ့က ငြင်းဆိုခဲ့သည်။ ထိုင်းရဲရင်ခွဲစစ်ဆေးမှု နိုင်ငံတကာစံနှုန်းနှင့်မကိုက်ညီဟု နိုင်ငံတကာမီဒီယာများတွင် ဝေဖန်နေကြခြင်းဖြစ်သည်။ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ပြောခွင့်ရသူ ရဲဒုတိယဗိုလ်ချုပ်ကြီး ပီယာ အူသာယိုက Fairfax သတင်းဌာနက အွန်လိုင်းတွင်တင်ခဲ့သော သတင်းဆောင်းပါးတစ်ခုကိုကိုးကားပြောသည်။ ၂၀၁၆ ခုနှစ်က ထိုင်းနိုင်ငံသို့ နိုင်ငံခြား ရင်ခွဲစစ်ဆေးမှု သက်သေခံအဖြစ်လာရောက်ခဲ့သည့် သြစတြေးလျနိုင်ငံသူ ရင်ခွဲစစ်ဆေးမှုကျွမ်းကျင်သူ ဂျိန်း တော်ပင်ကို ကိုးကားပြီး သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့၏ မှုခင်းရင်ခွဲစစ်ဆေးသည့်ဓာတ်ခွဲခန်းသည် မယုံကြည်ထိုက်ကြောင်း တော်ပင်က စွပ်စွဲခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့သည် တရားပြိုင်နှစ်ဦးစလုံး၏ DNAကို တရားရုံးတွင်ထုတ်ယူခဲ့ကြောင်း ပီယာက အတည်ပြုသည်။ မှုခင်းဖြစ်သည့်နေရာတွင် တွေ့ရပြီး မြန်မာရွှေ့ပြောင်းလုပ်သားဇော်ဝင်းနှင့် ဝင်းဇော်ထွန်းတို့ကို သေဒဏ်ပေးခဲ့သည့် DNAနှင့် ထပ်တူညီကြောင်းလည်းပြောသည်။ ဇော်ဝင်းနှင့်ဝင်းဇော်ထွန်းတို့ကို လက်ရှိတွင် ထိုင်းထောင်တွင်ထိန်းသိမ်းထားပြီး …

တရုတ်ဆည်စမ်းသပ်မှုကြောင့် မဲခေါင်မြစ်ကမ်းရေလျော့ကျနိုင်ကြောင်း သတိပေး

ဘန်ကောက်၊ ဒီဇင်ဘာ ၃၀ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ဂျင်းဟောင်ရေအားလျှပ်စစ်စက်ရုံမှစမ်းသပ်မှုများကြောင့် ရေစီးဆင်းမှုလျော့ကျလာနိုင်သည်ဟု ခန့်မှန်းထားချိန်တွင် ဇန်နဝါရီ ၁ ရက်နှင့် ၄ ရက်ကြားတွင် ရေကျသွားနိုင်ကြောင်း မဲခေါင်မြစ်ကမ်းတွင်ရှိသည့် ထိုင်းခရိုင် ၈ ခရိုင်ကို သတိပေးထားသည်။ ဂျင်းဟောင်ဆည်တွင် စမ်းသပ်မှုစတင်ချိန်တွင် မဲခေါင်မြစ်ကြောင်းတစ်လျှောက်ရှိ ချင်းရိုင်၊ လွိုင်အီ၊ နခွန်ဖန်နွန်၊ နောင်ခိုင်၊ မုဒဟန်၊ ဘောင်ကန်၊ အမ်နက် ချာရွန်နှင့် အူဘွန် ရတ်ချသာနီတို့တွင် ရေကျသွားနိုင်သည်ဟု ထိုင်းအမျိုးသားရေအရင်းအမြစ်ရုံးက အသိပေးသည်။ တရုတ်ရေအရင်းအမြစ်ဝန်ကြီးဌာန၏ အကြောင်းကြားချက်အရ ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အတွင်း ဆည်မှ တစ်စက္ကန့်လျှင်ရေထုတ်လွှတ်မှု အများဆုံး ၁၄၀ဝ ကုဗမီတာမှ အများဆုံး ၁၀ဝ၀ ကုဗမီတာ လျှော့ချစမ်းသပ်မည်ဖြစ်ကြောင်း သိရသည်။ မူလအနေအထားပြန်မရောက်ခင် ဇန်နဝါရီ ၄ …

ချင်းမိုင်၏ ကမ္ဘာလှည့်ခရီးသည် ဆွဲဆောင်မှုအရှိဆုံးနေရာများတွင် ခရီးသွားများ စုပြုံနေ

ချင်းမိုင်၊ ဒီဇင်ဘာ ၃၀ ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်ခရိုင်၏ ခရီးသည်များကို ဆွဲဆောင်မှုအရှိဆုံးထိပ်တန်းနေရာများတွင် နှစ်သစ်ကူးအားလပ်ရက်အတွင်း ထိုင်းပြည်တွင်းနှင့် နိုင်ငံတကာခရီးသည်များဖြင့် ပြည့်နှက်နေသည်။ ထိပ်တန်းခရီးသည်ဆွဲဆောင်သည့် နေရာ ဒွိုင်အင်သာနွန်တွင် နှစ်သစ်ကူးနေ့ အရုဏ်တက်ချိန်ကိုကြည့်ရန် စခန်းချနေသူများရှိနေပြီး တောင်တက်လမ်းတစ်လျှောက်လုံးတွင် ကားများပိတ်ဆို့နေသည်။ တနင်္ဂနွေနေ့မနက်ပိုင်းတွင် ဒွိုင်အင်သာနွန်ထိပ်တွင် အပူချိန် ၅ ဒီဂရီဆဲလ်စီးယက်ရှိပြီး ဒွိုင်အင်သာနွန်အမျိုးသားဥယျာဉ်ရုံးတွင် ၁၁ ဒီဂရီဆဲလ်စီးယက်ရှိသည်။ အအေးလှိုင်းနှင့် သဘာဝအလှကို မျှော်လင့်နေကြသောခရီးသည်များအတွက် နေစရာစီစဉ်ပေးထားကြောင်း ဒွိုင်အင်သာနွန်အမျိုးသားဥယျာဉ်တာဝန်ခံခရစ်ဆာယမ် ကောင်ဆာထရီကပြောသည်။ အမှိုက်များပြန်ထည့်ရန် အိတ်ယူလာရေးနှင့် အားလပ်ရက်အနားယူပြီးချိန် ပန်းခြံမှပြန်ထွက်သောအခါ အိတ်များပြန်ယူသွားရေး စည်းရုံးလှုံ့ဆော်မှုများလည်းရှိနေသည်။ နှစ်သစ်ကူးနေ့တွင် ခရီးသည် ၂၀ဝ၀ဝ ကျော်ရှိလိမ့်မည်ဟုလည်း ခရစ်ဆာယမ်ကခန့်မှန်းသည်။ စနေနေ့အထိ ဒွိုင်အင်သာနွန်ကို နိုင်ငံခြားသား ၁၃၁၆ ယောက်နှင့် ထိုင်း ၁၂၈၄၀ ယောက် စုစုပေါင်း ၁၃၉၇၆ ယောက်ရောက်ခဲ့သည်။ Source-Bangkok …

နှစ်သစ်ကူးကာလမတော်တဆမှုများကြောင့် ထိုင်းတွင် လူ ၁၀ဝ ကျော်သေဆုံး

ဘန်ကောက်၊ ဒီဇင်ဘာ ၂၉ ထိုင်းနိုင်ငံတွင် နှစ်သစ်ကူးကာလရုံးပိတ်ရက် ၂ ရက်အတွင်း လမ်းပေါ်မတော်တဆမှု ၉၇၄ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၀၉ ယောက်၊ ဒဏ်ရာရသူ ၉၉၃ ယောက်ရှိခဲ့သည်ဟု ထိုင်းပို့ဆောင်ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။ ၂၀၁၈ ခုနှစ်ကထက် မတော်တဆဖြစ်ပွားမှု ၁.၄ ရာခိုင်နှုန်း၊ သေဆုံးသူ ၃.၅ ရာခိုင်နှုန်းနှင့် ဒဏ်ရာရသူ ၁.၄ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းဖြစ်သည်။ စနေနေ့တစ်နေ့တည်းတွင် ယာဉ်မတော်တဆမှု ၅၁၀ မှုဖြစ်ခဲ့ပြီး လူ ၆၆ ယောက်သေဆုံး၊ ၅၂၇ ယောက်ဒဏ်ရာရခဲ့သည်ဟု ထိုင်းပို့ဆောင်ရေးဌာနဒုတိယအမြဲတန်းအတွင်းဝန် အနွန် လျန်ဘိုရီဘွန်က တနင်္ဂနွေနေ့တွင်ပြောသည်။ အရက်သောက်ပြီးကားမောင်းမှုကြောင့် အများဆုံးဖြစ်ပြီး မတော်တဆမှုအားလုံး၏ ၃၅.၅ ရာခိုင်နှုန်းဖြစ်ခဲ့တာပါ။ သတ်မှတ်မိုင်နှုန်းထက်ပိုမောင်းမှုကြောင့် မတော်တဆမှု ၃၀ ရာခိုင်နှုန်းဖြစ်ပွားခဲ့သည်။ မတော်တဆမှု ၆၄.၆ ရာခိုင်နှုန်းတွင် ဆိုင်ကယ်များပါဝင်နေသည်။ ထိုင်းမြောက်ပိုင်းရှိလမ်ပန်ခရိုင်တွင် …

မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကျင့်သုံးရန် တာချီလိတ်ခရိုင်တရားရုံးအဆင်သင့်ဖြစ်နေ

တာချီလိတ်ခရိုင်တွင် ဇန်နဝါရီ ၁ရက်မှ စတင်မည်ဖြစ် တာချီလိတ်၊ ဒီဇင်ဘာ ၂၉ မှုခင်းများကို တရားစစ်ဆေးရာတွင် ပိုမိုထိရောက်ပြီး ပွင့်လင်းမြင်သာမှုရှိသည့် နိုင်ငံတစ်ဝှမ်းမှုခင်း စီမံခန့်ခွဲမှု အစီအစဉ်ကို စတင်ကျင့်သုံးရန်အတွက် တာချီလိတ်ခရိုင် တရားရုံးအနေဖြင့် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း တာချီလိတ်ခရိုင်တရားသူကြီး ဦးအောင်မော်က ပြောသည်။ နိုင်ငံတစ်ဝှမ်းမှုခင်း စီမံခန့်ခွဲမှု အစီအစဉ် – National Case Management Program – NCMP နှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၉ရက် နေ့လည်ပိုင်းက တာချီလိတ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီးနောက် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ တာချီလိတ်ခရိုင်တရားရုံးအနေဖြင့် နိုင်ငံတစ်ဝှမ်းမှုခင်း စီမံခန့်ခွဲမှု အစီအစဉ်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ရက်မှ စတင်ကာ ကျင့်သုံးသွားမည် ဖြစ်ပြီး အဆိုပါအစီအစဉ်ကို …

‘ဝ’ အထူး-၂ နယ်မြေထဲတွင် စိတ်ကြွဆေးပြား ဆာလာအိတ် (၁၃)အိတ် ဖမ်းမိ

တာချီလိတ်၊ ဒီဇင်ဘာ ၂၉ ဆာလာအိတ် (၁၃)အိတ်ဖြင့် ထုတ်ပိုးထားသည့် စိတ်ကြွဆေးပြား (၁၃)သိန်းကို ‘ဝ’ အထူးဒေသ-၂ နယ်မြေဖြစ်သည့် မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်းကျေးရွာတွင် ဒီဇင်ဘာလ ၂၈ရက် နေ့လည်ပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။ ဒီဇင်ဘာလ ၂၈ရက် နေ့လည် ၂နာရီခွဲအချိန်က မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် အထူးဒေသ(၂)မှ တာဝန်ရှိသူတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့များသည် သတင်းအရ မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်းကျေးရွာအုပ်စု၊ နားယောင်းကျေးရွာရှိ ယောင်းခဈေးရှိ ဆိုင်ခန်းတစ်ခန်းကို ဝင်ရောက်ရှာဖွေရာ ဆိုင်ခန်းငှားရမ်းနေထိုင်သူ ကျော့ချိုင်းကို တွေ့ရှိရခြင်း မရှိဘဲ ဆာလာအိတ် (၁၃)အိတ်ဖြင့် ထုတ်ထားသည့် စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့က ကျွန်တော်တို့နယ်မြေထဲမှာ သတင်းရတယ်ဆိုရင် ပူးပေါင်း ဖမ်းဆီးဖို့ အဆင်သင့်ပါပဲ” ဟု ‘ဝ’ တောင်ပိုင်း ဆက်ဆံရေးတာဝန်ခံ …

ထိုင်းကိုအခြေစိုက်စခန်းအဖြစ်အသုံးပြုနေသောတရုတ်ဟက်ကာများကိုဖမ်းဆီး

ဘန်ကောက်၊ ဒီဇင်ဘာ ၂၉ ထိုင်းစီးပွားရေးဆိုင်ရာ မှုခင်းတိုက်ဖျက်ရေးဌာန၏ ညွှန်ကြားချက်အရ ဘန်ကောက်မြို့၊ ရတ်ချာဒါတွင်ရှိသောဟိုတယ်တစ်ခုတွင် တရုတ်လူငယ်တစ်စု တစ်နေကုန်အခန်းထဲတွင်ရှိနေသည်ဟူသော သတင်းအရ ထိုင်းရဲများဝင်ရောက်စီးနင်းခဲ့ရာ အသက် ၂၃ နှစ်နှင့် ၂၅ နှစ်ကြား တရုတ်လူမျိုး ၃ ယောက်ကို ဖမ်းမိခဲ့သည်။ ထိုလူငယ်များက ဟိုတယ်မှအစားအစာများကိုသာမှာစားပြီး အခန်ရှင်းဝန်ဆောင်မှုပေးမည် ဆိုသောအခါတွင်လည်း အခန်းတွင်းအဝင်မခံသည့်နောက်ပိုင်းတွင် သတင်းရခဲ့ခြင်းဖြစ်သည်။ လူငယ် ၃ ဦးနှင့်အတူ တရုတ်အမှတ်တံဆိပ်ဖုန်း ၁၁၆ လုံး၊ အားသွင်းကြိုးအချောင်း ၉၀၊ ဆင်းကတ် ၁၁၉ ကတ်နှင့် လက်ပ်တော့တစ်လုံးကိုလည်း သိမ်းဆည်းရမိသည်။ လူသိများသော လူမှုကွန်ရက်ဝက်ဆိုက်တစ်ခုကို ထိုးဖောက်ဝင်ရောက်ရန် ထိုလူငယ်များက ထိုင်းနိုင်ငံကို အခြေစိုက်စခန်းအနေနှင့် အသုံးပြုနေကြသည်ဟု စုံထောက်များကပြောသည်။ မှောင်ခိုဈေးကွက်တွင် အတည်မပြုနိုင်သော Wechat အကောင့်များဖွင့်ရန် ဆင်းကတ်အများအပြားဝယ်ယူပြီး တရုတ်နိုင်ငံမှ ဖုန်းများတွင်ထည့်သွင်းပြီး …

မိန်းမဖြစ်သူအိမ်ပေါ်မှဆင်းသွားသည့်အတွက် အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံး

တာချီလိတ်၊ ဒီဇင်ဘာ ၂၉ လင်မယားစကားများ ရန်ဖြစ်ပြီး မိန်းမဖြစ်သူ အိမ်ပေါ်မှ ဆင်းသွားသည့်အတွက် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာအုပ်စုတွင် နေထိုင်သည့် အမျိုးသားတစ်ဦး ဒီဇင်ဘာလ ၂၈ရက်က ဆွဲကြိုးချသေဆုံးသွားကြောင်း တာချီလိတ်မြို့မ ရဲခစန်းမှ သိရသည်။ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ယာအဲ့ရွာတွင် နေထိုင်သည့် ခရမ်းချဉ်စိုက်ခင်းအလုပ်သမား တစ်ဦးဖြစ်သူ ပေါ်ကျန်တိသည် ဒီဇင်ဘာလ ၂၇ရက်က အိမ်ပြန်မလာသဖြင့် ဒီဇင်ဘာလ ၂၈ရက်တွင် လိုက်လံ ရှာဖွေကြရာ အမြင့် (၁၈)ပေခန့်ရှိသည့် ဇီးဖြူပင်ကိုင်းမှ ဆွဲကြိုးချကာ သေဆုံးလျှက်ရှိသည်ကို တွေ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။ “ပတ်ဝန်းကျင်ကို မေးတော့ သူ့မိန်းမက ပြီးခဲ့တဲ့ရက်ပိုင်းက စကားများပြီး အိမ်ပေါ်က ဆင်းသွားတယ်လို့ သိရတယ်။ အဲဒါနဲ့ စိတ်ညစ်ပြီး ဆွဲကြိုးချသတ်သေတယ်လို့ ယူဆရတယ်” ဟု တာချီလိတ်မြို့မရဲစခန်းမှ …

Design a site like this with WordPress.com
Get started